" အကန်.အသတ် မရှိ "

|


ဆံနွယ်စတွေ လေမှာဝဲတော.
ရေထဲ က လရိပ်တောင်
ရနံ. တွေ ကြွယ်လာတယ် ...
ကဗျာ စာဆို တိုင်း
" ဒဿဂီရိ " မထင်ပါနဲ. ...
ဒီလိုဆိုရင်ဖြင်.
ငါဟာ ... " အရိန္ဒမာ "
ငါ. ကဗျာရဲ. အသည်းကိုတော.
ငါ ခွဲပရစေ ...
ဖြစ်နိုင်ရင်
ဘယ်သူ မှ မတားပါနဲ.
တကယ်လို. ...
ပစ်မှတ်နဲ. သိပ်ဝေးနေရင်တော.
ငါ.ကို
" မဏိစန္ဒာ " မချစ်လို.ပေါ. .....။.....။


" ကံတော်ကုန် နှလုံးသား "

|

" ဘုံကြိုးပြတ်တဲ. ဒေ၀ီနတ်မျိုး " ဆိုပေမဲ.
နှလုံးသား ကံတော်ကုန်ဖို.
ဒီလေးညှို.ကို ငါအသက်သွင်းခဲ.တာမဟုတ်ဘူး ...
တိမ်တွေပြိုတဲ. ညနေမှာ
" မဲဇာတောင်ခြေ "လွမ်းချင်းက
ဘုံခုနစ်ဆင်. ပြိုကျလောက်တယ် ...
မမေးပါနဲ.
တရားခံ ဘယ်လူလည်းလို.
ငါ.နက္ခတ် ငါကြည်.ရအောင်
မှော်ဆရာ ရဲ. ကျောင်းစာအုပ်မှာ
ဆံချည် တစ်မျှင်
ကြိုးလျှော. နေတာ
ကြာခဲ.ပါပြီ .....။.....။

" ၁၇ နှစ်ရဲ. ရေသောက်မြစ် " ( ညီငယ် သက်အောင်မွေးနေ.အမှတ်တရ )

|

" လေရူးနှင်.အတူ "
တရှိုက်မတ်မတ်
အလင်းတန်း ကိုရှာရင်း
သင်ပုန်းကြီး ကို
OxYgEn နှင်.
တွဲ၍သောက်သုံးနေသူ ...

" တာရာမင်းဝေ "
အငွေ.အသက်တွေ နဲ.
ကာရန်မဲ. မြို.ပြယဉ်ကျေးမှုမှာ
ရှင်သန် ရင်း
ဝိဥာဉ်မဲ. ကလောင်တစ်ချောင်းကို
အသက်သွင်းနေသူ ...

သစ်ရွက် လှုပ်ပေမဲ.
ရင်မခုန်တဲ.
ဒီ ၁၇ နှစ်သား
" ကလောင် တိုက်ပွဲ "
မင်သားက
ကမ္ဘာမကျော်သေးသော်လည်း
" အဂ္ဂါဆီ " ထက်ရိုက်ချက်ပြင်းသူ ...

ရင်ဘတ်တူ
" သူရဲနီ " ထဲက
အညတရ ကြယ်စင် ...
GrEaT wAlL ကို
အကြောင်းပြုလို.
ဦမကျိုးဘဲ ...
" ၀ီလျံအာသာဝဒ် " ကို
ဗဟိုပြုလို.
စံချိန်တွေ ရိုက်ချိုးနိုင်ပါစေ .....။....။

ညီလေး သက်အောင် ရေမွေးနေ.မှာ ပျော်ရွှင်ပါစေဗျာ ... မနက်အိပ်ရာထလို.
ကွန်ပြူတာဖွင်.တယ်ဆိုရင်ဘဲ ညီလေးက မွေးနေ.အတွက် ကဗျာရေးပေးပါ
တောင်းဆိုလို. မျက်နှာမသစ်ဘဲ ရေးပေးလိုက်ပါတယ် :P ... ကျေနပ်မယ်ထင်
ပါတယ်ညီရေ .... ပျော်ရွှင်သောမွေးနေ.လည်း ဖြစ်ပါစေဗျာ ....

" မှော်ဆရာ ရဲ. ချစ်ပုံပြင် "

|


မှော်ရုံတော
ဝင်္ကပါလမ်းကို
ခြေဆန်. ရင်း
" အနောက်ဘက်သို.
ခရီးသွားခြင်း " ကို
ဖတ်နေမိတယ် ...

