" အမိ ဟုဆိုသောမိန်းကလေး "

|

" အမိ "

သက်တန်. လေလား ...
ကြယ်စင် လေလား ...

တိမ်စိုင် လေလား ...
လေပြေ လေလား ...

ရေစက်ရဲ. ဆုံမှတ်ကို
ရှာဖွေရင်း မှားယွင်းခြင်း
Formula ကြောင်.
Theory သစ်ကို
စတင် တွေ.ရှိသွားသူ ...

တိတ်ဆိတ်ခြင်း
မျက်ဝန်း တစ်စုံနဲ.
အရောင်မဲ.
ခပ်ပါးပါး သော.တစ်စုံက
" ချစ်သူ " ဖွင်.မှ
ပွင်.မည်ဟု ဆိုသူ ...

ရည်ရွယ်ရာ အိမ်မက်များကို
လျှောက်လှမ်းရင်း အနာဂါတ်ရဲ.
ကောင်းကင် ယံမှာ
ငွေကြယ် ပွင်.တွေကို
သက်သေ တည်စေမည်.သူ ...

လေတံခွန် နောက်က
ကြိုးမဲ.စွန် တစ်ကောင်လို
အားမာန် အပြည်.နဲ.
" အမိ " ရင်ခွင်ရဲ.
ကြယ်တွေစုံ တဲ.ညဆီမှာ
တွယ်ရာမဲ. ဟင်းလင်းပြင်ကို
ဆုပ်ကိုင်ရင်း
မနက်ဖြန် များစွာကို
ကယ်တင် နိုင်ပါစေ .....။.....။

17 comments:

ဧရာဝတီသား said...

တိတ်ဆိတ်ခြင်း
မျက်ဝန်း တစ်စုံနဲ.
အရောင်မဲ.
ခပ်ပါးပါး သော.တစ်စုံက
" ချစ်သူ " ဖွင်.မှ
ပွင်.မည်ဟု ဆိုသူ ...

စာသားလေး တွေကြိုက်တယ်ဗျာ။ အမှန်အတိုင်း ၀န်ခံရရင် အဓိပ္ပါလ်တော့ သေချာ သဘောမပေါက်ဘူး၊(တုံးပ)
နောက်တစ်ခေါက် လာဖတ်ဦးမယ်ဗျာ။
သူများတွေရဲ့ comments တွေဖတ်ပြီးမှ အဓိပ္ပါလ်ပြန်နိုင် မယ်ထင်တယ်။ :)

Anonymous said...

စည်သူ said...

ရည်ရွယ်ရာ အိမ်မက်များကို
လျှောက်လှမ်းရင်း အနာဂါတ်ရဲ.
ကောင်းကင် ယံမှာ
ငွေကြယ် ပွင်.တွေကို
သက်သေ တည်စေမည်.သူ ...

လေတံခွန် နောက်က
ကြိုးမဲ.စွန် တစ်ကောင်လို
အားမာန် အပြည်.နဲ.
" အမိ " ရင်ခွင်ရဲ.
ကြယ်တွေစုံ တဲ.ညဆီမှာ
တွယ်ရာမဲ. ဟင်းလင်းပြင်ကို
ဆုပ်ကိုင်ရင်း
မနက်ဖြန် များစွာကို
ကယ်တင် နိုင်ပါစေ........။

နားလည်သလိုခံစားသွားတယ်နော်.. ကိုမိုးစက်..

ထာဝရ အေးချမ်းနိုင်ပါစေဗျာ
စည်သူ။

လင်းကြယ်ဖြူ said...

မနက်ဖြန် များစွာကို
ကယ်တင် နိုင်ပါစေ ....
မိန်းကလေးတစ်ဦး....

ကျောပိုးအိတ် said...

" အမိ " ရင်ခွင်ရဲ.
ကြယ်တွေစုံ တဲ.ညဆီမှာ
တွယ်ရာမဲ. ဟင်းလင်းပြင်ကို
ဆုပ်ကိုင်ရင်း
မနက်ဖြန် များစွာကို
ကယ်တင် နိုင်ပါစေ .....။.....။

ကယ်တင်နိုင်ပါစေ။
သံယောင်ထပ်သွားတယ်။
း)

rose of sharon said...

ကဗျာလေးကဖတ်လို့ကောင်းတယ်... ဒါနဲ့စကားမစပ်... ပုံထဲကအမိကတော့အမိုက်စားလေးနော်း)

မြစ်ကျိုးအင်း said...

မော်ဒန်စစ်စစ်များလား...။

အတွေးတွေ အများကြီးနဲ့ ပြန်သွားရတယ်

သူကြီးမင်း (တုံးဖလား) said...

ညီရေ...
သူက ခဏပျောက်သွားမဲ့ သက်တန့်လဲမဟုတ်ဘူး။ တိမ်စိုင်လဲ မဟုတ်ဘူး။ လေပြေလဲ မဟုတ်ပါဘူး။ အစဉ်အမြဲထွန်းလင်းတောက်ပနေမဲ့ လမ်းပြကြယ်လေးပါ။

Formula တွေလုံးဝမမှားပါဘူး။ မောဟမျက်မှန်ထူထူတပ်ပြီး ကြည့်မိကြလို့သာ မှားသယောင်ယောင်ထင်ရတာပါ။

သော့တစ်စုံက သူဖွင့်မှ ပွင့်မယ် ဆိုပေမဲ့ ဖွင့်အားရှိအောင် ရေသောက်မြစ်များစွာ လိုသေးတယ်လေ။

