
အရောင်တွေဝါး ထွက်ပြေးသွားတဲ့
စာရွက်အပိုင်းအစတွေဟာ
ကောင်းကင်တမွတ် ကြယ်စင်ကိုခူးဆွတ်ဖို့ 
ပြင်းအားထိုးသုတ်
ဖော့ဖယောင်း ပိုင်ရှင်တွေကိုမှ
" ကဗျာဆရာ " လုပ်သွားတယ် . . . . .
" ကဗျာဆရာ " ဆိုတာ . . .
သောကကင်းဝေး ငြိမ်းချမ်းရေးအနေနဲ့ 
ခံစားချက်ပေါ်လူးလားပျံသန်း
ဝိုင်ချိုချိုကို အက်ဆစ်လိုနမ်းတတ်ကြတယ် . . . . .
မှော်ဆရာသောက်တဲ့ ခြူးခတ်မီးတောက်ကို
အရိုင်းအိပ်မက်ထဲ ပါးပါးရောယှက်
မိုးကုတ်စက်ဝိုင်းထိ ထိုးထွက်ပြီး
ပန်းကန္တာရထိ စိုလက်စေ
ရင်ခွင်နှလုံးရဲ့  ဘုန်းလက်ရုံးများ
အက္ခရာတွေ ဦးခိုက်
စကားလုံးတွေဒူးတိုက်စေမည် . . . . .
လမင်းအိမ်ထက် ထွန်ယက်ခဲ့တဲ့
ဖြူရှင်းတောက်ပ ပန်သစ္စာအလှလို
ငွေ့ ရည်တိမ်ဖုံး မြူတွေတ၀ုန်းဝုန်း
နွေရင်ခွင်ဆိုရင်လည်း
ပြုံးတတ်အောင်ရုန်းတတ်ကြသူတွေပါဘဲ . . . . .
ကဝေတောမှာမိန်းမောမိမှ
ရနံ့ ချိုချို ပဒိုင်းပန်းနဲ့ 
ပန်းနုရောင် စကားလုံးတံတိုင်းမှာ
နှင်းခါးမိုးက မှိုင်းညှို့ လမ်းခွဲလို့ 
အလွန်းအကြူးမူးလဲ
အသဲတွေလည်းကွဲဘူးသေး . . . . .
မြောက်ပြန်လေရင်ခတ်တုန်းက
ကောင်းကင်ပျိုက " လ " နဲ့  ကြယ်တာရာက " ည "
သိပ်လှကြပေမဲ့ အိပ်မက်တွေမောင်းချလို့ 
အဲလိုနဲ့  . . . ဆောင်းညတွေလည်း
ကုန်လွန်တတ်ကြသေးတယ် . . . . .
ရိုးသားတောက်ပြောင်တဲ့ " ကဗျာဆရာဘ၀ "
ဆန္ဒ နဲ့  ဘ၀ မပြေလည်လိုက်ပုံက
လင်္ကာတောင်ကြား
လောကဓံတရားပေါင်းများစွာ
ဆွေးမြေ့ ကြေကွဲ
ကိုယ့်ကဗျာပေါ် ကိုယ်မူးလဲကြတယ် . . . . .
" ကဗျာဆရာ " ဟာ
ကဗျာကျေးကျွန် သစ္စာတော်ခံတွေမို့ 
ကဗျာဘက်ကရပ်တည်တိုက်ခိုက်
သူတို့ ရင်မှာဓားအစင်းစင်းစိုက်
ဒါပေမဲ့ . . . တခါတလေတော့
သူရဲကောင်း တွေထက်
ပိုလည်းမိုက်တတ်ကြသေးရဲ့ ကွယ် . . . . .

29 comments:
ဟက်ပီးဘတ်ဒေးးးးးးးးးးးးးး
ဦးအောင် ၁ လိုက်တယ်
ကဗျာဆရာရဲ့ လက်မှာ ငြိမ်းချမ်းရေးတွေ ခိုတွဲပါစေ ..း))
သည်းခံပြီး ကြည့်သွားပါတယ် (လို့ မဆိုလိုပါ ..) :P
ဟတ်ပီဘတ်ဒေးပါနော်။
မွေးနေ့ မှာ တော်တော်လေး ပျော်ရွှင်ပါစေ။
နင့်အတွက် wish လုပ်ပေးထားတယ် သိလား ငါ့အိမ်မှာ
း))))
" ကဗျာဆရာ " ဟာ
ကဗျာကျေးကျွန် သစ္စာတော်ခံတွေမို့ 
ကဗျာဘက်ကရပ်တည်တိုက်ခိုက်
သူတို့ ရင်မှာဓားအစင်းစင်းစိုက်
ဒါပေမဲ့ . . . တခါတလေတော့
သူရဲကောင်းတွေထက်
ပိုလည်းမိုက်တတ်ကြသေးရဲ့ ကွယ် . . . . .