" လေထန်ကုန်း " ရဲ.
ငြိမ်သက်မှု ကိုကြည်.ရင်း
" ThE eRrOw & tHe SoNg ကို
သတိရမိသွားတယ် ...

အချစ်ကို စားတဲ.
အချစ်က အကြွင်းမရှိတဲ.
ဒီတိုင်းဆို ငါ.နှလုံးသားလေးတော.
ရုပ်ကြွင်းသစ် ဖြစ်တော.မယ်ထင်ပါရဲ. ...

အတွေးတွေက
ပြတ်ရွှေ.တွေလို
ဟိုတစ်စ ဒီတစ်စ ...

မိုးပြိုမှသာ
ပြိုရော ...

ခပ်သည်းသည်းရွာနေတဲ.
မိုး နောက်မှာ
လေကတော. ဖြူးပါရဲ.
နေပူတာတော.
ကဗျာမဆန်ဘူးဗျာ .....။.....။

" အမိ ဟုဆိုသောမိန်းကလေး "

|

" အမိ "

သက်တန်. လေလား ...
ကြယ်စင် လေလား ...

တိမ်စိုင် လေလား ...
လေပြေ လေလား ...

ရေစက်ရဲ. ဆုံမှတ်ကို
ရှာဖွေရင်း မှားယွင်းခြင်း
Formula ကြောင်.
Theory သစ်ကို
စတင် တွေ.ရှိသွားသူ ...

တိတ်ဆိတ်ခြင်း
မျက်ဝန်း တစ်စုံနဲ.
အရောင်မဲ.
ခပ်ပါးပါး သော.တစ်စုံက
" ချစ်သူ " ဖွင်.မှ
ပွင်.မည်ဟု ဆိုသူ ...

ရည်ရွယ်ရာ အိမ်မက်များကို
လျှောက်လှမ်းရင်း အနာဂါတ်ရဲ.
ကောင်းကင် ယံမှာ
ငွေကြယ် ပွင်.တွေကို
သက်သေ တည်စေမည်.သူ ...

လေတံခွန် နောက်က
ကြိုးမဲ.စွန် တစ်ကောင်လို
အားမာန် အပြည်.နဲ.
" အမိ " ရင်ခွင်ရဲ.
ကြယ်တွေစုံ တဲ.ညဆီမှာ
တွယ်ရာမဲ. ဟင်းလင်းပြင်ကို
ဆုပ်ကိုင်ရင်း
မနက်ဖြန် များစွာကို
ကယ်တင် နိုင်ပါစေ .....။.....။

" အချစ်ပင် "

|



တန်ဖိုး ဖြတ်လို. မရဘူး
ဝယ်ယူခဲ.တာ မဟုတ်လို. .....
ကျေးဇူးတင်စရာ မလိုဘူး
တောင်းယူ ခဲ.တာမဟုတ်လို. ....
ရင်ကိုမြေကြီး
နှလုံးသား ကိုမြေသြဇာ
နှလုံးသွေး ကိုငါကိုယ်တိုင်လောင်းလို.
ဒီအချစ် ပင်ကို
ငါ ကိုယ်တိုင် စိုက်ခဲ. တာပါ ....

" ပို.စ်မော်ဒန် "

|


" မော်ဒန် " ကို
ပျော.တယ် ဆိုလို.
တစ်ခွက်လောက်
မြည်.ကြည်. ခိုင်းတာ ...
အရှေ. ရိုးမက လာလို.
အနောက်ဘက်
တောင်တန်း မှာတောင်
အစွယ်တွေ ကျိုးသွားခဲ.ပြီ ...

" ငါမရေးတတ်ဘူးတဲ. "

တစ်နေ ကုန်အောင်
စပ်နေလိုက် တာများ

" ဗလာကဗျာ " တစ်ပုဒ်
ပဲ ရခဲ.တယ် ...

ဒါတောင်...
မင်းခံစား တတ်မှပါ.....။.....။

" ကြင်ယာဖက် " (သို.) " လူပျိုသိုး "

|



ရုပ်ရည် ကလား?
ချောဖို. မလိုပါဘူး
ချစ် လို. လှ တာမဟုတ်
" လှ " လို. " ချစ် " တာမလား ...

စိတ်ကလေး တော.
လှစေချင် တယ်ဗျာ ...

