
ဓာတ်ပုံထဲ ခိုးခိုးကြည့်ရုံနဲ့ တော့
" ဘ၀ " က ရင်ခုန်ရတာဘဲ
အဖတ်တင်လိမ့်မယ် . . . . .
ဖြစ်နိုင်မယ်ဆိုရင်
ငါ့အချစ်ရာဇ၀င်မှာ
တိတ်တခိုးကျမ်းတစ်ပိုဒ်နဲ့ 
စီးနင်း တိုက်ခိုက်
နင့် ရင်ခုန်သံတွေကို
ခဏလောက်သိမ်းပိုက်ချင်တယ် . . . . .
လေပွေမခြွေတဲ့
နှင်းဆီပျိုလေးရေ
ဝိညာဉ်ပါဠိကိုအနက်လိုပြန်ကြည့်တော့
ရီဝေ့ပျံ့ တက် ကညာပျိုရင်ခွင်ထက်
ဆွေးမြေ့ မှုန်ရီ စိုစွတ်မှုရင်ခုန်သံကို
ခုံမင်မိချေပြီ . . . . .
တကယ်တော့လည်း
လေစီးထဲဖွာကျဲလှပနေတဲ့
ညှို့ သွန်းကချေသည် ရဲ့ ကကွက်အောက်
အိုအေစစ်မှောက် တဒင်္ဂနွယ်ကြိုးလည်း
" ဖြောက် " ကနဲပျောက်သွားတော့မှာပါ . . . . .
ဒီလိုပါဘဲလေ
လေ၀ါတစ်ပွင့် နမ်းရှိုက်ရင်း
" ဒီမိုး " နဲ့ စပျိုးကတည်းက
" အကြည့်တစ်ချက် " ဆိုတာ
ရိတ်သိမ်းဖို့ မှမဟုတ်ခဲ့ တာ . . . . .

19 comments:
ညီ့ရဲ့ကဗျာလေးတွေ မဖတ်ရတာကြာပြီ။ အခုမှဘဲ ဖတ်ရတော့တယ်။ ပျောက်ချက်သားကောင်းနေတယ်ဟုတယ်။ အကြည့်တစ်ချက်ကို ရိတ်သိမ်းခွင့်ရသွားပြီထင်နေတာ။းဝ)
ပျောက်ဆို ပရောဂျက်နဲ့ စာမေးပွဲကြားမှာ
လုံးလည်ချာလည်လိုက်ရင်း ကဗျာလည်း
မရေးဖြစ် ဘလော့လည်းမလည်ဖြစ်တာပါ
အစ်ကိုရေ ခုလိုအားပေးတာသိရတော့
အားလုံးကိုကျေးဇူးလည်းတင် ၀မ်းလည်း
သာမိပါတယ်ဗျာ . . . :)
မိုးကြီး ပျောက်ချက်က ကောင်းပါ့ကွာ . . . ကဗျာ အသစ်လေး ခုမှပဲဖတ်ရတော့တယ် . . ဟီးး မင်းကိုတော့ ပြောတယ် ငါလည်း မအားတာနဲ့ ကဗျာေ၇းကို မရေးနိင်ပါဘူးကွာ . . . . ဒိနေ့မှ ပဲအားတော့တယ်း)))
မိုးကြီးတို့ကတော့ ဘယ်အချိန်ရေးရေး ငေးနေရတဲ့ကဗျာတွေး)) ကောင်းလွန်းတယ်
ဟူးးးအကြည့်တချက်ကြောင့် ရူးခဲ့ရတာဆိုးတယ်
ခိုးကြည့်နေရတဲ့ အုံပုန်းဘဝကိုလည်းမုန်းတယ်း)
ကိုမိုးစက်ရေ......
ကဗျာလာဖတ်သွားတယ်နော်..
သိပ်မအားလို့ မရောက်ဖြစ်ဘူးးး
ပျော်ရွှင်ပါစေ
ကဗျာလေးလန်းတယ်ကွာ..
ကဗျာလေးလာအားပေးသွားတယ်နော်
ဓါတ်ပုံပဲ ခိုးခိုးကြည့်ရတဲ့ ရင်ခုန်ရတာပဲ အဖတ်မတင်ပါစေရန်နှင့် ရင်ခုန်သံတွေလည်း အမြန်သိမ်းပိုက်နိုင်ပါစေနော်........
ကဗျာလေးကောင်းမှကောင်း
သာယာချမ်းမြေ့ပါစေနော်
မိုး
အင်း အဲဒီကောင်မလေးက တော်တော့ကို မျက်စိအားကောင်းတာပဲနော် ကဗျာလေးတွေမဖတ်ရတာကြာပြီ အလုပ်များနေတယ်ထင်ပ
ကဗျာကကောင်းသလို ဓါတ်ပုံထဲက ကောင်မလေးရဲ့ အကြည့်ကလည်း မိန်းခလေး အချင်းချင်းတောင် ရင်ခုန်ချင်စရား))
ခုမှ ကဗျာဖတ်ရတော့တယ် နော် အကြည့်တစ်ချက်နဲ့တင်... ပေါ့လေ. . .:P
မိုးစက်ရေ......
နောက်ဆုံးအပိုဒ်လေးမှာ အပိုင်ရိတ်သိမ်းသွားတော့တာပဲဗျာ.......။
ခံစားမှုတွေကိုပြောပါတယ်.......။
ခင်မင်တဲ့
ဏီလင်းညို
ကဗျာအပေါ်ဆုံး အပိုဒ်လေး တော်တော် သဘောကျတယ်။
မိုးစက်အိမ်ရဲ့ကိုယ်ပိုင်ရေးဟန်ကို ယခုချိန်ထိ ထိန်းထားနိင်တာ ဂုဏ်ယူစရာပါပဲ။
“ဓာတ်ပုံထဲ ခိုးခိုးကြည့်ရုံနဲ့တော့
ဘဝ က ရင်ခုန်ရတာဘဲ
အဖတ်တင်လိမ့်မယ်”....
တကယ်တော့လည်း
လေစီးထဲဖွာကျဲလှပနေတဲ့
ညှို့သွန်းကချေသည်ရဲ့ ကကွက်အောက်
အိုအေစစ်မှောက် တဒင်္ဂနွယ်ကြိုးလည်း
ဖြောက် ကနဲပျောက်သွားတော့မှာပါ....”
..............................................
ဒီလိုပါပဲ မိုးစက်ရယ်...
မမိုးပြောသလိုပေါ့...
ခိုးခိုးကြည့်တဲ့အလုပ်လောက် ပင်ပမ်းတာမရှိဘူး..တယောက်ပျောက်လည်း နောက်တယောက်ပေါ့...
အဆင်ပြေပါစေကွယ်...
သူလည်းပျောက် ကိုယ်လည်းပျောက် ဘလော့ဂါတော် တော်များများလည်းပျောက်နေကြတယ်။
မိုးစုတ် အဲ.. မိုးစက်အိမ်ရေ ကဗျာလာဖတ်သွားပါတယ်။ အပေါ်ကလူတွေချီးကျူးပြီးသားမို့ ထပ်မပြောလိုတော့ ဘူးနော်းD
စကားလုံးအားတွေ ကောင်းလိုက်တာဗျာ ...
ကဗျာထဲက ကောင်မလေးရဲ့ မျက်ဝန်းကို မြင်ယောင်မိသွားပါတယ် ...
Post a Comment