" အကန်.အသတ် မရှိ "

|


ဆံနွယ်စတွေ လေမှာဝဲတော.
ရေထဲ က လရိပ်တောင်
ရနံ. တွေ ကြွယ်လာတယ် ...
ကဗျာ စာဆို တိုင်း
" ဒဿဂီရိ " မထင်ပါနဲ. ...
ဒီလိုဆိုရင်ဖြင်.
ငါဟာ ... " အရိန္ဒမာ "
ငါ. ကဗျာရဲ. အသည်းကိုတော.
ငါ ခွဲပရစေ ...
ဖြစ်နိုင်ရင်
ဘယ်သူ မှ မတားပါနဲ.
တကယ်လို. ...
ပစ်မှတ်နဲ. သိပ်ဝေးနေရင်တော.
ငါ.ကို
" မဏိစန္ဒာ " မချစ်လို.ပေါ. .....။.....။


23 comments:

WWKM said...

အသဲမကွဲပဲရေးထားတဲ့ ကဗျာလေးဖတ်သွားတယ်
မိုးစက်ရေ..
ကွဲစရာအသဲမရှိသေးဘူးဆိုပါလား.. ယုံစရာပဲ..အခွင့်
အရေးရတုန်းကြော်ငြာဝင်သွားတာ.း))

ကျောပိုးအိတ် said...

သြော်

ဒီလို စကားပြေပြန်ဆိုထားတော့လဲ ဟုတ်နေရောဘဲ။
အဟဲ

mysterysnow said...

အသဲမကွဲတဲ့ ကဗျာဆရာကြီးရေ
ကြော်ငြာတွေ ဝင်နေလိုက်တာနော်....
ပြောမထားလဲပဲ သိနေသလိုလို...

အသည်းကွဲချင်တဲ့အချိန်ကျရင်သာ လက်တို့လိုက်နော်...
မိနစ်ပိုင်း စက္ကန့်ပိုင်းအတွင်းမှာ ကွဲစေရမယ်...
အာမခံတယ်...

မှတ်ချက်... ကြော်ငြာဝင်ခြင်းမဟုတ်ပါ....

မနှင်း

Dream said...

ဟဟဟ
သူအသည်းမကွဲတိုင်း ကဗျာကို အသဲခွဲနေတယ်။

အရိန္ဒမာ အသိဆုံးဖြစ်မှာပါလေ... ဟိဟိ...
ဖွလိုက်ရမလား...ပြော............ (ဘာမှ လာမမေးနဲ့နော်.......အသေသတ်ပဲ ) :P

ကဗျာလေးက ဂွတ်တယ်။

Unknown said...

မိုးစက်တို့ကတော့ .... လုပ်ချလိုက်ပြီ...

........ဆံနွယ်စတွေ လေမှာဝဲတော.
ရေထဲ က လရိပ်တောင်
ရနံ. တွေ ကြွယ်လာတယ် ........

ခံစားထားလိုက်တာ အပြတ်အသတ်ပဲးp

ကဗျာဆရာတိုင်း အသဲကွဲ ပြီးကဗျာ ရေးတာ မဟုတ်ဘူး
လို.ရေးဖွဲ.ထားတာပါခင်ဗျ ...

အဲလိုပြန်ဖြေရှင်းလို့ မ၇ကြေးနော် .....။းD

ခင်မင်မှု မြောက်များစွာဖြင့်
နှင်းဟေမာ

ကြယ်ဖြူစင် said...

ကွဲစရာအသည်းမရှိတဲ့..ကဗျာဆရာဒဿဂီရီရေ
အသည်းမကွဲပေမယ့်လည်း..ဖန်တီးလိုက်တဲ့ကဗျာ
တိုင်းကအရမ်းကောင်းနေတော့.ထင်မိတာ
နေမှာပါ..မဏိစန္ဒာကမင်းသမီးဆိုတော့..
ခင်ဦးက မင်းသားတော့မဟုတ်တာသေချာတယ်
သူသူလေးလည်း..မှန်မှန်ဖြေမောင်ဒဿ....

အိုက်ခီလောက် said...

ကဗျာေ၇းပြီးကွဲစရာအသဲမရှိဘူး ဟုတ်တယ်ပေါ့လေ ကိုမိုးစက် ဒါဆို ကွဲစရာတော့ရှိပါသေးတယ် ဟုတ်ဖူးလား :D

desertraindrops said...

အသဲမကွဲပဲ အသဲကွဲကဗျာရေးထားတယ်။ :)) ပစ်မှတ်နဲ့သိပ်ဝေးနေရင်တော့ ငါ့ကို မဏိစန္ဒာ မချစ်လို့ပေါ့ ဆိုတဲ့အပိုဒ်လေး မိုက်တယ်။ ပစ်မှတ်နဲ့ နီးနီးလေးနေနော့။

သူကြီးမင်း (တုံးဖလား) said...

