" ကမ္ဘာ ပျက်တဲ.နေ. "

|

ချစ်သူမဟုတ်တဲ. လူနှစ်ယောက်
" ချစ်သူများနေ." မှာ.....
အတူတကွရှိနေခဲ.တယ်
"ပန်းပျိုးသူတို. အလင်္ကာ" ကို
စာဖွဲ.ခဲ.တာ
ဘယ်သူလဲတော. မသိဘူး...

ဒီနေ.ငါ.ကောင်းကင်ကို
တိမ်တစုံက ၀င်တိုက်သွားတယ်
ငါစိုက်ကြည်.နေတုံး ...
နှင်းဆီဖူး အရောင်ဖျော.ဖျော.တစ်ငုံက
ငါ.ရင်ဝကိုလာစိုက်သွားတယ်...

ကြယ်ကြွေတွေကိုရေတွက်ရင်းနဲ.
ငါတကိုယ်တည်းညည်းလိုက်မိတယ်
သြော်.....
ကမ္ဘာပျက်တယ်ဆိုတာ ဒါကိုး ...။...။

20 comments:

သူကြီးမင်း (တုံးဖလား) said...

နံပါတ်တစ်။

ညီရေ...
ကမ္ဘာပျက်တာကို ကိုယ်တိုင် ကြုံဖူးသွားပြီပေါ့လေ။
ကဗျာတည်ဆောက်ပုံလေး ပေါ်လွင်တယ်။

အဆင်ပြေပါစေ ညီ။

ခြေလှမ်းသစ် said...

ကိုမိုးစက်ရေ ... ကမ္ဘာပျက်တဲ့နေမှာ မှ အချစ်နဲ့ တွေ့ လိုက်တာလား...
ကိုဇော်

desertraindrops said...

ကဗျာ တပုဒ်လုံးကောင်းတယ်။

ချစ်သူမဟုတ်တဲ. လူနှစ်ယောက်
" ချစ်သူများနေ." မှာ.....
အတူတကွရှိနေခဲ.တယ်

အဲဒီ အပိုဒ်လေး ပိုကြိုက်တယ်။

Chitpalonelay said...

ဒီနေ့ ငါ့ကောင်းကင်ကို တိမ်တစုံက ဝင်တိုက်သွားတယ်။ ငါစိုက်ကြည့်နေတုံး နှင်းဆီဖူး အရောင်ဖျော့ဖျော့ တစ်ငုံက ငါ့ရင်ဝကို လာစိုက်သွားတယ်။
အဲ့အပိုဒ်ကိုကြိုက်တယ်။ ကမ္ဘာတော့ မပျက်ဖူးသေးလို့ နောက်ဆုံးအပိုဒ်ကို မသိသေးဘူး။ ကမ္ဘာပျက်မှပဲ အကြောင်းကြားတော့မယ်နော်။ အဟိ။ ဘယ်လိုခံစားရလည်းဟင်။
ပျော်ရွှင်ပါစေ ကဗျာစက်ကြီးရေ
ခင်မင်လေးစားလျှက်
ညီမလေး ပါးလုံး

ကောင်းကင်ပြာ said...

အော် ကမ္ဘာ ပျက်တဲ့ထဲ တို့ ပါသွားတယ် ထင်တယ်:)

ဂျာမုန်းဒန် said...

ကောင်းလိုက်တဲ့ကဗျာလေးနော်။
ဒါတွေကလည်းကိုယ်တိုင်ခံစားတတ်မှယိုးစီးလာတဲ့စာသားတွေလို့အစ်မထင်တယ်။
ဟုတ်တယ်ဟုတ်။
စိုင်းစိုင်းခမ်းလှိုင်ဆိုတဲ့သီချင်းတစ်ပုဒ်က
”ကောင်းကင်းကိုမော့ကြည့်တော့ စာကလေးကချီးပါချ” တဲ့။
တော်သေးတယ်။ နှင်းဆီဖူးဖြစ်နေလို့ပေါ့။
ခင်တဲ့မမ
ဂျာမုန်းဒန်

ဂျာမုန်းဒန် said...

