
ဒီ . . . မိုးမလုံ လေမလုံ
ပြဇာတ်ရုံ မှာ
စကောမမျက်လှည့်မတတ်ဘဲနဲ့ 
ဆပ်ကပ်ပြပွဲစီချင်းဝင်ထိုးတော့
နှင်းဆီပွင့်ခြောက်တန်မဲ့ ရနံ့ ပျောက်ရတယ် . . . . .
မြေဆီမြူခိုးအကြောင်းပြုလို့ 
တစ်ပွင့် နှစ်ခက် စာလောက်အတွက်
ခင်တန်းတစ်ခုလုံးလည်း
မီးစုန်းတွေထတောက်ပြရသေးတယ် . . . . .
လောင်မီးကျတဲ့ဆူးခက်က
လူခိုး လူငွေ့ နဲ့ ပက်ပင်းတိုး
ဒို ရေ မီ ဖာ ထက်လည်းအဖြစ်ချင်းဆိုးခဲ့ရပြီ . . . . .
အော် . . . ခုတော့လည်း
ဝိညာဉ်ဖီလင်ကို ရှေ့ တန်းတင်မိလို့ 
ထစ်ချုန်းသံတို့ ကိုစီနင်းရအုံးမည် . . . . .

13 comments:
အင်း ဘိုင်စကုတ်လာကြည့်သွားတယ် မင်းသားနဲ့မင်းသမီးက ဘယ်သူလည်းဗျ ကဗျာထဲထည့်ရေးပါဦး... အဟီး ကဗျာလေးတော့ကောင်းတယ်
ခင်မင်လျှက်
ကိုကိုးအိမ်
ဆိုလိုချက်ကို သိလိုက်သလိုလိုဘဲ..
ကဗျာလေးတွေ ကောင်းပါတယ်..
အားပေးသွားတယ်
ကျနော်လည်း မိုးလုံလေလုံ အားကစားရုံမှာ လက်ဝှေ့ပွဲ သွားကြည့်ဦးမယ် ..
ဝိညာဉ်ဖီလင် ကိုရှေ့တန်းတင်တော့
နောက်တန်းမှာ ဘယ်သူရှိလဲး)))
ကဗျာလေးလာခံစားတယ်.
ထစ်ချုံးသံ ကို စီးနင်းရဦးမယ်တဲ့
သိပ်လှတဲ့ ကဗျာလေးပဲ ကိုမိုးစက်း)
ခင်မင်စွာဖြင့်
ဗညား
ထစ်ချုန်းသံတို့ကို စီးနင်းရတဲ့အခါ ဝိညဉ်ဖီလင်ကို ရှေ့တန်းတင်မိဦးမလား :)
မော်ဒန်ကဗျာဆရာတွေ..
လိုက်လို့ကိုမမှီနိုင်ဘူး။
ခင်မင်စွာဖြင့်
ခိုင်နုငယ်
မော်ဒန်ကဗျာတွေက အရမ်းလန်းနေတယ်..
ကဗျာလေးကအလန်းပါလား
ဝိညာဉ်ဖီလင်ရဲ့ထစ်ချုန်းသံလေးနားထောင်
သွားကြောင်းပါ..
ကိုယ်က ခပ်တုံးတုံးဆိုတော့ မော်ဒန်ကဗျာတွေကို ဥာဏ်ကလိုက်လို့မမီဘူး။ ဖတ်လို့တော့ကောင်းတယ်။
တကယ့်မောလ်ဒန်ပဲဗျို့း)
ပေါ်လွင်ပါတယ်ဗျာ
Post a Comment