သူ့ဆန္ဒကတော့ ကောင်းကင်ယံမှာ ငွေကြယ်ပွင့်တွေတင်မကပါဘူး။ အနာဂါတ်ရဲ့  ရွှေကြယ်ပွင့် စိန်ကြယ်ပွင့်တွေပါ ပွင့်လန်းစေချင်တာပါ။

စွန်လေး ကြိုးမဲ့မှာ စိုးရိမ်စရာမလိုဘူး။ အားမာန်တွေပြည့်နေဖို့ဘဲ လိုတယ်။
အမိရင်ခွင်ထဲကနေပြီး ဟင်းလင်းပြင်ကို ဆုပ်ကိုင်မဲ့အစား ပန်းတိုင်ကို လှမ်းကိုင်နိုင်ရင်
ညီဆုတောင်းသလို သူဟာ မနက်ဖန်များစွာကို ကယ်တင်နိုင်မှာ သေချာပါတယ်။

သူဆိုသည်မှာ ငါ့တို့အားလုံးတို့ရဲ့  အမိ။

ဆောင်းယွန်းလ said...

ကြိုးမဲ့စွန်ဖြစ်ပါစေလို့ပဲဆုတောင်းရတာပေါ့ညီလေးရာ
ဒါပေမယ့်မျက်စိနဲ့မမြင်နိုင်တဲ့ကြိုးတွေရှိနေကြတာကိုလူတော်တော်များများကမသိကြဘူး ညီလေးရေ...

ဇော် said...

ဟိုးအပေါ်ဆုံးက ကိုလေးဧရာ ပြောသလိုပဲ ကျနော်လဲ အဓိပါယ်မပေါက်ဘူး။ ဒါပေမယ့် ကဗျာလေးက လှနေတယ်ဆိုတာတော့ သိနေတယ်။ =)

တလနွန် said...

တိတ်ဆိတ်ခြင်း
မျက်ဝန်း တစ်စုံနဲ.
အရောင်မဲ.
ခပ်ပါးပါး သော.တစ်စုံက
" ချစ်သူ " ဖွင်.မှ
ပွင်.မည်ဟု ဆိုသူ ...

ဒီအပိုဒ်ကိုတော့ ထိတယ်။ ကဗျာစာလုံးလေးတွေ လှ၏။
သို့ သော် မောဒန်စစ်လွန်းတော့ ခေါင်းစဉ်ကိုကြည့်ပြီး
ဘာသာပြန်သွားသည်။

ခင်မင်ခြင်းနှင့်
တလနွန်

မယ့်ကိုး said...

ကဗျာလေးကောင်းလိုက်တာ။ကြိုက်တယ်။

တိတ်ဆိတ်ခြင်း
မျက်ဝန်း တစ်စုံနဲ.
အရောင်မဲ.
ခပ်ပါးပါး သော.တစ်စုံက
" ချစ်သူ " ဖွင်.မှ
ပွင်.မည်ဟု ဆိုသူ ... ဆိုတာလေးက မိုက်တယ်။

Beauty Studio USA Branded Store said...

သက်တံ......၊
ကြယ်စင်.......၊
တိမ်စိုင်.........၊
လေပြေရယ်စုံလင်လှတဲ့
ဝေဟင်တွေထဲက ချစ်သူအမိဆိုသူလေး
မနက်ဖြန်များစွာကို ကယ်တင်နိုင်ပါစေဗျာ။

WWKM said...

ကဗျာလေးဖတ်သွားပါတယ် မိုးစက်ရေ.
ကဗျာလေးက စကားလုံးလှလှလေးတွေနဲ့ ဖွဲ့သီထားနိုင်တာတော်တယ်.
အစ်မကတော့ ကွန်မန့်ဆုပေးရင် နောက်ဆုံးကပထမ
ရမှာသေခြာတယ်.း)))

ဧရာဝတီသား said...

အဟဲ နောက်တစ်ခေါက် ပြန်လာ ဖတ်တာ၊ နည်းနည်းတော့ သဘောပေါက်သလို ရှိလာပြီ။

အနာဂတ်ရဲ့ ကောင်းကင်ယံမှာ
ငွေကြယ်ပွင့်တွေ ကိုလည်း တည်ပါစေ
အားမာန် အပြည့်နဲ့လည်း ပျံသန်းနိုင်ပါစေ
နှောင်ကြိုးတွေလည်း မဲ့ပါစေ
မနက်ဖြန် များစွာကိုလည်း ကယ်တင်နိုင်ပါစေ

နားလည် သလိုခံစားသွားပြီ၊ စာသားတွေ ကတော့ တကယ်လှ တယ့် ကဗျာလေးပဲဗျာ။

မိုးခါး said...

လေတံခွန် နောက်က
ကြိုးမဲ.စွန် တစ်ကောင်လို
အားမာန် အပြည်.နဲ.
" အမိ " ရင်ခွင်ရဲ.
ကြယ်တွေစုံ တဲ.ညဆီမှာ
တွယ်ရာမဲ. ဟင်းလင်းပြင်ကို
ဆုပ်ကိုင်ရင်း
မနက်ဖြန် များစွာကို
ကယ်တင် နိုင်ပါစေ .....။.....။

ကိုယ်လိုရာဆွဲပြီး တွေးလိုက်တယ် မိုးစက်ရေ

desertraindrops said...

အဓိပ္ပာယ်တော့ သေချာမသိပေမဲ့ ကဗျာကောင်းလေးတပုဒ် အဖြစ် လက်ခံသွားတယ်နော့။ ဘာပြောပြော မနက်ဖြန်ပေါင်းများစွာကို ကယ်တင်နိုင်ပါစေနော့။