" တိမ်တွေ ပြိုတဲ.ညနေ "

|


လေးညှို့  ကပြင်းပြင်း
စောင်းကြိုးက နုနု
ရင်ခွင်ရိုင်း ကိုအားပြုလို့ 
အသက်မဲ့ ပန်းချီတစ်ချပ် .....

ဆေးစက် ကျရာ
စုတ်ချက် လှတွေနဲ.
အလွမ်းမြို.တော် က
ဝေဒနာ ခရီးသည် .....

ဒဏ္ဍရီ မြို.တံခါးအ၀င်က
ချိုလွင်လွင် ဆည်းလဲသံက
ဂန္တ၀င်မြောက် အပြန်လမ်းကို
ကြိုနေသယောင် .....

ဆည်းဆာသံစဉ်ရဲ.
စောင်းကြိုး ရှိုက်သံက
ဒီကမ္ဘာ ပေါ်က...
ပေါက်ပန်း တွေကို
ရနံ. ပြယ်ကုန်စေတာလား .....

နေညို လမ်းရဲ.
မှုန်ပြပြ အဝေးကို
ငေးကြည်.နေ မိတဲ. " ငါ "
လွမ်းချင်း တစ်ပုဒ်ကို
နှလုံးသားနဲ. ခြယ်မှုန်းနေတုန်း .....

ဒီလိုအချိန် ...
တိမ်တွေ ပြိုကျတောင်
ငါ. ညနေကတော.
ကဗျာဆန် နေအုံးမှာပါ.....။.....။

24 comments:

Anonymous said...

1111111111111111111
း)))))))))

Anonymous said...

ဖတ်တယ်ဗျို့ 
နားမလည်ဘူးဗျို့ .........
ဘာမှန်းကိုမသိတာပါ

khin oo may said...

ဒီလိုအချိန် ...
တိမ်တွေ ပြိုကျတောင်

ကောင်းကင်ပြာ said...

ကဗျာ ပိုဆန်သွားအောင် တိမ်တွေ မပြိုပါစေနဲ့ မိုးစက်ရေ

သူကြီးမင်း (တုံးဖလား) said...

ဒဏ္ဍရီ မြို.တံခါးအ၀င်က
ချိုလွင်လွင် ဆည်းလဲသံက
ဂန္တ၀င်မြောက် အပြန်လမ်းကို
ကြိုနေသယောင် .....

ဟုတ်တယ်ညီ။ အရာအားလုံးဟာ ကဗျာဆန်စွာနဲ့ အပြန်လမ်းကို လက်ကမ်းကြိုနေသယောင်ယောင်ပါ။

နဒီမိုးညို said...

ကဗျာလေးကလဲ..လှတယ်
အိမ်လေးက..လဲ.လှတယ်.

Anonymous said...

ကဗျာလေးဖတ်သွားတယ်
း)

မြစ်ကျိုးအင်း said...

ကဗျာဆန်တဲ့ညနေ ကိုလာခံစားပါတယ်...။

ခံစားတတ်ရင် တိမ်တွေပြိုကျတောင်

ကဗျာဆန်တယ်လို့ များဆိုချင်တာလား...။

...ခင်မင်သောအားဖြင့်....

မိုးခါး said...

ဒီလိုအချိန် ...
တိမ်တွေ ပြိုကျတောင်
ငါ. ညနေကတော.
ကဗျာဆန် နေအုံးမှာပါ ..

ကဗျာဆရာပဲ အမြဲကို ကဗျာဆန်နေမယ်ထင်တယ်း)

ဆောင်းယွန်းလ said...

တိမ်တွေပြိုကျတာတောင် ကဗျာဆန်နေဦးမယ့်ညနေတဲ့လားညီရေ..
ကဗျာလေးကိုခံစားသွားပါတယ်

မေသစ္စာမောင် said...

မေ့နေပြီထင်တာ....အခုမှပဲ ရေးတော့တယ်း)
ဒီကဗျာလေးကို ကူးထားလိုက်တယ်။

"ဆေးစက် ကျရာ
စုတ်ချက် လှတွေနဲ.
အလွမ်းမြို.တော် က
ဝေဒနာ ခရီးသည် ....."

