" ၁၇ နှစ်ရဲ. ရေသောက်မြစ် " ( ညီငယ် သက်အောင်မွေးနေ.အမှတ်တရ )

|

" လေရူးနှင်.အတူ "
တရှိုက်မတ်မတ်
အလင်းတန်း ကိုရှာရင်း
သင်ပုန်းကြီး ကို
OxYgEn နှင်.
တွဲ၍သောက်သုံးနေသူ ...

" တာရာမင်းဝေ "
အငွေ.အသက်တွေ နဲ.
ကာရန်မဲ. မြို.ပြယဉ်ကျေးမှုမှာ
ရှင်သန် ရင်း
ဝိဥာဉ်မဲ. ကလောင်တစ်ချောင်းကို
အသက်သွင်းနေသူ ...

သစ်ရွက် လှုပ်ပေမဲ.
ရင်မခုန်တဲ.
ဒီ ၁၇ နှစ်သား
" ကလောင် တိုက်ပွဲ "
မင်သားက
ကမ္ဘာမကျော်သေးသော်လည်း
" အဂ္ဂါဆီ " ထက်ရိုက်ချက်ပြင်းသူ ...

ရင်ဘတ်တူ
" သူရဲနီ " ထဲက
အညတရ ကြယ်စင် ...
GrEaT wAlL ကို
အကြောင်းပြုလို.
ဦမကျိုးဘဲ ...
" ၀ီလျံအာသာဝဒ် " ကို
ဗဟိုပြုလို.
စံချိန်တွေ ရိုက်ချိုးနိုင်ပါစေ .....။....။

ညီလေး သက်အောင် ရေမွေးနေ.မှာ ပျော်ရွှင်ပါစေဗျာ ... မနက်အိပ်ရာထလို.
ကွန်ပြူတာဖွင်.တယ်ဆိုရင်ဘဲ ညီလေးက မွေးနေ.အတွက် ကဗျာရေးပေးပါ
တောင်းဆိုလို. မျက်နှာမသစ်ဘဲ ရေးပေးလိုက်ပါတယ် :P ... ကျေနပ်မယ်ထင်
ပါတယ်ညီရေ .... ပျော်ရွှင်သောမွေးနေ.လည်း ဖြစ်ပါစေဗျာ ....

16 comments:

သုခုမလေဒီ said...

ဟေးး နံပါတ် ၁ နေရာအရင်ယူမယ်

သုခုမလေဒီ said...

မိုးစက် ရေ ကဗျာလေးက မိုက်တယ်။ မွေးနေ့ ရှင်တော့ ၀မ်းသာမှာပဲ။ မွေးနေ့ ရှင်လည်း ၁၇နှစ်ပြည့်မွေးနေ့ မှ စပြီး ဆန္ဒတွေအလုံးစုံပြည့်စုံပါစေနော်။

Unknown said...

မွေးနေ့ကဗျာလေးလာဖတ်ပါတယ်....။

rose of sharon said...

မွေးနေ့ကဗျာတွေ တောင်းဆိုရင် ရေးပေးတယ်ပေါ့... မှတ်ထားမယ်နော်...

ခြေလှမ်းသစ် said...

မွေးနေ့ကဗျာလေးကို ဖတ်ရင်း ကဗျာနှင့် အတူ မွေးနေ့ရှင်အား အတူ ဆုတောင်းပေးလိုက်ပါတယ်

သက်အောင် said...

ဟီး .................
ငါ့ အကိုကြီး ကျေးဇူးကမ္ဘာ
အကို မိုးစက်အိမ် လဲ အမြဲ ပျော်ရွှင်အဆင်ပြေပါစေ.....
အနုအရွအလှအပ ကဗျာလေးတွေလဲ ဆက်လက်ရေးသားနိုင်ပါစေ ။

အကို မိုးစက်အိမ် ရဲ့ ကဗျာတွေကိုအမြဲအားပေးနေတဲ့

သက်အောင်

ဧရာဝတီသား said...

ကဗျာတွေ ကတော့ ဘာအကြောင်းရေးရေး ကောင်းနေတာပဲ။ မွေးနေ့ရှင်ကိုလည်း မွေးနေ့မှာ ပျော်ရွှင်ပါစေကြောင်း ဆုတောင်းပေးသွားပါတယ် ဗျာ။
ခင်မင်လျက်

Dream said...

