
ဆောင်ဦးပေါက် အိပ်မက်လေး
ဝိုက်ဖြာသက်ဆင်းတော့
ဂွမ်းကပ်စောင်ပါးလေးနဲ့ 
အနွေးဓာတ်ကို ဒဏ်ခတ်
မဆီမဆိုင်နဲ့  . . .
ကောင်မလေးမရှိတဲ့ညတွေမှာ
" အလွမ်း " တွေ ကို အရမ်းငတ်တယ် . . . . .
အိပ်ပျက်တစ်ဆင်ဆာအလင်းဆိုတာက
" အလွမ်းထု " ရဲ့ တေးသီချင်း
ညရေး ညတာအတွက်မတတ်သာလို့ 
လင်းရတဲ့လမင်းကို သနားပေမဲ့
ချစ်ခြင်းရဲ့ မာတိကာမှာ
တိမ်တွေကိုသီ ကြယ်တွေကိုစီပေးချင်သူ . . . . .
ရိုရိုသေသေပြောရရင် . . .
" အလွမ်း " ဆိုတဲ့ခက်စစ်စကားလုံး
ဘ၀မှာစာချုပ်စာတမ်းလို သုံးခဲ့လို့ 
ဘယ်ဣိယကိုမှ မပြုံးစေခဲ့ဘူးတဲ့
မင်းအတွက် ငါ့ နန်းသုံးအက္ခရာတစ်လုံးပါ . . . . .
ရလဒ်အကြွင်းအဖြစ်
အလွမ်းရဲ့  ဒီအဆောင်အယောင်ချီးမြှင့်ခန်းမှာ
ငါကဘာဆုတံဆိပ်မှ မမျှော်မှန်း
ဘယ်သံလွင်ခက်ကိုမှလည်းမခူးနမ်းခဲ့ပေမဲ့
မင်းပြန်အလာပေးမဲ့ ပုဇင်းရှပ်ပျံအနမ်းမှာတော့
သူရဲကောင်းမှတ်တမ်း ၀င်ချင်မိရဲ့ ကွယ် . . . . .

11 comments:
“မဆီမဆိုင်နဲ့...
ကောင်မလေးမရှိတဲ့ညတွေမှာ
အလွမ်းတွေကို အရမ်းငတ်တယ်...”
“အလွမ်းဆိုတဲ့ခက်စစ်စကားလုံး
ဘဝမှာ စာချုပ်စာတမ်းလို သုံးခဲ့လို့
ဘယ်ဣိယကိုမှမပြုံးစေခဲ့ဘူးတဲ့
မင်းအတွက် ငါ့နန်းတွင်းသုံးအက္ခရာတစ်လုံးပါ....”
ကောင်မလေးကတော့ အဲဒီစာသားတွေကြားမှာ ပီတိပြုံးလေး ပြုံးနေမှာသေခြာတယ်...း)
သူရဲကောင်းမှတ်တမ်းဝင်တဲ့
အလွမ်းသူရဲကောင်းဖြစ်ပါစေလို့
ဘလော့ဂါတွေအခုတလော
လွမ်းနေတာများတယ်း)
ကဗျာလေး ဖတ်သွားတယ် အလွမ်းတွေ အမြန်ဆုံး နိဂုံးချုပ်နိုင်ပါစေ မိုးစက်အိမ်ရေ...
ကဗျာမှာသုံးတဲ့ အသုံးအနှုန်းလေးတွေက အမြဲကောင်းနေတာပဲနော်။ ပုဇင်းရှပ်ပျံအနမ်းဆိုတာလေးကို တော်တော်သဘောကျသွားတယ်။
မိုးစက် ရေ လူတိုင်းကအလွမ်းနဲ့မကင်းကြပါဘူးကွာ မင်းရဲ့အလွမ်း ပိုနှူးညံ့တယ် ဟေ့
ညရေးညတာအတွက်မတတ်သာလို့ လင်းရတဲ့ လမင်းတဲ့လား... ရေးတတ်လိုက်တာဗျာ... ကဗျာကောင်းလေးတစ်ပုဒ်ပါ....
အဲဒီ ကိုမိုးစက်အိမ်..
ကဗျာစာသားတွေက လန်းထွက်နေတာပဲ..
ဂွတ်သလားမမေးနဲ့..ဂွတ်ဂွတ်..။
မိုက်တယ်ဗျို့ စာမရေးတာကြာပေမယ့် ပြန်ရေးတော့ လက် က ပိုစွမ်းလာတယ် ကိုမိုးစက်
အဟွန်း အဟွန်း... ပြောတော့ဘူးးးး)))
Post a Comment