ကောင်းလိုက်တဲ့ကဗျာလေးနော်။
ဒါတွေကလည်းကိုယ်တိုင်ခံစားတတ်မှယိုးစီးလာတဲ့စာသားတွေလို့အစ်မထင်တယ်။
ဟုတ်တယ်ဟုတ်။
စိုင်းစိုင်းခမ်းလှိုင်ဆိုတဲ့သီချင်းတစ်ပုဒ်က
”ကောင်းကင်းကိုမော့ကြည့်တော့ စာကလေးကချီးပါချ” တဲ့။
တော်သေးတယ်။ နှင်းဆီဖူးဖြစ်နေလို့ပေါ့။
ခင်တဲ့မမ
ဂျာမုန်းဒန်

လင်းကြယ်ဖြူ said...

ဒီနေ.ငါ.ကောင်းကင်ကို
တိမ်တစုံက ၀င်တိုက်သွားတယ်
ငါစိုက်ကြည်.နေတုံး ...
နှင်းဆီဖူး အရောင်ဖျော.ဖျော.တစ်ငုံက
ငါ.ရင်ဝကိုလာစိုက်သွားတယ်...

မိုက်မှမိုက် ....ကြိုက်မှကြိုက်...
ကဗျာ ပညာကောင်းတဲ့ ညီငယ်ရေ...ခံစားချက်တ္ဂေပြင်းနေပါလား...

မေသစ္စာမောင် said...

တိမ်တွေ ပြိုကျ ပြီး
ကြယ်တွေကြွေ ပြန်
ကမ္ဘာကြီးပျက်....

ဘုရား...ဘုရား
နောက် ဘာတွေများ ဆက်ဖြစ်ဦးမလဲ မသိ.....
ရင်ထိတ်လိုက်တာနော်

နဒီမိုးညို said...

တစ်ကယ်လို့ ..ကမ္ဘာပျက်လဲ..
နှင်းဆီးဖူးလေး..မြင်ယောင်နေလိုက်ပေါ့..
မကောင်းဖူးလား..

rose of sharon said...

သြော်...ကမ္ဘာပျက်တယ်ဆိုတာ ဒါကိုး... :)

မယ့်ကိုး said...

ဒီကဗျာလေး တော်တော်ကြိုက်ပါတယ်။
ကဗျာလေးတွေ ပိုပိုကောင်းလာသလို ခံစားရတယ်။
အားပေးလျက်...

ဇော် said...

ဟုတ်တယ်ဗျ။
ဒေါ်လေးမိုးကယ် ပြောသလိုပဲ။
ကျနော်လဲ ဒီကဗ္ဘာပျက်တယ်ဆိုတာ ဒါကိုးဆိုတဲ့
ကဗျာလေး တော်တော်ကို ကြိုက်မိတယ်ဗျ။ =)

တော်တယ်လို့ မပြောတော့ဘူးနော်။ ကိုစက်က တော်ပြီးသားမို့ပါ။ အဟဲ။

Beauty Studio USA Branded Store said...

ကောင်းတဲ့ကဗျာလေးပဲ မိုးသက်ရေ..
အေ၇းအသားမိုက်တယ်။ခိုက်တယ်.။

mysterysnow said...

ကမ္ဘာပျက်တဲ့နေ့လေးကို လာဖတ်ပါတယ်နော်..
ချစ်သူများနေ့မှာ ဘယ်သူနဲ့ အတူတူရှိနေတာလဲဟင်...
ပြောပြပါလား...
တောဇီးကွက်လေးတွေလား...

Unknown said...

ကဗျာလေးက အရမ်းကောင်းတာပဲ...။

တလနွန် said...

ကဗျာတစ်ပုဒ်လုံး ခံစားချက် ထပ်တူကျနေတယ်။ ကြိုက်တဲ့ ကဗျာတစ်ပုဒ်ပါ သူငယ်ချင်း

ခင်မင်ခြင်းနှင့်
တလနွန်

သက်ထွန်းညိမ်း said...

ကမ္ဘာပျက်ပြီလားညီ
အေးကွ ခြုံစောင်ထူထူတစ်ခုတော့
လိုပြီထင်တယ်း)

ကျောပိုးအိတ် said...

ကမ္ဘာပျက်တယ်.. ပုန်းနေလေ။
း)

တကယ်တော့ ကဗျာကောင်းလေးပါ။

လာလည်ပေးတာကျေးဇူးတင်ပါတယ်ရှင်

မိုးခါး said...

အားလုံးပြောသွားသလိုပဲ
ငါလည်းကြိုက်တယ်
ကမ္ဘာပျက်တယ်ဆိုတာ ဘာပါလိမ့်စဉ်းစားနေတာ
ဒါကိုး ..း))

ပျော်ရွှင်ပါစေ