" ကာရန်မဲ. ရင်ခွင် "

|


ပါးစပ်မရှိတဲ.နှလုံးသားက
သူပြောချင်တာကို
မျက်လုံးတွေနဲ. ပြောခဲ.တယ်...

စကားလုံးမရှိတဲ. ကောင်းကင်က
သူပြောချင်တာကို
မိုးစက်တွေနဲ. ပြောခဲ.တယ်...

ကာရန်မရှိတဲ.ကဗျာတွေက
သူပြောချင်တာကို
Hip Hop ဂီတအဖြစ်နဲ. ပြောခဲ.တယ်...

နားလည်ရခက်တဲ.သူက
သူပြောချင်တာကို
ရိုးရိုးလေးဘဲပြောခဲ.တယ်.....။.....။

26 comments:

yaewoori said...

တစ်ကွ
လာဖတ်တယ် အကိုလေး

ဧရာဝတီသား said...

စကားလုံးမရှိတဲ. ကောင်းကင်
အဲဒီ စကားလုံးလေးကို အရမ်းကြိုက်တယ်ဗျာ။
မှန်ပါ့ဗျာ ကောင်းကင်ရဲ့စကားက မိုးစက်တွေပေါ့။

ခင်မင်လျှက်

ခြေလှမ်းသစ် said...

နားလည်ရခက်တဲ့လူက တော်တယ်ဗျာ... ရိုးရိုးလေးပဲ ပြောခဲလို့လေ...

desertraindrops said...

နားလည်ရခက်တဲ့သူက သူပြောချင်တာကို ရိုးရိုးလေးဘဲ ပြောခဲ့တယ်။။

ဒီအပိုဒ်လေးကို ကြိုက်တယ်။ ကဗျာလေး ကောင်းတယ် ဆက်မျှော်လျက်...

မယ့်ကိုး said...

ကဗျာလေး လာဖတ်သွားပါတယ်။

နားလည်ရခက်တဲ.သူက
သူပြောချင်တာကို
ရိုးရိုးလေးဘဲပြောခဲ.တယ်.....။.....။

တစ်မျိုးလေး ဆွဲဆောင်မှုရှိရှိ ဆုံးထားတာလေး သဘောကျတယ်။

အားပေးလျက်....

ကျောပိုးအိတ် said...

လာဖတ်သွားတယ်နော်။

ပါးစပ်မရှိတဲ.နှလုံးသားက
သူပြောချင်တာကို
မျက်လုံးတွေနဲ. ပြောခဲ.တယ်...

ဟုတ်တယ်နော်။ ရင်ထဲမှာရှိတာတွေကို မျက်လုံး
နဲ့ ပြောခွင့်ရကြတယ်။
း)

WWKM said...

ပါးစပ်မရှိတဲ.နှလုံးသားက
သူပြောချင်တာကို
မျက်လုံးတွေနဲ. ပြောခဲ.တယ်...

ကဗျာလေးဖတ်သွားတယ်မိုးစက်ရေ.
ကောင်းတယ်.း)

မချစ်ရ said...

စကားလုံးမရှိတဲ့ကောင်းကင်ကသူပြောချင်တာကို
ကိုမိုးစက်နဲ့ပြောခိုင်းတယ်လား :D

Chitpalonelay said...

နားလည်ရခက်တဲ့သူက သူပြောချင်တာကို ရိုးရိုးလေးပြောခဲ့တယ်ဆိုတော့ ဘာပြောခဲ့တာလည်းဟင် အဟိသိချင်လို့။
ခင်မင်လေးစားလျှက်
ညီမလေး ပါးလုံး

သူကြီးမင်း (တုံးဖလား) said...

စီးရီးထုတ်တာ ကျဲပေမဲ့ ထွက်လာတဲ့အခါ အလွန်ကောင်းတဲ့သီချင်းသံစဉ်လေးတွေကို နားထောင်ရလေ့ရှိသလို...
ညီ ကဗျာရေးတာ နဲနဲကျဲနေပေမဲ့ ရေးတဲ့အခါမှာတော့ ရှယ်တွေချည်းပါဘဲ။

ဂုဏ်ယူပါတယ် ညီ။

လင်းကြယ်ဖြူ said...

