" ကံတော်ကုန် နှလုံးသား "

|

" ဘုံကြိုးပြတ်တဲ. ဒေ၀ီနတ်မျိုး " ဆိုပေမဲ.
နှလုံးသား ကံတော်ကုန်ဖို.
ဒီလေးညှို.ကို ငါအသက်သွင်းခဲ.တာမဟုတ်ဘူး ...
တိမ်တွေပြိုတဲ. ညနေမှာ
" မဲဇာတောင်ခြေ "လွမ်းချင်းက
ဘုံခုနစ်ဆင်. ပြိုကျလောက်တယ် ...
မမေးပါနဲ.
တရားခံ ဘယ်လူလည်းလို.
ငါ.နက္ခတ် ငါကြည်.ရအောင်
မှော်ဆရာ ရဲ. ကျောင်းစာအုပ်မှာ
ဆံချည် တစ်မျှင်
ကြိုးလျှော. နေတာ
ကြာခဲ.ပါပြီ .....။.....။

22 comments:

မေလေးညို said...

တရားခံက ကိုယ်ကိုယ်တိုင်များ ဖြစ်နေမလား...???

(မန့်လေ့မရှိပေမယ့် ၁ နေရာတွေ့လို့ ၀င်မန့်တာ..:) )

ကျောပိုးအိတ် said...

တရားခံဘူရဲ
တိဝူး............

ဘယ်ကအချစ်ယင်ကောင်လဲဟ
ရှင်းပါဦး
မျက်စိလည်နေတယ်

mysterysnow said...

တရားခံ ဘယ်သူလဲဟေ့....
မပြောပေမယ့်လဲ သိနေတယ်နော်....
း))))))))

ဘုံကြိုးပြတ်တဲ့ ဒေဝီလေးကို တွေ့ရင် ပြောပြလိုက်ပါ့မယ်...
နှလုံးသားကံတော်ကုန်သွားပြီဆိုတဲ့ အကြောင်း....

နှင်း

Beauty Studio USA Branded Store said...

ညီရေ အတော်လေးမိုက်တဲမော်ဒန်ကဗျာလေးပဲ။
ဘာပြောရမှန်းတော့မသိ၊ ဒါပေမယ့် စိတ်ထဲကနေ စာသားအားကောင်းလို့ ညီကိုချီးကျူးပါတယ်။

စည်သူ said...

တကယ်ပဲ....

နှလုံးသား ကံကုံသွားပီလား

ဟဲဟဲဟဲ... မထင်ဘူးနော်.....

မဲဇာအကြောင်းတော့ မပြောပါနဲ့ဗျာ....

ကျောတောင်စိမ့်တယ်.. ကိုမိုးစက်ရေ.....

မိုးခါး said...

နှလုံးသား ကံတော်ကုန်ပြီလား ..
မေ့မျောနေတာလည်း ဖြစ်နိုင်တာပဲလေ ..
တချိန်တော့လည်း နှိုးပေးမယ့်သူ ပေါ်လာနိုင်ကောင်းပါရဲ့ ..
(သေချာသလောက်ပါပဲ :D)

rose of sharon said...

ကံတော်သာကုန်သွားတယ်... နှလုံးသားလေးကလှမှလှ အလယ်တည့်တည့်မှာတောင်စိန်မြုပ်ထားသလားလို့ အဆွယ်အပွားလေးတွေကလဲ အောက်ပါကပ်ပါနေသေး ... နောက်တယ်ထင်ရင်စိတ်မဆိုးကြေး

desertraindrops said...

တရားခံတောင် ဘယ်သူမသိသေးဘူးလား။ နှလုံးသားကံတော်ကုန် ဆိုတဲ့ အသုံးအနှုန်းက ကောင်းလှချည်းလား မိုးစက်ရ။

ကောင်းကင်ပြာ said...

ရော့ ရော့ အမ ကြိုးအသစ် လာပေးတယ်၊ ကြိုးချင်း လဲချင်လဲလိုက် :P

ဆောင်းယွန်းလ said...

ကံတော်ကုန်နှလုံးသားတဲ့လား....
ခေါင်းစဉ်နဲ့တင် စားသွားပြီညီလေးရေ

Chitpalonelay said...

ဘာခေတ်ကြီးလည်းဗျ လိုက်မမှီတော့ဘူး။ ကြိုးလျှော့တာများ ဘာခက်တာမှတ်လို့ ပြန်တင်းလိုက်ပေါ့ဗျ။ ပျော်ရွှင်ပါစေနော်။ အဟီး
ခင်မင်လျှက်
ညီမလေး ပါးလုံး

Chitpalonelay said...

