
အလင်းဝေရင် နေခပေမယ့်
ဆောင်းခိုချင်တဲ့ထီးကလေးခြွေရင်
ဘယ်သူ့ ရင်ခွင်ပေါ် " ကြွေ " မလဲ . . . . .
ဒီဆံချည်မျှင်မှာ
ဆီးနှင်းစက်လေးတွေ ဝေ့၀ဲဖူးပွင့်လိုက်တော့မှ
ဒီဇင်ဘာကိုကျေးဇူးတင်မိတယ် . . . . .
တခါတလေတွေးကြည့်မိတယ်
ဆောင်းမှာနှင်းခေါင်သလို
တခါတရံတော့
ဒီဇင်ဘာကိုကြေးစားဆန်ကြည့်ချင်တယ် . . . . .
17 comments:
ကဲဒီဇင်ဘာမှာ နှလုံးသားလေး မအေးခဲရအောင် အကြင်နာငွေ့နဲ့ နွေးအောင် လုပ်ပေးလိုက်စေဗျားး)
ဟုတ်ပါ့ မချောပြောသလိုပါပဲ
မအေးခဲသွားအောင် ကိုယ်တိုင်မှာတာဝန်အရှိဆုံး
ဖြစ်တယ်လို့တွေးမိပါတယ်။
ကဗျာကိုခံစားမိပြီးရေးတာပါ။
သာယာချမ်းမြေ့ပါစေရှင်း
မိုး
မိုးစက် ဒီဇင်ဘာကို ကြေးစားဆန်ကြည့်ချင်တယ်တဲ့လားး))))
အဲဒီစကားလုံးထဲ ကျနော် အတွေးတွေ တော်တော် ၀င်သွားတယ်ဗျး)))
သိုင့်
ခင်မင်တဲ့
ဗညား
မိုးစက်ရဲ့ ကဗျာလေး.......လှတယ်ဗျာ...။
ခင်မင်ခြင်းအားဖြင့်......
ဏီလင်းညို
ဟိဟိ....:P
ကဗျာစာသားတွေ ကြိုက်ပါ့ညီရေ။ တဆိတ်လောက်
အလင်းဝေရင်နေခပေမဲ့
ဆိုတဲ့နေရာလေးမှာ
အလင်းဝေရင် နေခပေမယ့် ဆိုရင် ပိုကြည့်ကောင်းမလားလို့ညီရေ။
ရင်....နဲ့ နေ ဆိုတဲ့စာလုံးလေးခြားပေပြီး
မဲ့ဆိုတာက သက်မဲ့ ဆိုတာမျိုးကြီး.....
ညီဆိုလိုချင်တာက မယ့်(သော်လည်း) ဆိုတဲ့ အဓိပ္ပါယ်မျိုး ထင်တယ်ညီရေ။ စေတနာပါညီရေ။
အဟ.. အဖွဲ့အနွဲ့ကတော့ ညွန့်ပါ့..
နှလုံးသား အေးခဲသွားမှာစိုးတယ်တဲ့လား...
မိုးစက်ရေ.. မအေးခဲအောင် ကြိုးစားဗျိုးး.
ကျေးဇူးပါ ကိုချမ်းရေ အစ်ကိုပြောတာလေးမှန်ပါတယ်
ညီပြင်လိုက်ပါပြီ ကျေးဇူးပါဗျာ :)
ဆောင်းကတော့ အမြဲတမ်း နှင်းတွေ ခေါင်နေတုန်းပဲ.. ဘယ်သူလာ ကြဲချပေးမှာလဲ..
December ညလေးမှာ ကဗျာလေးထဲကလို ပျော်ရွှင်ဖွယ်ကောင်းတဲ့ အေးမြတဲ့ ဆောင်းညလေးမှာ နွေထွေးတဲ့ ရင်ခွင်တစုံဟာ ချစ်သူ့အတွက် ထာဝရလက်ဆောင် ဖြစ်ပါစေ...မိုးစက်ရေ..
Merry Christmas & Happy New Year...
Wishing you all of your dreams become true.
နူးညံ့လွန်းပြီး ပြည့်စုံလွန်းတဲ့ ကဗျာလေးရှင်။
ဒီဇင်ဘာနှင်းတွေခဲပါစေအုန်း .....လေ
သေချာပါတယ် နှလုံးသားလေးတွေကတော့
နွေးပြီး ငြိမ်းချမ်းနေပါလိမ့်မယ်။ ပျော်ရွှင်ပါစေရှင်။
" HAPPY MERRY CHRISTMAS " :)
..ခင်မင်လျှက်..ခင်မာလာအောင် ..:)
မိုးစက်အိမ်ရေ. ဆောင်းတွင်းမှာအေးခဲသွားမှာ စိုးနေတယ်လား.ကဗျာလေးမိုက်တယ်. ရှမ်းပြည်မှာပဲဆိုလို့ လာလည်လေ. အခုမေလ်းကိုပဲအက်လိုက်..Happy New Year နော့
ဟ ဟ မိုက်တယ်....
ကဗျာတွေကို ကြိုက်ရင် ကော်ပီကူးထားချင်တာ ... ခု ကော်ပီ ပေးမကူးတော့ အမြင်ကပ်တယ် :P
ဘယ်သူမှလဲ လာမရေးပါလား....
ကဗျာလေးကကောင်းတယ်လို့မပြောတော့ပါဘူး...
ငါ့မောင်လေး ဘာရေးရေးကောင်းပြီးသားလေ...။
ငါ့ကြောင့် မင်းနှလုံးသားအေးခဲသွားမှာပဲစိုးတယ်တဲ့...
ခင်တဲ့
မိုးကြီး
Post a Comment