
လေးကြိုးကို ဆွဲရင်း
လေထဲ လွှင့်လိုက်တော့
လခြမ်းလေး ကွေးသွားတယ် . . . . .
ငါ . . .
လရောင်ဆာတဲ့ပင်လယ်လို
အရှုံးတွေကို ပုခုံးမှာထမ်း
စာတမ်း တွေလည်း
တသီတတန်း တင်ခဲ့ဖူးပြီ . . . . .
" သုည " တွေပွင့်တဲ့ဘ၀မှာ
အတ္တတွေ နဲ့ 
ကိုယ်ကလူဖြစ်ခဲ့ရ . . . . .
ဟန်ဆောင်ဖုံးဖိထားပေမဲ့
တိတ်တိတ်လေး
" တစ် " ဂဏန်းနဲ့ 
ထိပ်တန်းက ဖြစ်ချင်သူ . . . . .
အခုတော့ . . .
တစ်ကိုယ်တော် အတ္တတစ်ခြမ်းကို
ကိုယ့်ဆန္ဒနဲ့  ကျောခိုင်း
ဓမ္မတေးသံ တစ်ပိုင်းနဲ့ 
ကိုယ့်စိတ်တွေကို ငြိမ်းချမ်းခိုင်းလိုက်တယ် . . . . .

15 comments:
ဟန်ဆောင်ဖုံးဖိထားပေမယ့်
တိတ်တိတ်လေး မင်းချစ်သူဖြစ်ချင်သူပါခင်ဗျား)
ကျွန်တော်အတွက် ကျွန်တော်ပြင်သွားတယ်း)
စိတ်ငြိမ်းချမ်းပါစေဗျာ
ငြိမ်းချမ်းတာအကောင်းဆုံးပါပဲ၊ ကြိုးစားပေါ့...
ကဗျာလေး ခံစားသွားတယ် ပုံလေးကိုလည်း သဘောကျမိတယ်။
အခုတော့
တစ်ကိုယ်တော် အတ္တတစ်ခြမ်းကို
ကိုယ့်ဆန္ဒနဲ့ ကျောခိုင်း
ဓမ္မတေးသံ တစ်ပိုင်းနဲ့
ကိုယ့်စိတ်တွေကို ငြိမ်းချမ်းခိုင်းလိုက်မယ်။
ဒါလည်းကောင်းပါတယ်။ ကိုမိုးစက်ရေ.....
ဟုတ်တယ် နောက်ဆုံးအပိုဒ်ကို သဘောကျတယ်။
ဓမ္မတေးသံနဲ့ ငြိမ်းချမ်းနိုင်ရင် အကောင်းဆုံးပါဘဲ
တစ်ခါတစ်ခါတော့ စိတ်တွေက ပူလောင်ရတယ်လေ ငြိမ်းအေးရာ ရှာတွေ့ဖို့လိုတယ်
ဟန်ဆောင်ဖုံးဖိထားပေမယ့်
တိတ်တိတ်လေး တစ် ဂဏန်းနဲ့ ထိပ်တန်းက ဖြစ်ချင်သူ ဆိုတဲ့ စာသားလေးကို ကြိုက်တယ် :)
ခံစားချက်ကဗျာလေးကို ထပ်တူခံစားပေးခဲ့ပါတယ် ခင်ဗျာ...
ဓမ္မတေးသံတစ်ပိုင်းနဲ့ တကယ်ဘဲ စိတ်တွေ ငြိမ်းချမ်းနေပြီလား ညီ။ ကောင်းပါ့ကောင့်ပါ့။း))
ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)
ကောင်းလိုက်တဲ့ ကဗျာလေး...
အမြဲ ငြိမ်းငြိမ်းချမ်းချမ်း ရှိနေပါစေလို့ ဆုတောင်း ပေးလိုက်ပါတယ်။
သုညတွေ ပွင့်ခဲ့တဲ့ ဘ၀မှာတဲ့
သုံးလိုက်တဲ့ စကားလုံးလေးတွေ
လှလွန်းတယ်ဗျာ
ဟုတ်တယ်နော်....လူတိုင်းက ဟန်ဆောင်ဖုံးဖိထားကြပေမယ့် တိတ်တိတ်လေး ထိပ်တန်းက ဖြစ်ချင်နေကြမှာပါပဲ....တရားနဲ့ကိုယ့်စိတ်ကိုကိုယ် ငြိမ်းချမ်းအောင် ထားနိုင်တာတော့ အကောင်းဆုံးပါပဲ။
ကဗျာလေးပြီးအောင်ဖတ်ပြီးတော့..
ငြိမ်းအေးသွားသလိုပါဘဲ
“၁” ဂဏန်း မရလို့ တော်တော်တင်းနေပုံပေါက်တယ်..
ယနေ့မှ“စ”လို့ “၁” ဂဏန်းနဲ့ ထိပ်ဆုံးနေရာကို ရပါစေလို့ ဆုတောင်းပေးခဲ့တယ်နော်...
Post a Comment