" ၁၉ ဇူလိုင်မှ ၉ အာဇာနည် သို. "

|



ဘယ်သူပြောလဲ ???
" မြန်မာ. သမိုင်း " မှာ
သူတို. ( ၁၉ ဇူလိုင် )
မပါဘူးလို. .....

ဒီမှာ...
" ၆၂ " နှစ်တိုင်ခဲ.တာတောင်
အာဇာနည် ပုံရိပ်တွေက
ခုချိန်ထိ ...
မနေ.က လို
ကြည်.ကောင်း နေဆဲပါ.....။.....။

20 comments:

Anonymous said...

ဟုတ်ပါ့နော်
ဘယ်သူပြေားလို့ တုန်း
မြန်မာ့သမိုင်းမှာသူတို့ မပါဘူးလို့ 
ငရွှေတို့ ပြေားတာလေမသိဖူးလား
း)

yaewoori said...

တပ်မတော်ရဲ့ဖခင်
အာဇာနည်ဝင် ဆိုတာ

ထာဝဇဉ် တည်မြဲ တဲ့
ရာဇဝင် ပါ

စာမတတ်တဲ့ အာဏာရှင်တွေက
ရာဇဝင် ကိုဖျက်ချင်တာများ
ပြည်သူချစ်တဲ့ တပ်မတော်သားတွေ က
ထိုင်ကြည့်နေလားဗျာ

ရေတမာ said...

မေ့အောင်လုပ်ထားတာတော့ ကြည့်မကောင်းဘူးဗျာ

WWKM said...

အာဇာနည်နေ့ တို့မမေ့ ..

မချစ်ရ said...

ကဗျားလေးကလည်းစပ်တတ်ပါ့
အာဇာနည်နေ့ တို့မမေ့ပါ

သူကြီးမင်း (တုံးဖလား) said...

ညီရေ...
ကဗျာလေးက ထိတယ် မိတယ်။ အသိကြွယ်ပါပေ့။

ဟုတ်တယ်။ ပုံရိပ်တွေက ကြည့်ကောင်းနေဆဲပါ။

desertraindrops said...

ဗိုလ်ချုပ်နဲ့တကွ အာဇာနည်များကို လာရောက်အလေးပြုတယ်။

မိုးစက်အိမ်ရေ ကဗျာလေးက တိုတိုလေးပေမဲ့ ထိမိတယ်။

အာဇာနည်ပုံရိပ်တွေက ခုချိန်ထိ မနေ့ကလို ကြည့်ကောင်းနေဆဲ ဆိုပါလား။ သိပ်မှန်တယ်။ တအားသဘောကျသွားတယ်။

ကျောပိုးအိတ် said...

ကဗျာလေးက ကောင်းလိုက်တာနော်။

၆၂နှစ်တောင် တိုင်ခဲ့ပြီနော်။
ခုထိအားလုံးရင်ထဲမှာ ရှင်သန်နေတုန်းဘဲ။

အာဇာနည်နေ့ ကို ရိုသေစွာ အလေးပြုခဲ့ပါတယ် ကိုမိုးစက်
း)

နဒီမိုးညို said...

ကဗျာလေး..ကောင်းလိုက်တာ..
ဗိုလ်ကျွတ်တွေပဲ...၁၉ ဇူလိုင်ကိုမေ့ချင်မေ့မှာ..
ပြည်သူတွေကတော့.ဘယ်တော့မှ..မမေ့ပါဖူး..

မေဓာဝီ said...

တိုတိုလေးနဲ့ ကောင်းတဲ့ ကဗျာလေးပါ။
မြန်မာ့သမိုင်းမှာ ဖျောက်လို့ မရတဲ့ အာဇာနည်များကို အလေးအမြတ်ပြုလိုက်ပါတယ်။

လင်းကြယ်ဖြူ said...

ဟုတ်ပါတယ်ခင်ဗျာ..
မမေ့အပ်ပါဘူးခင်ဗျာ..

ဆောင်းယွန်းလ said...

ဘယ်သူပြောလဲ ???
" မြန်မာ. သမိုင်း " မှာ
သူတို. ( ၁၉ ဇူလိုင် )
မပါဘူးလို. .....
လက်တဆုပ်စာလူတစုပဲပြောတာပါညီလေးရာ

မေသစ္စာမောင် said...

ဗိုလ်ချုပ်နဲ့တကွ အာဇာနည်များကို ရိုသေစွာ
လာရောက်အလေးပြုပါတယ်။

မောင်လေးရေ ကဗျာလေးက တိုတိုလေးဆိုပေမယ့် ဖတ်လို့ကောင်းတယ်။
တိုတိုလေးနဲ့ထိရောက်မှုရှိတဲ့ ကဗျာကောင်းလေးပါ :)

Yaewoori ရေးပေးခဲ့တဲ့ commentလေးထဲကလိုပါပဲ
"တပ်မတော်ရဲ့ဖခင်
အာဇာနည်ဝင် ဆိုတာ
ထာဝဇဉ် တည်မြဲ တဲ့
ရာဇဝင် ပါ"

အာဇာနည်မျိုးဆက်သစ်တွေ ဆက်လက်ပေါ်ပေါက်လာပါစေလို့လည်း အာဇာနည်နေ့မှာ ဆုတောင်းလိုက်ပါတယ်။

rose of sharon said...

မာန်ပါတဲ့ကဗျာလေးကိုနှစ်သက်စွာဖတ်ရင်း အာဇာနည်ကြီးများကို ထပ်မံအလေးပြုမိပါတယ်

ဇော် said...

သြော်
ကိုစက်တောင် ကဗျာနဲ့ ဂုဏ်ပြုသကိုး။
ကျနော်ကတော့ သူများဂုဏ်ပြုတာကိုပဲ လိုက်ခံစားလိုက်ရတော့တယ်။ အချိန်မမှီတော့လို့လေ။ =)

Beauty Studio USA Branded Store said...

မေ့လွယ်ပြောက်လွယ်သော
အဖြစ်အပျက်တွေမှမဟုတ်သော...............အာဇာနည်တို့၏နေ့ကို
ညီကဒီလိုဖွဲ့တော့
အင်း ပိုပိုပြီးလေးစားနေမိပြီ။။

PhotoVigor said...

Since 1947 July 19, rediscovery of Democracy is always ongoing....Burma is beautiful & Burmese are cheerful..

PhotoVigor said...

Since 1947 July 19, rediscovery of Democracy is always ongoing....Burma is beautiful & Burmese are cheerful..

မောင်မောင် said...

အာဇာနည်ကြီးများကိုလာရောက်အလေးပြုပြီးတော့ ကဗျာလေး ကို ခံစားသွားပါတယ်။
အမှန်တရား ဆိုတာ
ဖုံးကွယ်ထားလို့ မရပါ။
ပြည်သူတွေ ရင်ထဲ မှာ မမြဲရှိနေမယ့်
၁၉ ဇူလိုင်ပါ။

မိုးခါး said...

ဟုတ်တယ်
အာဇာနည်တွေရဲ့ ပုံရိပ်တွေက အမြဲ ကြည့်ကောင်းနေမှာ