" ပြိဿ "

|

" ဗီးနပ်(စ်) "...
အချစ် နတ်သမီး
အလှ ဘုရင်မ

ညှို.သော " အကြည်. "
လှသော " အပြုံး " နဲ.
ကဗျာ ရှုံးလောက်တဲ.
ရင်ခွင် နန်းတော်က
မင်းသမီး တစ်ပါး ...

စိုးမိုးခြင်း...
Earth ရဲ.
နှလုံးသား ပေါင်း
သန်း ၆၀၀၀ ကို
သိမ်းပိုက်သူ...

ကြင်နာခြင်း
မျက်ဝန်း တစ်စုံကို
ဗဟိုပြု လျက်
အမြင်.ဆုံး ရစ်တာစကေးနှင်.
ကမ္ဘာ. ဆွဲအားကို
စတင်တွေ. ရှိသူ...

အချစ် + အချစ်
ညီမျှခြင်း နောက်
၁၅၀၀ မေတ္တာ များရဲ.
ပဲ. ကိုင်ရှင် ...
နောက်ဆက်တွဲ
အလွမ်း အဆွေး
သီအိုရီ များကို
Thesis ရေးသားခဲ.သူ...

ပိုင်စိုးခြင်း ဗီးနပ်(စ်) ရဲ.
ရင်ခုန်ခြင်း ရာသီခွင်မှာ
စန်းပွင်. တဲ. TAURUS တွေကြောင်.
ဘုရင်မ ဖြစ်မဲ.သူတောင်
မိဖုရား ဖြစ်သွားရတယ်.....။.....။

16 comments:

ကောင်းကင်ပြာ said...

ကဗျာလှလှလေးတွေ ပြန်ဖတ်ရပီ:)

သူကြီးမင်း (တုံးဖလား) said...

ရာသီပြိဿရယ်... စိတ္တရကြယ်... ဆိုလား ဘာဆိုလား သီချင်းတော့ကြားဖူးတယ် ညီရ။
ညီကတော့ ဘက်စုံတော်တာပါဘဲ။ ကဗျာလေးတွေ ထပ်ဖတ်ခွင့်ရပြန်ပြီပေါ့။

စာမေးပွဲအကြောင်းကတော့ မမေးတော့ဘူးနော်။ ညီ့ကို ယုံကြည်တယ်။ အားလုံး အိုကေခဲ့မယ်ဆိုတာ။

mgnge said...

ဟိုက်...။တယ်ဆိုတဲ့စာပါလား

desertraindrops said...

ပြန်လာတာနဲ့ ထိမိအောင် ရေးလိုက်ပြန်ပြီ။ ဘာတဲ့
" စန်းပွင့်တဲ့ TAURUS တွေကြောင့် ဘု၇င်မ ဖြစ်မဲ့သူတောင် မိဖုရား ဖြစ်သွားရတယ်" တဲ့လား။။

ကဲ..ပြန်လာပြီဆိုတော့ များများရေးပါ။ စောင့်မျှော်လျက်

မိုးခါး said...

မိုက်တယ်း)
အားပေးတယ်နော်
စာမေးပွဲပြီးပြီဆို ဆက်ရေးနိုင်ပြီပေါ့း))

တလနွန် said...

စာသားလေးတွေ လိုက်မမှီအောင်ပါပဲကွာ။ တွေးတတ်ရေးတတ်ပါပေ့ ညီရေ။ ကဗျာကောင်းကောင်းတွေ ဆက်အားပေးနေပါ့မယ်

ခင်မင်ခြင်းနှင့်
တလနွန်

နဒီမိုးညို said...

စာသားကတော့.အ၇မ်းမိုက်ပါ့
လာအားပေးတယ်နော်

ကဗျာမလေး said...

စာသားလေးကတော့ အမိုက်စားပဲ
ရေးချက်ကလည်း လန်ထွက်...ဟိ... ဒါပေမယ့်ပေါ့နော် ... မိဖုရားထက် ဘုရင်မ လုပ်တာ ပိုမကောင်းလားလို့ ... :P

မယ့်ကိုး said...

ကဗျာနုနုလေးတွေ ပြန်ဖတ်ရတော့မှာမို့  ဝမ်းသာပါတယ်။
အားပေးလျက် ....

မေသစ္စာမောင် said...

ပြန်လာတာနဲ့ ကဗျာကောင်းလေးနဲ့ စပြီး နှုတ်ဆက်လိုက်တယ်ပေါ့....း)

ဂျစ် said...

စာမေးပွဲ ဖြေနိုင်လားဗျို့......

ကိုကြီးကဗျာက ...မိုက်တယ်...ခိုက်တယ်...
လန်းတာ....အစစ်ဗျ.....။

ကဗျာလေးတွေရဲ့ အရေးအသား လေးတွေ
ကြိုက်တယ်.....စာအုပ်ထုပ်သင့်တယ်....ကိုကြီး ။

အားပေးနေပါတယ်....အမြဲလဲ လာဖတ်ဖြစ်ပါတယ်..။

ခြေရာမချန်ခဲ့ပေမဲ့ ကိုကြီးကဗျာလေးတွေ စောစောထဲက အားပေးဘူးတာပါ....။

ခင်မင်လေးစားစွာဖြင့်
ဂျစ်

ဆောင်းယွန်းလ said...

ကဗျာလေးမိုက်တယ်ညီရေ့

အိုက်ခီလောက် said...

ဝေး ပြန်လာပြီပေါ့
ဖတ်ရတော့မယ် ကဗျာလေးတွေ
စာမေးပွဲဖြေတာပြီးသွားပြီပေါ့နော်
ကိုမိုးစက် ရေ အတူတူကဲတာပေါ့ အဟတ်

ဇော် said...

အား...
ကိုစက်ပြန်လာပြီကွ။ ပျော်တယ်ဗျာ။ အဟဲ။

ဟိုက်.. တယ်ဆိုတဲ့ စာပါလား။
( ကိုလေး မောင်ငယ်ဆီမှ ခန ကော်ပီသည်။ အဟီး )

ဘာလို့ ဘုရင်မဖြစ်မယ့်သူတောင် မိဖုရားဖြစ်သွားရတာလဲ ကိုစက်ရ။
ကဗျာက လှတယ်နော်။

ဒါနဲ့ စကားမစပ် ပိုက်ဆံစုထားနော။ ကိုစက်ညီ ကျနော့်ရဲ့ မွေးနေ့ ဒီလထဲမှာ ရှိတယ်။ ငှဲငှဲ။ =P

Chitpalonelay said...

ကဗျာစက်ကြီး ဖုန်သုတ်ပြီး ပြန်လည်နေပြီပေါ့လေ။ ကောင်းလိုက်တဲ့ကဗျာ။ အကြံအဖန်မဟုတ် အမှန်အကန်ပါလားနော်။
ခင်မင်လေးစားလျှက်
ညီမလေး ပါးလုံး

Anonymous said...

ပိုင်စိုးခြင်း ဗီးနပ်(စ်) ရဲ.
ရင်ခုန်ခြင်း ရာသီခွင်မှာ
စန်းပွင်. တဲ. TAURUS တွေကြောင်.
ဘုရင်မ ဖြစ်မဲ.သူတောင်
မိဖုရား ဖြစ်သွားရတယ်.....။.....။

ပြိဿရာသီဖွားတွေအတွက် ကဗျာစပ်ပေးတာကျေးဇူးရှင့်... အဲဒီတိုင်း စွံ့ဘူး ဘယ်လိုလုပ်ရပ...:P


ညခင်း