ဖြစ်နိုင်မယ်ဆို
အရပ်ကလေး တော.
ရှည်ပေး ပါ...

အသားလေးပါ ဖြူရင်တော.
ငါ ပိုရောင်.ရဲ နိုင်တာပေါ. ...

အချိုးအစား တွေတော.
ငါ စိတ်မ၀င်စားဘူး
" J Lo " လောက်ဆိုရင်ဘဲ
ဖြေသိမ်. လိုက်ပါမယ် ...

ငွေရေး ကြေးရေး
မလိုပါ ဘူး
" no money
no honey " တဲ. ...

Education ကရော
ခုခေတ်က
IT ခေတ်ဗျ ...

ကျွန်တော် ထင်တယ်လေ
အလိုသာ ရွေးနေလို.ကတော.
" David Beckham " တောင်
လူပျိုကြီး ဖြစ်လောက်တယ်လို. ...

" နှုတ်ဆက် ထွက်ခွာသူ "

|


မဟူရာညရဲ.
တိတ်တဆိတ် မျက်ဝန်းမှာ
မိုးရိပ်မိုးသား တွေကဝေ.၀ဲလို.
နာကျင်ခြင်း မိုးစက်တွေကို
အဖော်ပြုရင်း ခုဆို ...
အရုဏ်တောင် ကျင်းခဲ.ပြီ ...

တိုက်ပွဲ ခေါ်သံကြားမှာ
တုန်ရီရီ ခြေလှမ်းတွေက
သေမင်း ရှုံးတဲ.
လောင်းကစားလား ...

ကြယ်တွေလည်း
" ကြွေ " ရတာများတော.
ကောင်းကင်တောင်
ငိုတတ်နေပြီ ...

" ဖြတ် ၊ ညှပ် ၊ ဆက် "
ရင်ခုန်သံ ကမ္ဘာမှာ
တိမ်စိုင်ဖြူ တွေစီးရင်း
ငွေ.ရည်တွေ ဖွဲ.သီပြီး
" မိုး " အဖြစ်ရွာချလိုက်တာ
နွေခေါင်ခေါင် မှာ
" အလွမ်း " ကိုသည်းရော ....။.....။

" ၁၉ ဇူလိုင်မှ ၉ အာဇာနည် သို. "

|



ဘယ်သူပြောလဲ ???
" မြန်မာ. သမိုင်း " မှာ
သူတို. ( ၁၉ ဇူလိုင် )
မပါဘူးလို. .....

ဒီမှာ...
" ၆၂ " နှစ်တိုင်ခဲ.တာတောင်
အာဇာနည် ပုံရိပ်တွေက
ခုချိန်ထိ ...
မနေ.က လို
ကြည်.ကောင်း နေဆဲပါ.....။.....။

" ကာရန်မဲ. ရင်ခွင် "

|


ပါးစပ်မရှိတဲ.နှလုံးသားက
သူပြောချင်တာကို
မျက်လုံးတွေနဲ. ပြောခဲ.တယ်...

စကားလုံးမရှိတဲ. ကောင်းကင်က
သူပြောချင်တာကို
မိုးစက်တွေနဲ. ပြောခဲ.တယ်...

ကာရန်မရှိတဲ.ကဗျာတွေက
သူပြောချင်တာကို
Hip Hop ဂီတအဖြစ်နဲ. ပြောခဲ.တယ်...

နားလည်ရခက်တဲ.သူက
သူပြောချင်တာကို
ရိုးရိုးလေးဘဲပြောခဲ.တယ်.....။.....။

" လိပ်ပြာ "

|

" နေတစ်စင်း " " လတစ်စင်း "
" ချစ်ခြင်း " " မုန်းခြင်း " ရဲ.
ပြောင်းပြန် အချိုးမကျတဲ.
ညီမျှခြင်း နောက်မှာ
ပုံသေနည်းတွေ
အဖြေ ထုတ်နေကြတယ် ...

Base ချင်းတူပေမဲ.
Power ချင်းပေါင်းမရတော.
ငါ.ပုစ္ဆာတွေ...
မိုင်းနပ်စ် ထွက်ကုန်တယ်...

ဖြေစရာ မလိုတဲ.
မေးခွန်း နောက်မှာ
" အောင် " " ရှုံး " တွေ
" ဘုတ် " ထိုင်နေကြတယ် ...

