
အကျွန်ုပ်၌
စိတ်ကူးယဉ်ဆန်သော " ခံစားမှု " သည်
ချစ်သူအတွက်အစပြုဖွဲ့ စည်းကြကုန်၏ . . . . .
" ရင်ခုန်သံတို့ လေဝှေ့ ခံရသောအခါ "
အကျွန်ုပ်၌
ကြည်လင်သန့် ရှင်း " ကြင်နာခြင်း " သည်
ချစ်သူအတွက်သန္ဓေတည်ကြကုန်လေ၏ . . . . .
" ဘုံကြိုးပြတ်တဲ့ဒေ၀ီနတ်မျိုးနွ
အကျွန်ုပ်၌
စကြာဝဠာသူရဲကောင်းဆန်ဆန် " ချစ်ခြင်းအမှန် " သည်
ချစ်သူအတွက်မွေးဖွားကြကုန်လေ၏ . . . . .
" သံယောဇဉ်ပျိုးပစ် "
အကျွန်ုပ်၌
ကြိုးကျစ်တည်ဆောက်သော " နားလည်မှု " မျိုးစေ့တစ်ပေါက်သည်
ချစ်သူ့ ရင်ခွင်ထက် ထွန်ရေးညက်ကြကုန်လေ၏ . . . . .
" ထိုမှတဆင့်ရင်မှဖြစ်သော် "
အကျွန်ုပ်၌
မြူမှုန်ကင်းဝေးအလင်းပေးသော " သစ္စာမီးအိမ် " တစ်လုံးသည်
ချစ်သူ့ တစ်ပင်တိုင်ထက် ထွန်းလျက်ဝင်းပကြကုန်လေ၏ . . . . .
" တ...စ...တ...စ "
အကျွန်ုပ်အချစ်သည်
သက်တန့် မပြယ် ဆေးမကယ်ဘဲ
အချစ်တေးသံ သောသောညံ
ရင်ကြားစိုက်နစ် ကောဇာသက္ကရာဇ် ( ၁၄၇၂ ) နှစ်ရှည်စေသော် . . . . .

21 comments:
နောက်ဆုံးက
တ..စ...တ..စ
ဆိုတာဘာကိုပြောတာပါလိမ့်နော်...
တ..စ တ..စ
ဆိုတာအချိန်တွေ ကြာညောင်းလာတာနဲ့ အမျှ
ကိုဆိုလိုတာပါ ရို့ စ် ရေ . . . :)
ဟောဗျာ လှလိုက်တဲ့ ကဗျာလေး
ညီလေး က တော့တကယ့် ကို တော်တဲ့ ကဗျာဆရာပဲဗျာ။
အမြဲအားပေးလျှက်ပါ။
ကိုမောင်မောင်
ကောဇာက ဘာလို့ ပါလာတာတုန်း ကိုမိုးစက် ကောဇာက ရွာပြန်သွားတယ်လေး))))
ခင်မင်စွာဖြင့်
ဗညားရှိန်
ကဲ.. ဒီ၂ယောက်ကြား ချစ်ခြင်းတွေ နှစ်ပေါင်း ရာရှည် ခိုင်မြဲပါစေသော်။
ကောဇာသက္ကရာဇ်ရော၊ ခရစ်သက္ခရာဇ် ရော အကုန်ပါစေသတည်း။
ကိုမိုးစက်ကဗျာလေးက တကယ်ကိုနုရွနေတယ်ဗျာ
လန်းဆန်းသွားတယ် ဖတ်ရတာ ကြိုက်တယ်
အင်း တ စ တစ ပိုပိုပြီး တိုးတိုးလာတယ် ဆိုပါတော့..။
တော်တော်ချစ်ပါ့နော်..။
ခင်မင်တဲ့
မွန်
အချစ်တွေ တ ..စ..တ စ
တိုးစည်ကာ သြဇာသက္ကရာဇ်
ကောဇာသက္ကရာဇ်ရော၊ ခရစ်သက္ခရာဇ်
ခရစ်နှစ်ပေါင်းများစွာတိုင် ချစ်ခရီးလမ်းရှည်ပါစေ။
ကိုမိုးစက်ရေ
ခင်မင်စွာဖြင့်
ခိုင်နုငယ်
ကဗျာလေးကောင်းလိုက်တာ မိုးစက်ချစ်သူတော့ပျော်နေလောက်ပြီ
ဒီလိုနားလည်မှုချစ်ခြင်းမေတ္တာတွေ သစ္စာတည်မှတော့ သက္ကရာဇ်ပေါင်းများစွားကို ပျော်ပျော်ရွှင်ရွှင်နဲ့ဖြတ်သန်းနိုင်ပါစေရှင်းးးး
သာယာချမ်းမြေ့တဲ့ဘဝလေးကိုပိုင်နိုင်ပါစေရှင်း
မိုး
ဘယ်ကလာ.... ကိုမိုးစက်ချစ်သူက...ပျှော်နိုင်ရှာမလဲ???.... သူ့ခမျာ ချစ်သူမှမရှိတာ.... သနားစရာ....:D :D
ဘယ်ကလာ.... ကိုမိုးစက်ချစ်သူက...ပျှော်နိုင်ရှာမလဲ???.... သူ့ခမျာ ချစ်သူမှမရှိတာ.... သနားစရာ....:D :D
ဘယ်ကလာ.... ကိုမိုးစက်ချစ်သူက...ပျှော်နိုင်ရှာမလဲ???.... သူ့ခမျာ ချစ်သူမှမရှိတာ.... သနားစရာ....:D :D
ဘယ်ကလာ.... ကိုမိုးစက်ချစ်သူက...ပျှော်နိုင်ရှာမလဲ???.... သူ့ခမျာ ချစ်သူမှမရှိတာ.... သနားစရာ....:D :D
1472 ထိအချစ်သက်တမ်းရှည်ပါစေရှင်.
ကိုမိုးစက်ရေ မွေးနေ့လာဖိတ်တယ်နော်။ ကျွေးနေမွေးနေပြီဗျ။ လာစားပါဦး
ခင်မင်လျှက်
ကိုကိုးအိမ်
ကဗျာတွေ အရမ်းကောင်းတယ်ဗျာ...
ခံစားမှုအားကောင်းသလို အရေးအဖွဲ့လည်း သားနားပါပေတယ်...:) :)
အိုး တော်တော်ကောင်းတဲ့ ကဗျာ...
ရင်ဖွင့်ကုန်ပြီပေါ့..
သက္ကရာဇ်ကိုတော့ လောဘမကြီးနဲ့လေနော့..း)))
ထပ်တူ ဆုတောင်းပေးသွားပါတယ်...
Post a Comment