" ကြင်ယာဖက် " (သို.) " လူပျိုသိုး "

|



ရုပ်ရည် ကလား?
ချောဖို. မလိုပါဘူး
ချစ် လို. လှ တာမဟုတ်
" လှ " လို. " ချစ် " တာမလား ...

စိတ်ကလေး တော.
လှစေချင် တယ်ဗျာ ...

ဖြစ်နိုင်မယ်ဆို
အရပ်ကလေး တော.
ရှည်ပေး ပါ...

အသားလေးပါ ဖြူရင်တော.
ငါ ပိုရောင်.ရဲ နိုင်တာပေါ. ...

အချိုးအစား တွေတော.
ငါ စိတ်မ၀င်စားဘူး
" J Lo " လောက်ဆိုရင်ဘဲ
ဖြေသိမ်. လိုက်ပါမယ် ...

ငွေရေး ကြေးရေး
မလိုပါ ဘူး
" no money
no honey " တဲ. ...

Education ကရော
ခုခေတ်က
IT ခေတ်ဗျ ...

ကျွန်တော် ထင်တယ်လေ
အလိုသာ ရွေးနေလို.ကတော.
" David Beckham " တောင်
လူပျိုကြီး ဖြစ်လောက်တယ်လို. ...

24 comments:

Beauty Studio USA Branded Store said...

စိတ်ကြိုက်ရွေးဖို့ပြင်နေပြီထင်တယ်။စံသတ်မှတ်ချက်တွေက အားရစရာပဲ။ဒီပုံလေးမျိုးဆို ညီရေ မင်းချစ်သူက မယ်စကြာဝဠာထဲက ထင်တယ်။ဟုတ်......?

မချစ်ရ said...

နေမကောင်းလို့မောင်လေးလူပျိုသိုးဆီ နောက်မှအမသေချာလာလည်တော့မယ်နော်

မိုးစက်အိမ် said...

အာ မကြီး ပါးစပ်ပုတ်ကြီးနဲ. ဖတ်ဖတ်
လွှဲပါစေဗျာ ယူမှာပူမနေနဲ. ဘာလူပျိုးသိုးလေး
တောင်မလုပ်ဘူး :P

rose of sharon said...

ဒါဆိုDavid Beckhamရဲ့မိန်းမမှာအထက်ပါအရည်အချင်းတွေတခုမှမရှိဘဲနဲ့သူယူခဲ့တယ်ပေါ့... ဟုတ်လား... မဟုတ်ရင်သူလူပျိုကြီးဖြစ်လောက်တယ်ပေါ့...

စည်သူ said...

ဟုတ်မယ် ဟုတ်မယ်...

သေချာနေပြီး အရေးအသားက
ကာရကံရှင်ကို မျက်စိထဲ မြင်ယောင်မိလာတယ်..

ကျန်တာတွေကိုတော့ ပြောတော့ဘူးကွာ..

အရေးအသားကိုကြိုက်တယ်ဗျာ..

အစဉ်အားပေးလျက်
စည်သူ။

သူကြီးမင်း (တုံးဖလား) said...

အိုဇာတာ ကောင်းမယ် ထင်ရင် ရွေးသာ ရွေးလိုက်တော့ ညီရေ....

အခုခေတ်ကြီးမှာ ရွက်ကြမ်းရေကျိုအဆင့်ရှိရင် ခိုင်မြဲပြတ်သားမယ်ဆိုရင် နားလည်မှုတွေ ရှိမယ်ဆိုရင် မနက်ဖန်တွေကို မမျှော်လင့်သင့်တော့ပါဘူး။
ပစ္စုပ္ပန်လေးကို လက်တွေ့အသုံးချလိုက်ပါတော့။

ပျော်ပါစေ ညီ။

Unknown said...

ဟားဟား....မိုက်တယ်ဟေ့ စံသတ်မှတ်ချက်တွေက.....

ကောင်းကင်ပြာ said...

မှန်၏ မှန်၏၊ ဟိဟိ

Anonymous said...

ကြင်ယာဖက် ရွေးချင်တာလား....
လူပျိုသိုးပဲ လုပ်ချင်တာလား....
ခေါင်းစဉ်မှာကိုက နှစ်ခွလုပ်ထားလို့ မေးကြည့်တာပါ ခွိခွိ
အဲ့လိုအရည်အချင်းနဲ့ ကောင်မလေးမျိုး ရပါစေဗျားးးးးးးး
ဆုတောင်းပေးသွားပါဒယ် ဟဲဟဲ

လင်းကြယ်ဖြူ said...

ဟုတ်ပါ့..ဟုတ်ပါ့..
လက်ရွေးကျန်ဆိုတာမျိုးပေါ့နော..
လက်ရွေးစင်ရွေးရင်းနဲ့ကျန်နေခဲ့တာလေ..း)

ဂျာမုန်းဒန် said...

