" အိမ်ပြန်ချိန် "

|


ကျောက်ခက်နှင်းဆီ ခူးယူဖို.
မိုးကုတ်စက်ဝိုင်း အလွန်ကို
ကျော်ကြည်. လိုက်တော.
လမင်းကို နမ်းရှိုက်ဖို.
ပင်လယ်တောင် အားယူနေရတယ် ...

ကာရန်မညီသော ရင်ခုန်သံဆိုတာ
သင်္ချာမတွက်တတ်တာလား
စည်း ၀ါး မကျတာလား
မျက်စိမမြင်တာလား ...

စေလိုရာ စေချင်ပေမဲ.
ဦးတည်ရာမဲ.
မာရသွန်ပြေးပွဲကြောင်.
ပျိုးခင်းလည်း ပျက်ကုန်ပြီ ...

ဒီလိုနဲ. နေလာလိုက်တာ
ရီဝေေ၀ ဆောင်းတစ်ညမှာ
အရှုံးတွေ ဟားတိုက်လို.
အမုန်း ကိုပိုက်ကာ
သူ...အိမ်ပြန်သွားတယ် .....။.....။

23 comments:

Anonymous said...

ပထမ
ညီမလေး ပါးလုံး

Anonymous said...

ဒုတိယ
ညီမလေး ပါးလုံး

Anonymous said...

တတိယ
ညီမလေး ပါးလုံး

Anonymous said...

စတုတ္ထ
ညီမလေး ပါးလုံး

Anonymous said...

အဟီး ဖတ်တော့မယ်နော်။ ပီးမှအတည်မန့်တော့မယ်။ အဟိ
ညီမလေး ပါးလုံး

Anonymous said...

ဖတ်ပြီးနားမလည်သေးဘူးဗျ တောကလေးဆိုတော့ ပြန်ဖတ်လိုက်ဦးမယ်နော်။ ပြီးမှပြန်မန့်မယ်။
ညီမလေး ပါးလုံး

Anonymous said...

ဘာကိစ္စအိမ်ပြန်သွားတာလည်း ပြန်လိုက်ခေါ်လေ မာမီမိုးရ နားကိုမလည်တာ။ တော်ပီ ပြန်တော့မယ် မြင့်လွန်းလို့ဖြစ်မယ်။
ခင်မင်လျှက်
ညီမလေး ပါးလုံး

မချစ်ရ said...

ဒီတခေါက်ရှုံးလို့အိမ်ပြန်သွားရင်
နောက်တခါနိုင်အောင်အိမ်မပြန်နဲ့ပေါ့
:P

Anonymous said...

ဘူဒူအိမ်ပြန်သွားတာလဲဟင်??????
ဟဟ ကိုမိုးစက်ကြီး နဂိုကနားမလည်တာ
ခုတော့ပိုတောင်ရှုပ်သွားပြီသိလား

may16 said...

ပြန်လာပြီလား :P

စည်သူ said...

ကိုမိုးစက်အိမ်ရေ..
ကဗျာတွေရေးတာ ကောင်းတယ်ဗျာ..

မော်ဒန်ကဗျာတွေလည်း ကောင်းတယ်..
တစ်ခါတစ်လေ စဉ်းစားကြည့်တယ်..

ရေးကြည့်တယ်.. လေးငါးကြောင်းလောက်ရပြီး
မဆက်တတ်တော့ဘူး..

ဆက်သာရေးလိုက်လို့ကတော့..
ဟေ ဟေး.. ဘယ်လိုဖြစ်သွားမလဲ မသိဘူး..

ပျော်ရွှင်ပါစေ
ခင်မင်စွာဖြင့်
စည်သူ။

emayarKhin said...

ကဗျာကောင်းလေးကို
ခံစားသွားကြောင်း....

ဧရာဝတီသား said...

