" နီ. . .ကို. . .ရဲ သို့  ကဗျာတစ်ပုဒ် "

|

အနောက်ဘက်မြို့ ရိုးဆီက နေ၀င်သံဟာ
ဒီနေ့ မှ တော်တော်လေး ကျယ်လောင်ခဲ့တယ်
ရင်ခတ်ပန်းခင်းထဲက ဓားသွားတစ်လက်ကြွေကျသံအဆုံးမှာ
နက္ခတ်တစ်ဝက်နေကြတ်သွားတယ် . . . . .

ဒီတောတန်းလေးအဆုံးမှာ
" လွတ်ငြိမ်းချမ်းသာခွင့် " ရှိတယ် . . . . .

ဒီဆောင်းအိုရဲ့  ရိုးတံ ကြားမှာ
" နဂ္ဂတစ် " တွေ ပျောက်ဆုံးသွားကြတယ် . . . . .

လေညှင်းတိတ်တစ်ခိုး ရှိုက်သံတိုးတိုးနဲ့  အတူ
လမင်းရဲ့  ငြိုးငယ်နေတဲ့  မျက်နှာကိုပါတွေ့ ခဲ့ ရတယ်
တိမ်ညို တိမ်လိပ်တွေကတော့  ဟန်ဆောင်အပြုံးတာင်မပြုံးနိုင်ရှာဘူးထင်ရဲ့ 
ရိုးပြတ်တောလေးမှာတော့ တံတိုင်းရှစ်ခွင် မှိုင်း . . . ပြာ . . . ရီ မို့ လို့  . . . . .

ကြယ်အစင်းစင်းနဲ့  ထွေခင်းနေရတဲ့ 
ဟောဒီ ကမ္ဘာမြေရဲ့  အတွင်းနာဟာ
မျက်လှည့်ဆရာရဲ့  " မငြိမ်းသောမီး " ပြကွက်အဆုံးမှာ
ကြယ်ပြာရောင်အလင်းတန်း တစ်ခု ကမ္ဘာမြေနှုတ်ခမ်းကို အနမ်းနဲ့ နှုတ်ဆက်သွားတယ် . . . . .

ခေတ်သစ်ပျိုးတဲ့  လေထန်ကုန်းယဉ်ကျေးမှုမှာ
မုန်သုန်မြို့ ရဲ့  မှော်ဝင်နေတဲ့  စကားလုံးတွေနဲ့ 
" အိုဇုံးလွှာ " ကိုပြုံးစေခဲ့ တယ် . . . . .

" ကြယ်ကြွေသတို့ သား " ရဲ့  ဇာတ်ညွှန်းကို နီ ကို ရဲ ရေးတယ်
ဒီအတ္ထူပတ္တိကို အလင်းအားကောင်းတဲ့ ပြတင်းတံခါးနဲ့ ဖွင့်ကြည့်ရင်
အဲဒီ နှလုံးသားထဲမှာ ခုထိ " ကြွက် " တစ်ကောင်ရှိနေပါလိမ့် မယ် . . . . .



24.10.09 တွင်ကွယ်လွန်သွားသော လေးစားရသော ဆရာနီကိုရဲ အားအမှတ်တရ
ဓာတ်ပုံ အား မမနော်ဟရီ ဘလော့မှ ကူးယူဖော်ပြပါသည် . . .

" အလွမ်းတန်ဆောင်တိုင် "

|


ဝတ်မှုန်အချင်းချင်း ထိခိုက်ကျကွဲသံကြောင့်
ဂုဏ်သရေရှိ နံနက်ခင်းဟာ
ပန်းကလေးတွေ ရနံ့ မပြယ်ရအောင်
သူ့ ဥပဓိရုပ်နဲ့  လူကြီးလူကောင်းဆန်စေခဲ့ တယ် . . . . .

ခေတ်အဆက်ဆက်က ရှေးကျတဲ့ 
အဖြူရောင် ပါးလွှလွှ ကဗ္ဗလာခင်းတစ်အုပ်
ငါ့ ပြတင်းပေါက်နားက ခပ်ရွရွလေး အုပ်ဖွဲ့  ဖြတ်ပျံသွားကြတယ် . . . . .