ဘာခေတ်ကြီးလည်းဗျ လိုက်မမှီတော့ဘူး။ ကြိုးလျှော့တာများ ဘာခက်တာမှတ်လို့ ပြန်တင်းလိုက်ပေါ့ဗျ။ ပျော်ရွှင်ပါစေနော်။ အဟီး
ခင်မင်လျှက်
ညီမလေး ပါးလုံး

poemflower said...

ဘုန်ကြိုးပြတ်တဲ့ ဒေ၀ီနတ်မျိုးနွယ် :)

သူကြီးမင်း (တုံးဖလား) said...

ညီရေ...
ဘုံကြိုးပြတ်လား..
ဘုံကျိုးပြတ်လား..
ဗုံကြိုးပြတ်လား...
ဗုံကြိုးပတ်လား..
အကို ဥာဏ်မမီတာလဲ ဖြစ်နိုင်ပါတယ်။

တိုက်ပွဲမှန်ရင် ဒဏ်ရာနဲ့မကင်းပါဘူး ညီ။
လေးညှို့ကို သူတင်တယ် ကိုယ်တင်တယ် အငြင်းပွါးနေရင် ကြည်နူးခဲ့တဲ့ရက်ကလေးတွေကို ဥပေက္ခာပြုရာ၊ သစ္စာဖောက်ရာ ရောက်ပါတယ်။

တိမ်တွေပြိုတဲ့အခါ လွမ်းမျက်ရည်ကျတာ ဓမ္မတာပါ။
ကြိုးတစ်မျှင်လျော့နေတာနဲ့ တရားခံဖြစ်သွားရင်... သိသိကြီးနဲ့ အတူမေတ္တာတွေပွါးခဲ့ကြတာကို မှော်ဆရာက ဘာတွေပြောလိမ့်မလဲ....

ဟဲ ဟဲ..
အကို အတွေးပွါးကြည့်တာပါ။ ပျော်ရွှင်ပါစေ ညီ။

လင်းကြယ်ဖြူ said...

ဆံခြည်မျှင် တောင် လျော့သွားတယ်..
တော်တော်ခံစားနေရပါလား..
ပျော်ပါစေ

ဇော် said...

ငါ.နက္ခတ် ငါကြည်.ရအောင်
မှော်ဆရာ ရဲ. ကျောင်းစာအုပ်မှာ
ဆံချည် တစ်မျှင်
ကြိုးလျှော. နေတာ
ကြာခဲ.ပါပြီ .....။.....။

လှတယ်နော် ကိုစက်။ =]

ဇော် said...

ငါ.နက္ခတ် ငါကြည်.ရအောင်
မှော်ဆရာ ရဲ. ကျောင်းစာအုပ်မှာ
ဆံချည် တစ်မျှင်
ကြိုးလျှော. နေတာ
ကြာခဲ.ပါပြီ .....။.....။

လှတယ်နော် ကိုစက်။ =]

ဇော် said...

ငါ.နက္ခတ် ငါကြည်.ရအောင်
မှော်ဆရာ ရဲ. ကျောင်းစာအုပ်မှာ
ဆံချည် တစ်မျှင်
ကြိုးလျှော. နေတာ
ကြာခဲ.ပါပြီ .....။.....။

လှတယ်နော် ကိုစက်။ =]

မြစ်ကျိုးအင်း said...

ဆံချည်တမျှင်လျော့တာတောင် မြင်နိင်လောက်အောင် ခံစားမှုအားကောင်းလှချည်လား။
ဘယ်သူပဲအသက်သွင်းသွင်းပါ လေးညှို့ကို ပြန်လျော့ လိုက်တာ မကောင်းဘူးလား။

မောင်မောင် said...

ကဗျာ ကို တရေးနိုးထရေးလဲ အဆီအငေါ ကိုတည့် နေတာ ပဲဗျာ။ တကယ့်  ကိုတော်ပါပေတယ်။

ဆက်ရေးနေပါ။ အားပေးနေမယ်။


မောင်မောင်

မယ့်ကိုး said...

ကဗျာလေးကတော့ အရင်စာတွေလို နုလှနေတာပါ....

yangonthar said...

တိမ်တွေ ပြိုတဲ့ည နေမှာ
မဲဇာတောင်ခြေ လွမ်းချင်းက
ဘုံခုနှစ်ဆင့် ပြိုကျလောက်တယ်

နုညက်ညက်နဲ့ ကောင်းတယ်ဗျာ
ခင်တဲ့ 
ရန်ကုန်သား
အေးမြသာယာပါစေ