" ပို.စ်မော်ဒန် "

|


" မော်ဒန် " ကို
ပျော.တယ် ဆိုလို.
တစ်ခွက်လောက်
မြည်.ကြည်. ခိုင်းတာ ...
အရှေ. ရိုးမက လာလို.
အနောက်ဘက်
တောင်တန်း မှာတောင်
အစွယ်တွေ ကျိုးသွားခဲ.ပြီ ...

" ငါမရေးတတ်ဘူးတဲ. "

တစ်နေ ကုန်အောင်
စပ်နေလိုက် တာများ

" ဗလာကဗျာ " တစ်ပုဒ်
ပဲ ရခဲ.တယ် ...

ဒါတောင်...
မင်းခံစား တတ်မှပါ.....။.....။

18 comments:

desertraindrops said...

ပိုစ့်မော်ဒန်ဆိုတဲ့ ကဗျာတွေ နားမလည်သလို ရေးလဲ မရေးတတ်ဘူး။

Beauty Studio USA Branded Store said...

ညီရေ ဘယ်သူတွေ ဘယ်လိုပဲခံစားကြ ခံစားကြ "ကဗျာဆိုတာတော့ ဖန်ဆင်းသူတွေအတွက်တော့ ဝဠ်နာကံနာ"ပါလို့ ပိုစ်မော်ဒန်ကဗျာတွေရဲ့ အသက်သွင်းသူ ဆရာချောနွယ်က ဆိုဖူးတယ်လေ။ဒီအဆိုလေတော့ အရမ်းနှစ်ချိုက်မိလေရဲ့။ ပျော့တယ်လိုပြောရင် ဟင်းကောင်းစားပြီး ဟင်းမချက်တတ်တဲ့လူဖြစ်မှာပေါ့။
အကိုကတော့ ပျော့ပျော့မာမာ မော်ဒန်ကဗျာတွေ အားလုံးအတွက်တော့ ကိုယ်နားလည်သလို ဆားခပ်စားတယ်။

ကျောပိုးအိတ် said...

ဘာပြောရမှန်းတောင် မသိတော့ဘူး
း)

Beauty Studio USA Branded Store said...

ကျေးဇူးအထူးပါ ညီ။စီဘောက်မှာတောင် မရေးချင်လို့ ဒီနေရာမှာ လာပြီး မှတ်တမ်းလေးရေးထားတာပါ။
မှန်အရောင်တွေလို ညီရဲ့ စေတနာကွန်မာန့်လေးတွေ ထင်ဟပ်ပါစေ။
သေသေချာချာဖတ်ပေးခဲ့တဲ့ အတွက်လည်း လေးစားပါတယ်။

တလနွန် said...

ကဗျာဆိုတာ ခံစားတတ်မှပါ။ ပိုစ့်မောဒန် ကဗျာကို ရေးမတတ်ဘူး။ ဒါပေမဲ့ စကားလှလှနှင့် အတွေးဆန်းဆန်း ထပ်တူကျထားတာတွေကိုတော့ သဘောကျတယ်။

ခင်မင်ခြင်းနှင့်
တလနွန်

ဇော် said...

အယ်
အဲ့ဒီ ဗလာကဗျာတစ်ပုဒ်ကလဲ ကိုစက်ကလောင်ထက်ရောက်သွားရင် ရောင်းတန်းဝင် ကဗျာအကောင်းစားဖြစ်သွားတာပဲမို့လား။ သိနေတယ်လေ အချင်းချင်းကို။ ဟဲဟဲ။

ဂျာမုန်းဒန် said...

ကောင်းတဲ့ကဗျားတစ်ပုဒ်ပါ။
လာခံစားသွားတယ်
ခင်တဲ့
ဂျာမုန်း

နဒီမိုးညို said...

ကဗျာ..ဆို..ဘာပဲ..ဖြစ်ဖြစ်..အကုန်ကြိုက်တယ်..
စာက..ရေးချင်သလိုရေးလို့ ရတယ်..
ကဗျာကတော့..ခံစားမှ..ရေးလို့ ရတယ်
(နဒီ.နဲ့ မိုးညို.၇ဲ့ အမြင်ကိုပြောတာပါ)

သူကြီးမင်း (တုံးဖလား) said...

ညီရေ..
မြည်းကြည့်ခိုင်းပြီးမှတော့ ရေမကူးတတ်လဲ ချန်မထားခဲ့နဲ့နော။ သူ့မှာ အစွယ်မရှိရှာတော့ဘူးလေ။

ဗလာကဗျာတစ်ပုဒ်ပေမဲ့ သူခံစားတတ်မှာ သေချာပါတယ်။

ဆောင်းယွန်းလ said...

ဗလာကဗျာထဲမှာ ပို့စ်မော်ဒန်ပါသလို
ပို့စ်မော်ဒန်ကဗျာထဲမှာ ဗလာတွေပါတယ်ပေါ့ညီလေးရာ

ဆောင်းယွန်းလ said...