" သိက္ခာ " တွေ
" လိပ်ပြာ " တွေထက်
အတိတ်မှာ...
အိပ်နေရမှာ
ငါပို ကြောက်တယ်.....။.....။

" ကမ္ဘာ ပျက်တဲ.နေ. "

|

ချစ်သူမဟုတ်တဲ. လူနှစ်ယောက်
" ချစ်သူများနေ." မှာ.....
အတူတကွရှိနေခဲ.တယ်
"ပန်းပျိုးသူတို. အလင်္ကာ" ကို
စာဖွဲ.ခဲ.တာ
ဘယ်သူလဲတော. မသိဘူး...

ဒီနေ.ငါ.ကောင်းကင်ကို
တိမ်တစုံက ၀င်တိုက်သွားတယ်
ငါစိုက်ကြည်.နေတုံး ...
နှင်းဆီဖူး အရောင်ဖျော.ဖျော.တစ်ငုံက
ငါ.ရင်ဝကိုလာစိုက်သွားတယ်...

ကြယ်ကြွေတွေကိုရေတွက်ရင်းနဲ.
ငါတကိုယ်တည်းညည်းလိုက်မိတယ်
သြော်.....
ကမ္ဘာပျက်တယ်ဆိုတာ ဒါကိုး ...။...။

" တိမ်တွေ ပြိုတဲ.ညနေ "

|


လေးညှို့  ကပြင်းပြင်း
စောင်းကြိုးက နုနု
ရင်ခွင်ရိုင်း ကိုအားပြုလို့ 
အသက်မဲ့ ပန်းချီတစ်ချပ် .....

ဆေးစက် ကျရာ
စုတ်ချက် လှတွေနဲ.
အလွမ်းမြို.တော် က
ဝေဒနာ ခရီးသည် .....

ဒဏ္ဍရီ မြို.တံခါးအ၀င်က
ချိုလွင်လွင် ဆည်းလဲသံက
ဂန္တ၀င်မြောက် အပြန်လမ်းကို
ကြိုနေသယောင် .....

ဆည်းဆာသံစဉ်ရဲ.
စောင်းကြိုး ရှိုက်သံက
ဒီကမ္ဘာ ပေါ်က...
ပေါက်ပန်း တွေကို
ရနံ. ပြယ်ကုန်စေတာလား .....

နေညို လမ်းရဲ.
မှုန်ပြပြ အဝေးကို
ငေးကြည်.နေ မိတဲ. " ငါ "
လွမ်းချင်း တစ်ပုဒ်ကို
နှလုံးသားနဲ. ခြယ်မှုန်းနေတုန်း .....

ဒီလိုအချိန် ...
တိမ်တွေ ပြိုကျတောင်
ငါ. ညနေကတော.
ကဗျာဆန် နေအုံးမှာပါ.....။.....။

" ပြိဿ "

|

" ဗီးနပ်(စ်) "...
အချစ် နတ်သမီး
အလှ ဘုရင်မ

ညှို.သော " အကြည်. "
လှသော " အပြုံး " နဲ.
ကဗျာ ရှုံးလောက်တဲ.
ရင်ခွင် နန်းတော်က
မင်းသမီး တစ်ပါး ...

စိုးမိုးခြင်း...
Earth ရဲ.
နှလုံးသား ပေါင်း
သန်း ၆၀၀၀ ကို
သိမ်းပိုက်သူ...

ကြင်နာခြင်း
မျက်ဝန်း တစ်စုံကို
ဗဟိုပြု လျက်
အမြင်.ဆုံး ရစ်တာစကေးနှင်.
ကမ္ဘာ. ဆွဲအားကို
စတင်တွေ. ရှိသူ...

အချစ် + အချစ်
ညီမျှခြင်း နောက်
၁၅၀၀ မေတ္တာ များရဲ.
ပဲ. ကိုင်ရှင် ...
နောက်ဆက်တွဲ
အလွမ်း အဆွေး
သီအိုရီ များကို
Thesis ရေးသားခဲ.သူ...

ပိုင်စိုးခြင်း ဗီးနပ်(စ်) ရဲ.
ရင်ခုန်ခြင်း ရာသီခွင်မှာ
စန်းပွင်. တဲ. TAURUS တွေကြောင်.
ဘုရင်မ ဖြစ်မဲ.သူတောင်
မိဖုရား ဖြစ်သွားရတယ်.....။.....။