ဟင့်...မျက်နှာမသစ်ပဲ ရေးတဲ့ကဗျာမို့လို့ထင်တယ်... ဟိဟိ....

ကဗျာက မိုက်တယ်။ နောက်လ မက်မက်မွေးနေ့ကျရင်လဲ
ရေးပေးရမယ်နော်..ဒါပဲ..
အထူးသတိပေးချက်....မျက်နှာသစ်ရေချိုးပြီးမှ ရေးပေးရန်... :P

အဟီးးးးး

Dream said...

ဟင့်...မျက်နှာမသစ်ပဲ ရေးတဲ့ကဗျာမို့လို့ထင်တယ်... ဟိဟိ....

ကဗျာက မိုက်တယ်။ နောက်လ မက်မက်မွေးနေ့ကျရင်လဲ
ရေးပေးရမယ်နော်..ဒါပဲ..
အထူးသတိပေးချက်....မျက်နှာသစ်ရေချိုးပြီးမှ ရေးပေးရန်... :P

အဟီးးးးး

သူကြီးမင်း (တုံးဖလား) said...

လေရူးနှင့်အတူကို ခြေချဖြစ်တယ်။ သင်ပုန်းကြီးကို စားသုံးနေပေမဲ့ သူ့ဆရာ့ဝိဥာဉ်က သက်မဲ့ကလောင်ကို သက်ရှိဖြစ်စေမှာပါ။

ရင်မခုန်တတ်သေးပေမဲ့ ကဗျာ့ရိုက်ချက်က ဆမ်းပရပ်ထက်တောင်သာမှာ သေချာပါတယ်။

သရဲနီပရိသတ်ချင်းမို့ ရင်ဘတ်တူကြတာတော့ အမှန်ပါ။ (ဒါပေမဲ့ အောက်တန်းတက်ဘန်လေကို ရှုံးသွားတာတော့ နာတယ်)။

ဂရိတ်ဝေါဘက်မျက်နှာမပြုဘဲ အသာဝဒ်ဘက် ဦးလှည့်ရင်တော့ စံချိန်တွေ အပိုင်းပိုင်းပြတ်မှာ သေချာပါတယ်။

ညီရဲ့  ညီကို ပြောလိုက်ပါဦး။ Happy Birthday ပါလို့။

မိုးခါး said...

မွေးနေ့ရှင်အတွက် ကဗျာရှင်နည်းတူ ဆုတောင်းပေးလိုက်ပါတယ်နော်
ပျော်ရွှင်စရာ မွေးနေ့များ ဆက်လက်ပိုင်ဆိုင်ပါစေ ..

poemflower said...

မွေးနေ့ကျရင်ရေးပေးအုံးနော် ကြိုတင် ဘွက်ကင်လုပ်သည်...
မိုးစက်အိမ်ရဲ့ညီလေး အားလုံး အဆင်ပြေပါစေရှင် မွေးနေ့မှာ ပျော်ရွင်ပါစေ..

မယ့်ကိုး said...

အဲဒီလို မွေးနေ့ကဗျာလှလှလေးတစ်ပုဒ်လောက် ရေးဖို့တော့ စိတ်ကူးရှိသား။မရေးဖြစ်ပါဘူး။

desertraindrops said...

မွေးနေ့ရှင် သက်အောင် happy birthday ပါ။ မွေးနေ့မှစ စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာနဲ့ သားလိမ္မာဖြစ်ပါစေ။

ကျောပိုးအိတ် said...

မျက်နှာမသစ်ဘဲရေးထားတာတော် တော်တော်ကောင်းနေတယ်။ ရေချိုးပြီးမှ ရေးရင် ပိုလန်းမယ်နော်။
အဟီး........

ချောတီး။ ရန်မစ မနေနိုင်လို့ ။
း)

မွေးနေ့ အတွက် ကဗျာလေးတွေ ဖွဲ့ ပေးတယ်ဆိုတာ မှတ်ထားလိုက်ပြီနော်။

စကားများနေတာနဲ့ မွေးနေ့ ရှင်တောင် ဆုမတောင်းပေးရသေးဘူး။

ဟတ်ပီးဘတ်ဒေးပါနော်။

ဇော် said...

အဲ့ဒီသက်အောင် ကံကောင်းတယ်နော်။ သူ့မှာ ကိုစက်လို ကဗျာရေးတော်ပြီး မွေးနေ့လက်ဆောင် ကဗျာပေးမယ့် အကိုတစ်ယောက်ရှိတာ။ =]