ညီရေ..
ညီပြောတာဟုတ်ပါတယ်။ ကဗျာဆရာတိုင်း အသဲကွဲပြီး ကဗျာရေးနေတာမဟုတ်ပါဘူး။

တစ်ခါတစ်လေမှာ.. အချစ်ဟာ ကဗျာ။
တစ်ခါတစ်ရံမှာ... အမုန်းဟာ ကဗျာ။
တစ်ခါတစ်ခိုက်မှာ.. အလွမ်းဟာ ကဗျာ။
တစ်ခါတစ်ခါမှာတော့... ကဗျာဟာ ကဗျာပါဘဲ။ ။

ပျော်ရွှင်ချမ်းမြေ့ပါစေ ညီ။ ။

Anonymous said...

မေသစ္စာမောင် said...

မိုးစက်ရေ
အပေါ်က ဘယ်သူလေးတုန်းကွယ့်

အလန်းလွန်သွားတယ်လို့ မက်မက်(Dream)ဆီမှာ အော်ထားပြီး ဒီမှာတော့ကွဲစရာ အသဲမရှိတဲ့
အဲဒါကြောင့်ပြောတာပေါ့....တော်ယုံလန်းပါလို့ဆို အဟဲ:D

မယ့်ကိုး said...

ကဗျာလေးအဆွေးဖြတ်နေတုန်း အောက်ကစာလေးကြည့်ပြီး ပြုံးရတယ်။ =)

မိုးခါး said...

အင်း
အသည်းကွဲစရာမရှိဘူးဆိုပြီး ကျန်စစ်မင်းလိုတော့ မလုပ်နဲ့ပေါ့ကွယ် :P

ဇော် said...

အယ်အယ်

ကွဲစရာ အသဲမရှိဘူးဆိုပြီး အပေါ်မှာ ကိုစက်ကို မောင်တဲ့
ပြီးတော့ ကလေးတဲ့။ ဟဲဟဲ။
လျှိုနေပြန်ပြီ။ ဒီလူကြီးတော့။ အချင်းချင်းတွေကို။ ဟဲဟဲ။ =]

Beauty Studio USA Branded Store said...

မင်းကျန်စစ်ရဲ့နှလုံးသားဝေဒနာပဲ။ ခံစားမှုရသလေးပေါ့။
ပျော်ပါစေညီရေ။

လင်းကြယ်ဖြူ said...

တစ်ရံတစ်ခါဆီက ပုဂံရာဇ၀င် အချစ်ဇာတ်လမ်းမှာ..
သီချင်းလေးတောင်သွားသတိရမိလေရဲ့...

ပျော်ပါစေ

ဆောင်းယွန်းလ said...

ဒီလိုဆိုရင်ဖြင်.
ငါဟာ ... " အရိန္ဒမာ "
ငါ. ကဗျာရဲ. အသည်းကိုတော.
ငါ ခွဲပရစေ

ကဗျာအသည်းကွဲသွားပြီလားညီလေး
အသည်းကွဲကဗျာတွေရေးတော့မယ်ပေါ့

ကာရံဆူး said...

ကဗျာလေး မိုက်တယ်...ကဗျာဆိုတာ ခံစားချက်ရှိမှ ရေးလို့ ရတာလို့ ထင်တာပဲ...ခံစားမှုသည် ကဗျာလေ..ဒါပေမဲ့ ခံစားရတိုင်း ကဗျာ မဖြစ်ဘူး...ရှုပ်သွားလား မသိဘူး...မရှင်းတော့ဘူးနော်...ပြန်ပြီ...:P

စည်သူ said...

ဟုတ်ပါတယ်ဗျာ...

ထင်ချင်လည်း ထင်လောက်ပါပေတယ်
ကဗျာကိုဖတ်ပြီး အနီးစပ်ဆုံးတွေးပြီး မြင်မိတာက ကဗျာဆရာကိုလေ..

ခံစားချက်က အဲလိုဖြစ်နေမလားလို့ပေါ့

ဟဲ.. ဟဲ.. ဟဲ..
အဲလိုမဟုတ်ဘူးဆိုရင်
ကောင်းတာပေါ့ဗျာ..

မဟုတ်ရင်တော့
H1N1 ထက်ဆိုးသွားမယ်..းP

ခင်မင်စွာဖြင့်
စည်သူ။

rose of sharon said...

အသည်းကွဲစရာမရှိသူရဲ့ ကဗျာလေးကို ဖတ်သွားပါတယ်

ကဗျာမလေး said...

ကဗျာ ကတော့ လောလောဆယ် အသည်းမကွဲဘူးနော် ... ဟီ ဟိ

Chitpalonelay said...

အန်တီမိုးရေ ဘာမန့်ရမှန်းတောင်မသိတော့ဘူး ဂယ်ပဲဂယ်ပဲ။ မန့်တော့ဘူး လာနောက်နေတယ်။ မဏိစန္ဒာ နဲ့ခင်ဦးကိုဟီး
ခင်မင်လျှက်
ညီမလေး ပါးလုံး

yangonthar said...

ကဗျာဆရာသာ အသည်းကွဲခဲ့ရင် ပြန်ဆက်လို့ တောင် ရမှာ မဟုတ်ဘူးထင်ရဲ့ အသည်းကွဲကြည့်
ရင်းနဲ့ အသည်းမကွဲတော့တာဖြစ်မယ်
ခင်တဲ့ 
ရန်ကုန်သား