ဗလာကဗျာထဲမှာ ပို့စ်မော်ဒန်ပါသလို
ပို့စ်မော်ဒန်ကဗျာထဲမှာ ဗလာတွေပါတယ်ပေါ့ညီလေးရာ

စည်သူ said...

ဟုတ်ပါ့ကိုမိုးစက်ရေ
ရေးဖို့မလွယ်တာကို လွယ်လွယ်လေးလို
ရေးသွားတာ ကောင်းတယ်ဗျာ..

မော်ဒန်ကဗျာ ကိုတော့မရေးတတ်ဘူး
အဲဒါဆို.. တခြားကဗျာတွေရော ရေးတတ်လားမမေးနဲ့

ဟီးဟီး... ရဘူး

ခင်မင်စွာဖြင့်
စည်သူ။

rose of sharon said...

သိပ်နားမလည်ဘူး... ငယ်ငယ်တုန်းက ၄၃၂ တို့ဘာတို့
ဘဲလေ့လာခဲ့ဘူးတာ... ခံစားချက်ကိုချရေးဘို့ ကာရန်ရှာရတာ တခါတခါရှိရင်းစွဲခံစားချက်တွေ လျှော့သွားသလိုဘဲ...

မယ့်ကိုး said...

အစ်မတော့ ရင်တွင်းဖြစ်ကဗျာလေးတွေလည်း ကြိုက်တာပဲ။ ဘာပဲဖြစ်ဖြစ်ရိုးဖြောင့်ဖို့  အရေးကြီးတယ် ထင်တယ်။

အမြဲအားပေးနေတဲ့...

လင်းကြယ်ဖြူ said...

တစ်နေ ကုန်အောင်
စပ်နေလိုက် တာများ
" ဗလာကဗျာ " တစ်ပုဒ်
ပဲ ရခဲ.တယ် ...အခု အဲ့သလိုကိုဖြစ်နေတာဗျိုး...

ပို့စ်မော်ဒန် ကဗျာ...လေးကောင်းတယ်..

Beauty Studio USA Branded Store said...

သိဟ်ရာသီဖွား

သိဟ်ဆိုတဲ့ စကားကို ကြိုက်တယ်။
ရဲရင့်တယ်
ပြတ်သားတယ်
အားမာန်အပြည့်နဲ့ ထည်ဝါခမ်းနားတယ်
သီဟရာဇာပေမယ့်
မြင့်မြတ်တဲ့ နှလုံးသားတွေနဲ့ရစ်သိုင်း
သံယောဇဉ် အပြည့်အရှန်နဲ့
နှလုံးသားရှုထောင့် တနေရာကနေ
ဦးဆောင်ချီတက်နေတယ်လေ

ပေးဆပ်ခွင့်လွှတ်ခြင်း
တည်ငြိမ်လေးနက်သော
နှလုံးသားပိုင်ရှင်ပေမယ့်
ခေါင်းမာတတ်တဲ့ အကျင့်ကဆိုးသေး။

ကေသရာဇာခြင်္သေ့တွေမို့ ....
အတိုက်အခိုက်တွေက ရိုက်ပုတ်လာတယ်
အနှောင့်အယှက်တွေက အလည်လာတယ်
အခက်အခဲတွေက ခရီးဦးကြိုပြုတယ်
အန္တရာယ်အသင်္ချေတွေကြား
ကြေးစားတစ်ယောက်လို
ကြိုးဝိုင်းထဲ သတ်ပုတ်နေဆဲပါ။

ဒီလိုအကြောင်းတရားတွေ
ပြည့်နှက်နေတဲ့ "သိဟ်ရာသီဖွား"ပေါ့
သူဟာလေ အားမာန်တွေ အပြည့်နဲ့
ခရီးတွေ နှင်နေဆဲပါလေ။

မေးမသိလို့ လက်ဆောင်လေးပါ။ဒီလ ညီလေးရဲ့  "......."အတွက်ပါ။သဘောကျမယ်လို့ ထင်ပါတယ်။တိတ်တဆိတ်နဲ့ ငြိမ်သက်လှချည်လား ငါ့ညီ....။အကိုရဲ့ နောက်ထပ်မွေးနေ့ပိုစ်လေးမှာ မင်းနာမည်ထည့်ချင်တယ်။
မင်းသဘောတူမတူ သိချင်လို့ပါ။

ဧရာဝတီသား said...

မော်ဒန် ကို
ပျော့တယ် ဆိုလို့
တစ်ခွက်လောက်
မြည်းကြည့်လိုက်တာ
အဟွတ် ...အဟွတ် နဲ့ သီး
ခါးလွန်းလို့ ဖွီးကနဲ ပြန်ထွက်၊
ရင်ထဲ မှာ တလှပ်လှပ် နဲ့
အိပ်မပျော် ခြောက်ခြားစေတဲ့
ကော်ဖီခါး တစ်ခွက်ထက် ပြင်းပ။

(နောက်တာ ... အဟီး):P
ခင်မင်လျက်

မိုးခါး said...

ငါတော့ မရေးတတ်လို့ ရေးတတ်တဲ့သူတွေကို ချီးကျူးတယ် ..း)