ပြက္ခဒိန်ဟာ သွေးအေး သတ္တ၀ါတစ်ကောင်လို
တိတ်ဆိတ်ငြိမ်သက်ရင်း ငါ့ကိုစိုက်ကြည့်နေတယ် . . . . .

ထမင်းရည်ပူစီးမှာ ခေါင်သူကြီးမဖြစ်ခဲ့ပေမဲ့ 
ဌက်ပျောဖတ်နုနု နဲ့  ဗြောသံကဗျာကြားတိုင်း
ဗောဓိရွှေကျောင်းက " ကထိန် " ပုံရိပ်တွေမြင်ယောင်ရင်း
ကုန်လွန်ခဲ့ တဲ့  ရာစုနှစ်က နေ့ ရက်များကို
အလွမ်းတယောထိုးနေမိတယ် . . . . .

ဒါဟာ . . . သီအိုရီအရ
ကောင်းကင်မှာ ပန်းမပွင့်တော့တာမို့ 
လွမ်းကောင်း လွမ်းနေပါလိမ့်မယ် . . . . .

နတ်ဝှက်ခံရမှုကြောင့် မယ်ဇလီဖူးလေးတွေဟာ
ကြေးစားမဆန်တဲ့  လပြည့်ညရောင်အောက်မှာ
ပိန်းကြာရွက်ပေါ်ကရေလို ဆေးပေါင်းခပြီး တောက်ပနေကြပါလိမ့်မယ် . . . . .

ဒါပေမဲ့ ပေါ့လေ . . .
အမိမြေရင်ခွင်ခြားက ဆောင်းခိုဌက်တစ်ကောင်ရဲ့ 
အိပ်ရာဝင် ပုံပြင်အတွက်ကတော့
စည်း ၀ါး ကျချင်မှ ကျပါလိမ့်မယ် . . . . .

တစ်နေ့ နေ့ မှာပေါ့ . . .
ပြန်ရှာမရနိုင်တဲ့  အတိတ်မှာ
အရောင်မပြယ်တဲ့  ဘ၀ပန်းချီကားတစ်ချပ်ကိုဆက်ဆွဲရင်း
ဒီလို . . . တန်ဆောင်တိုင် ညမျိုးတော့ပြန်လိုချင်ပါသေးတယ် . . . . .


" ချစ်ရ တစ်ရက် လွမ်းရက် တစ်ရာ "

|



မြတ်လေးရုံ မှာ
စံပယ်ဖူးငုံလေးတွေ နှင်းစက်ဝေတော့
ရနံ့ မပြယ်တဲ့  ထိပ်ထားရဲ့  လက်ချောင်းလေးတွေဆုပ်ကိုင်ရင်း
" စစ်တစ်ပွဲ အချစ်ပွဲတစ်ရာ " နွှဲချင်မိတယ် . . . . .

ဂန္တ၀င် ပန်းပုရပိုဒ် မှာ
လမင်း ပန်လျက် ပြန်လာသော မိန်းကလေး
ငြိမ်းချမ်းရေး နဲ့  အိပ်စက်လို့ 
" ချစ်ရတစ်ရက် လွမ်းရက်တစ်ရာ " ဝေးကွာပါစေ . . . . .

" ရင် . . . ကွဲ . . . ရုံ "

|


( ၁ )

ကံကြမ္မာဆိုတဲ့  အသဲကွဲ MeLoDy က
အဖြူရောင်သစ္စာကို ရွှက်လွှင့်ရင်း
တစ်အချိုးနှစ် ကို ပြောင်းပြန်လို့ 
အယူခံနှလုံးသား ၀င်လိုက်တယ် . . . . .

အိမ်မက်တွေသေနေတဲ့ 
ရင် . . . ကွဲ . . . ရုံ မှာ
နတ်ဆိုးများအား အ၀ါရောင်ပန်းမပေးရ . . . . .

( ၂ )

ခိုလှုံရာရင်ခွင်မဲ့ နေတဲ့ 
သန်းခေါင်ယံ သစ္ဆေတစ်ကောင်ရဲ့  တိတ်တခိုး
ထွက်ကျလာတဲ့  မီးစုန်းတွေကြောင့်
ငါတစ်ကိုယ်ရေ လင်းသွားတဲ့  ည . . . . .