ချစ်ခြင်းဖွဲ့ကဗျာလေးလာခံစားသွားပါတယ်
အချစ်ဆိုတာတကယ်တန်ခိုးရှိတယ်။
အချစ်မှာမျက်စိမရှိဘူး။
ချစ်လို့လှတာပါ။
အစ်မကတော့ချစ်လို့လှတက်ခင်းပွန်းကိုပိုင်ဆိုင်နိုင်လို့
စိတ်ချမ်းသာနေသူပါရှင်။
ခင်တဲ့
ဂျာမုန်း

ကျောပိုးအိတ် said...

ဟေဟေ

ဒီလိုစံနဲ့ လား။ ရှာပေတော့ကွယ်။ ရှိတယ်သိလား။ ဟိုးးးးးးးးးးးနားမှာ။ ဘယ်နားမှာလဲသိဘူးကွယ်။

ဟဲလေးသီချင်းထဲကလိုပေါ့။ အိုဇာတာကောင်းဘို့ အတွက်ဘဲ ရွေးလိုက်တော့။

လူပျိုကြီးတော့ လုပ်နဲ့ တော့။ ကောင်းဘူးတော့။ လုပ်မယ်ပုံလဲ ရှိပါဘူး။

း)

စန္ဒကူး said...

မရခင်တော့ စိတ်ကြိုက်ပါးစပ်တည့်ရာ ရွေးနေကြတာပါဘဲ.. နောက်ဆုံးတော့လဲ ရတာလေးကိုဘဲ ကိုယ်ထင်ကုတင်ရွှေနန်း လုပ်လိုက်ကြရတာပါဘဲ...း)

တလနွန် said...

ချစ်လို့ လှတာပါ။ လှလို့ လည်းချစ်တာပါ။ :)
တစ်ယောက်နှင့်တစ်ယောက် သစ္စာရှိရှိနှင့် နားလည်မှုရှိဖို့ အရေးကြီးဆုံးလို့ ပဲထင်တယ်။
နောက်အဓိကတော့ ကိုယ်ကျင့်ရနံ့ မွှေးပျံ့ တဲ့ ကောင်မလေးဖြစ်ဖို့ ပဲ :p

လူပျိုသိုးတော့ မလုပ်နဲ့ ညီရေ။ :)

ခင်မင်စွာနှင့်
တလနွန်

တလနွန် said...

နဒီမိုးညို said...

သေးလွန်းလျှင်မလှ..
ရွှေးလွန်း..လျှင်..မရဖြစ်နေအုံးမယ်နော်..
အစ်ကိုမိုးစက်ရေ...ခစ်ခစ်

အိုက်ခီလောက် said...

မရွေးချင်တော့ဘူး
ခေါင်းခေါက်ပြီးယူလိုက်ချင်တယ်
အဲ့လိုလုပ်ပြန်ရင်လည်း သားသမီးတွေမွေးလာတော့
ရုပ်မလှ တာတို့  ရုပ်ဆိုးတာတို့ ဖြစ်လာရင် မိဘ အပြစ်ဖြစ်ပြန်ရော
ဒီတော့က ရွေးမယ်ဆိုလည်း ရွေးတာပေါ့ ဟဟ

mysterysnow said...

ဗစ်တိုးရီးယား ထိုင်ငိုနေတယ်..
တစ်ယောက်သောသူကလဲ
ဒီကဗျာလေးဖတ်ပြီး သူစံချိန်မီမမီ
စဉ်းစားနေတယ်..
ဟဲဟဲ လက်တို့လိုက်တော့မယ်နော်..
ချေးမများတဲ့ အကြောင်း....
သိတယ်ဟုတ်...

ဂျစ် said...

လှ လှ မလှလှ ....ဘေးချိတ်ထားအုံး ။

ချစ်တဲ့သူနဲ့ ပေါင်းစည်းပါစေ... သူငယ်ချင်း။

ချစ်ခင်စွာဖြင့်
ဂျစ်

desertraindrops said...

သေချာပါတယ်။ လူပျိုကြီးဖြစ်မှာ :) ကဲ မိုးစက်ရေ လိုချင်တဲ့ ပုံစံမျိုး ရှာတွေ့နိုင်ပါစေနော့။

may16 said...

ကျိန်းသေတယ် လူပျိုကြီးဖြစ်မှာပဲ မပူနဲ့ :P

ဇော် said...

ကိုစက်
တော်ပြီလားဗျ အဲ့လောက်ဆိုရင်။ =)

လူပျိုသိုးဆီ နောက်ကျမှ ရောက်တာ ခွင့်လွှတ်ဗျိုးး။ ဟီဟီ။ =P

မေသစ္စာမောင် said...

အဟမ်း....အဟမ်းးးးးးးးးးး
စိတ်မ၀င်စားလို့ပဲ
ဘာတဲ့
" J Lo " လောက်ဆိုရင်ဘဲ
ဖြေသိမ်. လိုက်ပါမယ် ဟုတ်လား :D


Of course
NO money
No Honey...
ပိုက် ပိုက်မရှိဘဲ
ပျားရည် သောက်ချင်လို့ရမလား :P :D

မိုးခါး said...

မရွေးဘူးလား .. ဟမ် .. :P
လှလို့ ချစ်တာ မဟုတ် ချစ်လို့ လှတာပါ ..း))
ကောင်လေး ကြားကောင်းအောင် လျှောက်ပြောနေတယ်ဗျို့