အရှုံးတွေ ဟားတိုက်လို့
အမုန်းတွေ သိမ်းပိုက်ကာ
အိမ်ပြန်တဲ့ သူရယ်

အပြုံးတွေ ထွေးပိုက်ကာ
အရှုံးတွေ မေ့လိုက်တော့
မင်းနမ်းရှိုက်ဖို့ အတွက်
ငါခူးလို့ သီခဲ့တာက
ကျောက်ခက်နှင်းဆီ

( ဟီး ... နောက်တာ၊ သိပ်နားမလည် ပေမယ့် ၀ါသနာတား မရလို့ ပေါက်ကရ၀င်ရေးသွား တယ်၊ ဆောရီးဗျို့) :D

သူကြီးမင်း (တုံးဖလား) said...

ညီရေ...
ပြေးပွဲကြောင့် ပျိုးခင်းတွေပျက်လည်း အစီအစဉ်တကျ ပြန်မပေါက်တာကလွဲလို့ ရွက်သစ်တွေတော့ ဝေနေဦးမှာ သေချာပါတယ်။

ကျောပိုးအိတ် said...

စေလိုရာ စေချင်ပေမဲ.
ဦးတည်ရာမဲ.
မာရသွန်ပြေးပွဲကြောင်.
ပျိုးခင်းလည်း ပျက်ကုန်ပြီ ...

ကြည့်စမ်း
ငါ့စိုက်ခင်းတွေပျက်ကုန်ပြီ
ပြန်လျှော်ပေး
ဒေါ်လာ ၇၀၀၀
ဟွန့် ။

အိမ်ပြန်တယ်။ လိုက်သွားလေ။
အဟဲ

ဒီလိုခင်လို့ ဒီလိုကဗျာကို ဖျက်သွားတယ်။
မကျေနပ်ရင် မုန့် ယူလာခဲ့
း)

နင်နော်နင်
ငါ့ပါးစပ်အဲလောက်ကျယ်မလားလို့ ။ သြဇာသီးကို အဲလိုစားရအောင်။
ဟွန့် 

မိုးခါး said...

ပြန်သွားတော့ .......... ?????????
နင်က ဒီအတိုင်း ပြန်ခိုင်းလိုက်တာပဲလား ...

ဆောင်းယွန်းလ said...

ဒီလိုနဲ. နေလာလိုက်တာ
ရီဝေေ၀ ဆောင်းတစ်ညမှာ
အရှုံးတွေ ဟားတိုက်လို.
အမုန်း ကိုပိုက်ကာ
သူ...အိမ်ပြန်သွားတယ်
အိမ်ပြန်ချိန်ကဗျာလေးကောင်းပါတယ်ညီလေး
နောက်ဆုံးအပိုဒ်လေးကိုတော့အကြိုက်ဆုံးပဲ

ခရေညို said...

သူဆိုတာဘူလဲဟင်?
မြန်မာပြည် ပြန်သွားတာလား?

YAMIN said...

ကိုမိုးစက်ရေ
သူဆိုတာ ဘယ်သူလဲဟင်။
singapore က ခပ်ချောချောကောင်မလေးလား

အိုက်ခီလောက် said...

ကိုမိုးစက်ေ၇ေ၇းတာကျဲနေသလိုပဲနော်
ခံစားပြီးဖတ်သွားပါရဲ့ ဗျာ

မယ့်ကိုး said...

ကဗျာလေးက ပုံပြင်လေးလိုပဲ။...ခံစားသွားပါတယ်။

မေသစ္စာမောင် said...

သူအိမ်ပြန်သွားပြီဆိုတော့
မိုးစက်လည်း အိမ်ပြန်တော့လေ.....


ပေါက်တတ်ကရ မန့်သွားတယ်...
စိတ်မဆိုးနဲ့ :P:))

Anonymous said...

ကြိုက်လွန်းလို့ ၂ ခါတောင် ဖတ်သွားတယ်ဗျာ.....
တစ်ပုဒ်လုံး ကြိုက်တယ်.....