ငါမှာ . . . တစ်ယောက်တည်းဖြစ်နေရတဲ့ အထဲ
ဆောင်းဥတုပါပျောက်သွားတယ်
ဒီလိုအချိန်တော့  ကန်တော်ကြီးထဲ မဆင်းပရစေနဲ့ 
ကြယ်တွေထကကြလို့  " ငါး " တွေမျက်ရည်မြေခမှဖြင့်
ငါ " မုတ်သုန်မြို့ " ကိုဖျက်ဆီးသူဖြစ်နေပါအုံးမယ် . . . . .

( ၃ )

ပန်သစ္စာတွေနဲ့  ပျိုးထားတဲ့  ဆပ်ပြာပူဖောင်းလေးတစ်လုံး
မီးပင်လယ်ထဲ မျောပါသွားခဲ့ ဘူးတယ်
ငါ လိုက်ဆယ်မယ်လုပ်တုန်း
မှိုင်းညို့ နေတဲ့  ကောင်းကင်ကြီးက ရီဝေေ၀ကြည့်ပြီးလှမ်းပြောတယ်
သံယောဇဉ်တွေသွန်ပစ်ပြီး အမုန်းနဲ့ ဆန်တက်သွားတာပါတဲ့ 

အချစ်မရှိတဲ့ တိုင်းပြည်မှာ
အမုန်းကို ငါ ခစားရင်း
အဓိပတိ လမ်းမကြီးကို ခေါက်တုံ့ ခေါက်ပြန်လျောက်နေမိတယ်
တကယ်တော့  . . .
ငါရောက်နေတာ " လမ်းဆုံ " မှမဟုတ်ဘဲ
" လမ်းဆုံး " ကိုရောက်နေတာပါတဲ့  . . . . .

( ၄ )

ကျောက်သင်ပုန်းတွေ မိုးထားတဲ့လေညှင်းလေးရေ
" အီကွေတာ " ဆိုပေမဲ့ " မိုးကုတ်စက်ဝိုင်း " ကိုနမ်းမရတဲ့ ဘ၀ပါ
ငါ ချွင်းချက်မရှိ လက်နက်ချပါတယ်
တို့ တွေ တိုးတိုးလေးဘဲ ငွေ့ ရည်ဖွဲ့ ကြတာပေါ့ 
သွားတော့ ဘေဘီ
ဟိုမှာ နေ၀င်ချိန်လေးတောင် အိပ်တန်းတက်သွားပြီ . . . . .

" ကန္တရ ပင်လယ် "

|


တစ်ပွင့် နှစ်ပွင့် ပန်ချင်ရုံလောက်နဲ့ 
ပန်းချစ်သူလို့  ပြောကြမလား
တစ်ခါ နှစ်ခါ လောက်ရှိုက်တတ် ရုံနဲ့ တော့
သမ္ဘာရင့် တဲ့ အနုပညာရှင် မဖြစ်နိုင်ပါဘူး
ကံကြမ္မာ မသိတဲ့  ၀ှက်ဖဲဆိုတာ
ဇာတ်ဆရာတိုင်း ကလို့ ရတဲ့  ခုနစ်ထွေ အကမှ မဟုတ်တာ
အလင်္ကာတွေ မစိုစွတ်တော့ တဲ့  ဒီကမ္ဘာကြီးမှာ
နှင်းဆီဖူးတွေကတော့ တဖြောက်ဖြောက်နဲ့  စိုရွှဲလို့ 
ကိုယ့် လေးညှို့ ကိုယ်ဆွဲထွက်ဖို့ ကြတော့လည်း
အက္ခရာတွေက ငါ့ကိုဝှက်ထားကြတယ်
တကယ်တော့လည်း ဒီမြို့ ပျက်ကြီးမှာ
ကိုယ့် ယဉ်ကျေးမှု နဲ့  ကိုယ် ရူးနေကြတာပါဘဲ
ဘာ ဖြစ် လဲ . . . . .
ကမ္ဘာမြေရဲ့ တစ်နေရာမှာတော့ အားပေးမဲ့ လူရှိမှာပါ
ဟော . . . . .
ပြောရင်းနဲ့  မိုးပေါ်မှာ ကောင်းကင်တွေရွာချလို့ 
ကြယ်တွေ စီးချင်းထိုးနေလိုက်ကြတာများ
ပင်လယ်တောင် ကန္တရ ဖြစ်သွားရှာတယ် . . . . .