
သူ့ ပုံရိပ်တနင့်တပိုးထမ်းထားရတာ
ကမ္ဘာ့ လုံးဝန်းမှုထက်ပိုလေးတယ် . . . . .
ဘယ်လိုရာသီခွင်မျိုးမှမြို့ တံခါးကပွင့်မှာလဲ
" ၀ " လုံးဝင်စားသလို
ကိုကဘဲကွေးစက်ဝိုင်းညွှတ်
မုယောပွင့်လေးတွေနဲ့ ဖြိုဖျက်ချလိုက်တယ် . . . . .
အလှဘုရားမလေး
တိုက်ခတ်ရင် ယိမ်းနွှဲ့ ပြဖို့ 
အိပ်မက်တွေစိုက်နေတာမဟုတ်ဘူး . . . . .
ကိုယ့်ရူးသွပ်မှုနဲ့ ကိုယ်လတ်ဆတ်
မင်းပေးမဲ့ မျှော်စင်တန်းအတွက်
စိမ်းလန်း တတ်နေပြီ . . . . .
" ဒီ " . . . နွေလက်ကျန်နဲ့ 
ငါ့ပြည်တော်ပြန်လမ်းမှာ
ပန်းတွေပွင့်ပါစေ . . . . .

6 comments:
ပြည်တော်ပြန်လမ်းမှာ ပန်းတွေ ပွင့်ဖို့ ဆုတောင်းပေးသွားပါတယ် ..
ပျောက်ချက်သားကောင်းနေတာနော် ..း))
ပျောက်လှချည်လား ကိုမိုးစက်ရ..
ပြည်တော်လမ်းလေးလှပနေမှာပါ..
မင်္ဂလာရှိသော နှစ်သစ်ပါနော်..ကိုမိုးစက်..
ရေလောင်းသွားပါတယ်ရှင်..။
ချစ်သူချော့တာကို ခံချင်တဲ့ မိုးစက် တယောက်..
မာနကြီးတဲ့ ချစ်သူလေးကြောင့် ကိုယ့်စိတ်ကိုယ်ဖြေပြီး ပြေခဲ့ရပေါင်းလည်းများပါပြီ...။
မြန်မာပြည်ကိုလည်း ပြန်ခါနီးပြီမို့ နှစ်ဦးစလုံး အပြန်အလှန် ကြင်နာမှု နားလည်မှုတွေမျှဝေရင်း အိမ်အပြန်လမ်းမှာ အချစ်ပန်းတွေ ထာဝရပွင့်လန်းနိုင်ပါစေလို့ ဆုတောင်းပေးသွားတယ်နော်...။
ကိုမိုးစက် ပျောက်ချက်ကောင်းနေတယ် ထွက်လာတော့လည်း ရှယ်နဲ့း)
အဟားး ဟားး မိုးစက်ကို မမလို့ခေါ်တဲ့သူရှိတယ် ဘယ်တုန်းက ဘ၀ပြောင်းသွားတုန်း....။ မာမီမိုး ပြန်လာရင်ကြိုပြောနော်....ရှောင်ရှားမယ်...။ ဘေဘီဒိုနိုဆောမြန်မာပြည်မြေကိုလာနင်းတော့မှာ...ခိခိ...။
ခင်တဲ့
မိုးငွေ့
Post a Comment