သူပြောချင်တာကို
ရိုးရိုးလေးဘဲပြောခဲ.တယ်..
ကောင်းတယ်လို့....တဲ့..
ပျော်ပါစေညီရေ..

ဆောင်းယွန်းလ said...

ကဗျာလေးကောင်းတယ် အတွေးရောအရေးပါ

နားလည်ရခက်တဲ.သူက
သူပြောချင်တာကို
ရိုးရိုးလေးဘဲပြောခဲ.တယ်.....

ဘာတဲ့လဲ..ညီလေး

သက်အောင် said...

ကာရန်မရှိတဲ့ကဗျာတွေက hip hop ဆိုအနော်ဒီတစ်သက် ကဗျာလုံးဝမရေးတော့ဘူး :P

စာလာဖတ်သွားတယ် အကိုရေ

Unknown said...

ကဗျာလေးဖွဲ့တာ အရမ်းကိုလှပပါတယ်....။

တလနွန် said...

ညီ့ကဗျာကို သတိထားမိတာတစ်ခုက ကာရန်တွေ ပိုင်တယ်ဆိုတာ မြင်မိတယ်။ စာလုံးလှလှ ခံစားချက်လှလှ တွေ စီးမျောနေတဲ့ ကဗျာမြစ်ကို ဆက်ပြီးအားပေးနေမယ်။ ပျော်ရွင်ပါစေ ညီ

ခင်မင်ခြင်းနှင့်
တလနွန်

ရေတမာ said...

နားလည်ရခက်တဲ့သူကို ရိုးရိုးပဲပြောမယ် အကြွေးမရေးသေးဘူးလား

may16 said...

ကဗျာကောင်းလေးကို လာဖတ်ပါတယ် ကိုမိုးစက်အိမ်

မေသစ္စာမောင် said...

နားလည်ရခက်တဲ့သူလို့ ပြောတော့လည်း နားလည်ရလွယ်အောင် ရိုးရိုးလေးဘဲပြောခဲ့တာဖြစ်မှာပါ...။

တော်ကြာနေ နားလည်ရခက်ယုံတင်မက လုံးဝကိုနားလည်ပေးလို့ကိုမရတော့ဘူးလို့ ပြောလာကြမှာဆိုလို့ ထင်တယ်လေနော်....:P

rose of sharon said...

စာသားလေးတွေကနုတယ်... သဘောကျတယ်

Mogok Thar said...

လှပတဲ့ ကဗျာလေးထဲ စီးမျောသွားခဲ့တယ်

ဇော် said...

အင်း
ကျနော်လဲ ရိုးရိုးလေးပဲ ပြောလိုက်မယ်ဗျ။ မွေးနေ့လက်ဆောင် ဘာပေးမှာလဲ ဆိုတာ။ အဟိ။

ကဗျာကောင်းလေးတစ်ပုဒ်ထပ်တိုးပြန်ပေါ့ဗျာ။ =)

Anonymous said...

ရောက်နေမကျဖြစ်တဲ့ သူတစ်ယောက် အနေနဲ့ကတော့
ရင်နဲ့ ရင်းပြီး ကောမန့် တစ်ခု ရေးဖြစ်ခဲ့တယ် ...

နေဒေးသစ်။

Unknown said...

ကဗျာလေးကြောင့် အချိန်အတော်ကြာ ၀င်မွှေသွားပါတယ်ရှင်

မိုးခါး said...

ဘာတဲ့တုန်း :D

Unknown said...

ကဗျာလေးက သိပ်ကောင်းတယ် ကိုယ်ကိုယ်တိုင်လဲ နှလုံးသားကစကားလေးတွေကို မျက်လုံးကတဆင့် ခဏခဏပြောဖူးခဲ့လို့ လေ...

Unknown said...

ကဗျာလေးက သိပ်ကောင်းတယ် ကိုယ်ကိုယ်တိုင်လဲ နှလုံးသားကစကားလေးတွေကို မျက်လုံးကတဆင့် ခဏခဏပြောဖူးခဲ့လို့ လေ...