
ခွာသံတစ်ချက်
အလင်းသိုက်ဖြန့် ကျက်လို့ 
အရှေ့ မြို့ ရိုးတစ်ဖက်က
ပန်းနုရောင် ကြက်ခြေခတ်လေး
ဟာဝိုင်ရီတစ်ခွက်နဲ့ 
ထင်းရူးပင်ရိပ်ကိုတံခါးပိတ်ပါ . . . . .
လက္ခဏာအတုထဲက " ကျွန်း "
ပတ်ကြားအက်ထဲက ကျွန်တော်
ရေလယ်မီးပြ အပျိုမရဲ့ 
အရိုးတစ်မှုန်ကို
နိဗ္ဗာန်ဘုံအထိယူပြချင်တယ် . . . . .
တခြမ်းမနိုးတဲ့သစ်ရွက်ကျိုးလေး
ပန်းကရိုင်းထဲ တိုးဝင်ကခုန်
မှော်ဖူးမိတဲ့ဝတ်ရုံမှာ
ရနံ့ ထူးတွေပြန့် ပြူးလို့  . . . . .

16 comments:
ကဗျာတိုင်းရဲ့ စကားလုံးလေးတွေက ထာဝစဉ်လန်းတယ်နှော်။ များများရေးဖွဲ့နိုင်ပါစေ။ :)
ကဗျာဆန်းဆန်းလေးလာခံစားသွားပါကြောင်းး)
သာယာချမ်းမြေ့ပါစေရှင်း
မိုး
သူကလေးအတွက် ရည်ရွယ်ပြီး ကဗျာတွေ များများရေးပါဦး
တစ်လမှ တစ်ပုဒ် မလုပ်ပါနဲ့။ စာမေးပွဲပြီးပြီ မဟုတ်လား
စာများများရေးတော့လေး)
မင်္ဂလာပါ..။ အချိန်ပေးပြီး လာလည်တဲ့အတွက် ကျေးဇူးတင် ၀မ်းမြောက်မိပါတယ်။ ကဗျာလေးတွေရဲ့ စကားလုံးတိုင်းက သက်ဝင်လှုပ်ရှားပြီး ခံစားချက်တွေ အပြည့်နဲ့ပဲနော်။ အမြဲအားပေးနေပါမယ်။
ခင်မင်စွာ
သဒ္ဓါ
ဘယ်လို ဘယ်လို ဘယ်လိုလေး . . . ဟာဝိုင်ရီတခွက်နဲ့ တဲ့လား
း)
တခြမ်းမနိုးတဲ့ သစ်ရွက်ကျိုးလေးး)
စကားလုံးလေတွေ လန်းတယ်ဗျို့ ကိုမိုးစက်
ခင်မင်တဲ့
ဗညားရှိန်
ညီရေ ညီမခွန်သဒ္ဒါပြောသလိုပဲ အသစ်တင်မှပဲ ပေါ်လာတော့သကိုး။ ပျောက်ချက်သားကောင်းပါ။ ကဗျာတွေကတော့ ကောင်းပြီးသားပါဗျာ။
ညီရေ... အဆင်ပြေလား။
ဝဲကြောင့် ကွန်မင့်တွေ ဖျက်ထားတယ်ထင်တယ်။ အခုကြည့်တော့ ကွန်မင့်မတွေ့တော့လို့။
...တစ်ခြမ်းမနိုးသေးတဲ့ သစ်ရွက်ကျိုးလေး...
အဲဒီအကြောင်းလေး မိုက်တယ်။
အဆင်ပြေပျော်ရွှင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)
း))
မဖတ်ရတာ ကြာနေပြီဖြစ်တဲ့
အကိုမိုးစက်အိမ် ရဲ့ ကဗျာတွေကတော့
စာလုံး အသစ်အဆန်းလေးတွေနဲ့
အမြဲ နုရွလှပနေတာပဲ
" ရေလယ် မီးပြ အပျိုမရဲ့
အရိုး တစ်မှုန် ကို
နိဗာန် ဘုံထိယူပြချင်တယ် "
ဒီ စာကြောင်းလေးမိုက်တယ်
သက်အောင်( ကလောင်တိုက်ပွဲ )
ဝဲတွေကြောင့်မရောက်ဖြစ်တာတောင်အတော်ကြပါပြီ
ကဗျာအရေးသားတွေကအမြဲဆန်းသစ်နေတာပါပဲနော်။
လက်ခဏာအတုထဲကကျွန်း ကောင်းလိုက်တာ
သာယာချမ်းမြေ့ပါစေရှင်း
မိုး
ကဗျာလေးဖတ်ပြီး “ညီမလေးက အချစ်ကို ကိုးကွယ်သတဲ့လား”ဆိုတဲ့ ရုပ်ရှင်နာမည်လေးကို သွားသတိရလိုက်တယ်..။
အချစ်ကို ကိုးကွယ်တဲ့ မိုးစက်လည်း မှော်ဖူးမိတဲ့ ဝတ်ရုံရှင်ကို ထာဝရချစ်ခြင်းနဲ့ ချစ်ပြတော့မယ်ပေါ့လေ...။
ကဗျာလေးကောင်းတယ်ဗျို့....
စာသားလေးတွေအရမ်းလှတယ်...
အဲလို မရေးတတ်ဘူး...း(
Post a Comment