အဲဒီလို အဝေးရောက် ဝေဒနာ ရွှေခရီးသည်တွေ တော်တော်များများရှိနေလိမ့်မယ်ထင်တယ်နော်။
တစ်ခုတော့ သေချာတယ်....စင်ကာပူရဲ့ ညနေခင်းကတော့ လုံးဝကို ကဗျာမဆန်ပါဘူးကွယ်..။

မေလေး said...

ညနေလေး ပိုကဗျာဆန်သွားအောင် တိမ်တွေမပြိုကျပါစေနဲ့လို့ ဆုတောင်းပေးတယ်နော်။

တလနွန် said...

ကဗျာဆရာ ရဲ့  စာလုံးတွေက နုတုန်းလှတုန်းပါပဲ
လှပတဲ့ ကဗျာလေးတစ်ပုဒ်ပါပဲ သူငယ်ချင်း

ခင်မင်ခြင်းနှင့်
တလနွန်

တလနွန် said...

Beauty Studio USA Branded Store said...

အတော်ကောင်းတဲ့ ပို့မော်ဒန်လေးဗျာ။

သက်အောင် said...

ကဗျာလေးကကောင်းတယ်
ဘယ်လိုခံစားပြီးရေးထားတာလဲ ဟင် ကိုမိုးစက်

လင်းကြယ်ဖြူ said...

ဒီလိုအချိန် ...
တိမ်တွေ ပြိုကျတောင်
ငါ. ညနေကတော.
ကဗျာဆန် နေအုံးမှာပါ.....။.....။
ဟုတ်တယ်ဗျာ..စာသားတ္ဂေ ကောင်းလိုက်တာနော်....
အားပေးနေပါတယ်ခင်ဗျာ..
ပျော်ပါစေ ကိုယ့်ညီရေ....

ဂျစ် said...

ဒီလိုအချိန် ...
တိမ်တွေ ပြိုကျတောင်
ငါ. ညနေကတော.
ကဗျာဆန် နေအုံးမှာပါ.....။.....။

(ဒီအပိုဒ်လေးကို သဘောကျမိတယ်....သူငယ်ချင်း)
ကဗျာလေးက မိုက်တယ်...ဆက်လက်ရေးပါ
အားပေးနေပါတယ် ....။

ခင်မင်လေးစားစွာဖြင့်
ဂျစ်

အိုက်ခီလောက် said...

ဘာဖြစ်ဖြစ် တိမ်တွေ ပြိုကျကျ
ဘာဖြစ်ဖြစ် အကုန်လုံးကို ကြိုက်တယ်ဗျာ
ကိုမိုးစက်ရေ ကဗျာဆြာ ရဲ့ ကဗျာကို ကြိုက်တယ်ဗျာ
မိုးပြိုကျတောင်မကယ်နိုင်ဘူး နင့်စွန့်ပစ်သွားပြီးနောက်
ကိုအငဲသီချင်းစာသားလိုပဲ ကြိုက်နှစ်သက်မိပါတယ်

အိုက်ခီလောက် said...

ဘာဖြစ်ဖြစ် တိမ်တွေ ပြိုကျကျ
ဘာဖြစ်ဖြစ် အကုန်လုံးကို ကြိုက်တယ်ဗျာ
ကိုမိုးစက်ရေ ကဗျာဆြာ ရဲ့ ကဗျာကို ကြိုက်တယ်ဗျာ
မိုးပြိုကျတောင်မကယ်နိုင်ဘူး နင့်စွန့်ပစ်သွားပြီးနောက်
ကိုအငဲသီချင်းစာသားလိုပဲ ကြိုက်နှစ်သက်မိပါတယ်

သက်ထွန်းညိမ်း said...

ညီရေ တိမ်တွေပြိုကျမယ်ဆိုရင်
ကြိုပြောဦးနော့်း)

desertraindrops said...

လွမ်းနေပါတယ်ဆိုမှ ပိုလွမ်းအောင် လုပ်နေတယ် :)
ကောင်းတယ်ဗျို့။ ပိုပြီး စာသားတွေက နုရွလာပါလားဟ

ဇော် said...

အားပါး ကိုစက်
တိမ်တွေပြိုကျ ငါ့ညနေကတော့
ကဗျာဆန်နေဦးမှာပါ ဆိုပါလားဂျ။
လန်းတယ်ဗျာ။
ရင်ထဲမှာ စကားလုံးအသစ်တွေ ထိသွားတယ်။ အဟဲ။ =)

mgnge said...

ဂွတ်တယ်နော်..