--------------------------------------------
Happy Birthday ပါ မိုးစက်ရေ....
မွေးနေ့မှာပျော်ရွှင်မှုအပေါင်းနဲ့ပြည့်စုံပါစေနော်...
မိုးစက်ရေ
နင့်အတွက် ငါ့အိမ်မှာ စားပွဲပြင်ထားတယ်သိလား။
လာငတ်ဦးနော်။
အဟတ်
ငါကတော့ နင့်အတွက် မှန်းပြီး ပိုစားတာ ခုတော့ ဗိုက်တင်းလို့  အိပ်လိုက်ဦးမယ်နော့်။
း)
ကဗျာဆရာကြီးမွေးနေ့မင်္ဂလာပါး))
အပေါ်ကပုံကြီးက ဘူဒူဂျီးတုန်း ???
ကဗျာတွေ များများစပ်နိုင်ပါစေ ကဗျာဆရာ ကိုမိုးစုတ်အိမ် ဟုတ်ပါဘူး ကိုမိုးစက်အိမ်ရေ...။
မွေးနေ့က မိုက်တိုင် အဲ..မိုင်တိုင် ရှိဘူးလား။းP
မွေးနေ့ရက်မြတ်မှသည် နောင်လာမယ့် ရက် လ နှစ်များစွာ တိုင် စိတ်ချမ်းသာခြင်း ကိုယ်ကျန်းမာခြင်း အပေါင်းနဲ့ ပြည့်စုံနိုင်ပါစေဗျိုးးးးးးး
ပျော်ရွှင်ဖွယ်ကောင်းသော မွေးနေ့ဖြစ်ပါစေ။
ကဗျာတွေကို ရေးရင်း အနုပညာနဲ့ ရှင်သန်စွာ ရပ်တည်ရင်း.....
ညီရေ မွေးနေ့မှာလာလည်သွားပါတယ်။ ပျော်ရွင်သောမွေးနေ့လေး ဖြစ်ပါစေ။ နောင်လည်းဒီထက် မက ကဗျာများကိုရေးဖွဲ့ နိုင်ပါစေလို့ အကိုဆုတောင်းပေးခဲ့ပါတယ်။
ခင်မင်လျှက်
တောသားလေး
HaPPy BiRthdAy ပါ သယ်ရင်းရေ
ကဗျာတွေ လှပစွာ သီကျူးရင်း ငြိမ်းချမ်းတဲ့ ကဗျာဆရာတစ်ယောက်အဖြစ် အမြဲ ပျော်ရွင်ပါစေ...
ခင်မင်လျက်
တလနွန်
အားးးးးးးးးးးးးးးးးးးးးးးးးးးးးးးးမွေးနေ့လာမှာပြီး ၀ှစ်လုပ်တာ လူကိုခြောက်လွတ်တယ်။ ဗြဲ............တီတီဒွင်းနဲ့ တိုင်ပေါမယ်.....ဗြဲ...
ခေးကို ဘာမှရဲ မကျွေးဖဲနဲ့ လူဂိုရဲ ခြောက်လွတ်လိုက်တယ်လို့......... ဟင့်...
ဟက်ပီးဘတ်ဒေးပါ သယ်ရင်းအကောင်းစား အစုတ်ပလုတ်ကြီးရေးးးးး နင့်မွေးနေ့ကို လာပြီးဝှစ်လုပ်တာ နောက်ကြသွားတယ်ဟယ်....နာတကယ် မအားလို့ပါဟ...စိတ်မဆိုးနဲ့နော်။။
အာဝါးးးနှစ်သိန်းးးးးးလက်ဆောင်ပေးမယ်.....နော်...အဟီးးးးးးးးးး
မွေးနေ့မှ စ ၀င်သက်ထွက်သက် ရှိနေသ၍ သာယာတဲ့ နေ့လေးတွေကို ပိုင်ဆိုင်နိုင်ပါစေ...
နော်.....
မွေးနေ့အခုမှလာတက်ရတယ်ဗျာ
အားနာလိုက်တာ
ပျော်ရွင်ပါစေ
Happy Birthday ပါမိုးစက် ........
မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာတိုင် ထိရှလွန်းတဲ့ကဗျာတွေ မွေးထုတ်နိုင်ပါစေလို့ ....
ကိုဘတ်ဒေး အယ် ဟုတ်ပါဘူး ကိုမိုးစက် ဟက်ပီးဘက်ဒေးပါဗျာ
နောက်နှစ်များစွားတိုက် ကျွန်တော်တို့ မရိုးနိင်တဲ့ ကဗျာလေးတွေ ဆက်လက် သွန်းဆစ်နိုင်ပါစေဗျာ
ဟက်ပီး ဘတ်ဒေးပါ .. မိုးစက်ရေ ...
ဘ၀တသက်လုံး ပျော်ရွှင်စွာနေထိုင်နိုင်ပြီး ကဗျာတွေကို ယခုထက်ပို၍ ထုဆစ်နိုင်ပါစေသား ...
ကဗျာဆရာတွေ အတွက် ရေးထားတဲ့ ကဗျာလေးက သိပ်ကို ကောင်းမွန်ပါတယ် ...
ရိုးသားတောက်ပြောင်တဲ့ “ကဗျာဆရာဘ၀”
ှဆန္ဒနဲ့ ဘ၀ မပြေလည်လိုက်ပုံက
လင်္ကာတောင်ကြား
လောကဓံတရားပေါင်းများစွာ
ဆွေးမြေ့ ကြေကွဲ
ကိုယ့်ကဗျာပေါ် ကိုယ်မူးလဲကြတယ် ..
အစ်မအဖြူရောင်လုပ်ထားတဲ့ပွဲမှာ အ၀ဆွဲပြီးမှ ရောက်လာတာ... ဒီရောက်တော့ ကဗျာဖတ်ပြီး ထမင်းလုံးစီသွားတယ်...
အဓိကဟာမေ့သွားတယ်..။ မွေးနေ့မှာပျော်ရွှင်ပါစေဗျာ!
အားးးးးးးးးးးးးးး
နောက်ကျသွားပြီး ကဗျာဆရာ မိုးစက်ရေ..
ကျန်းမာပါစေ လိုအင်ဆန္ဒများ ပြည့်ဝပါစေ။
လို့ ဘယ်အချိန်ဆုတောင်းပေးပေးရပါတယ်နော်။
နောက်မှ ရောက်လာတာ ခွင့်လွတ်ပါ ကိုမိုးစက်ရေ..။
******Happy Birthday******
Happy Birthday ပါ ကိုမိုးစက်ရေ
နောက်ကျသွားတယ် အင်တာနက် ပျက်နေလို့ပါ
မိုးစက်ရေ Happy Birthday နော် .....
စူးရှ လှပတဲ့ ကဗျာလေးတွေ ဆက်လက် ရေးဖွဲ့ နိုင်ပါစေ။
နောက်ကျမှ Happy Birthday !လာပြောရလို့ စိတ်မကောင်းပါဘူး။
Happy Birthday !!! ပါ ကဗျာဆရာ =)
မိန့်မိန့်ကြီးပြုံးနေတဲ့ အသည်းကွဲဖူးတဲ့ ကဗျာဆရာကြီးပေါ့ ...း)
မွေးနေ့လာတာနောက်ကျသွားတယ်... HAPPY BIRTHDAY ..... ကဗျာဆရာကခန့်ချောကြီးပါလား
Happy Birthday ပါ....တော်တော် နောက်ကျနေပေမယ့် အပြန်အလှန်ပေါ့.... Birthday Wish လုပ်သွားတယ်....
ပျော်ရွှင်ဖွယ်ရာမွေးနေ့တွေကို ထာဝရ ပိုင်ဆိုင်နိုင်ပါစေ...
ရိုးသားတောက်ပြောင်တဲ့ ကဗျာဆရာဘဝ
ဆန္ဒနဲ့ ဘဝ မပြေလည်လိုက်ပုံက
လင်္ကာတောင်ကြား
လောကဓံတရားပေါင်းများစွာ
ဆွေးမြေ့ကြေကွဲ
ကိုယ့်ကဗျာပေါ် ကိုယ်မူးလဲကြတယ်....
နှစ်သက်လွန်းတဲ့ အရေးအသားမို့ ကူးယူဖော်ပြခွင့်ပေးပါ။
ချစ်ခင်စွာဖြင့်
နန်းလေပြေနု
Post a Comment