" နှုတ်ဆက် ထွက်ခွာသူ "

|


မဟူရာညရဲ.
တိတ်တဆိတ် မျက်ဝန်းမှာ
မိုးရိပ်မိုးသား တွေကဝေ.၀ဲလို.
နာကျင်ခြင်း မိုးစက်တွေကို
အဖော်ပြုရင်း ခုဆို ...
အရုဏ်တောင် ကျင်းခဲ.ပြီ ...

တိုက်ပွဲ ခေါ်သံကြားမှာ
တုန်ရီရီ ခြေလှမ်းတွေက
သေမင်း ရှုံးတဲ.
လောင်းကစားလား ...

ကြယ်တွေလည်း
" ကြွေ " ရတာများတော.
ကောင်းကင်တောင်
ငိုတတ်နေပြီ ...

" ဖြတ် ၊ ညှပ် ၊ ဆက် "
ရင်ခုန်သံ ကမ္ဘာမှာ
တိမ်စိုင်ဖြူ တွေစီးရင်း
ငွေ.ရည်တွေ ဖွဲ.သီပြီး
" မိုး " အဖြစ်ရွာချလိုက်တာ
နွေခေါင်ခေါင် မှာ
" အလွမ်း " ကိုသည်းရော ....။.....။

23 comments:

desertraindrops said...

ပြန်လာတာနဲ့ အလွမ်းမိုးကို တခါတည်းထဲ သည်းချလိုက်တော့တာပဲ။ ပျောက်ချက်သားကောင်းနေတာမို့ ကဗျာတွေ ဆက်တိုက်ရေးရန် တောင်းဆိုသည်။

မချစ်ရ said...

လာဖတ်တယ်

Anonymous said...

မိုးဆိုတာ ငါ့အတွက်တော့ အလွမ်းတွေ ခြွေခြွေချထားပေးတာပါ..
အဆင်ပြေတယ်ဟုတ်

ခြေလှမ်းသစ် said...

ကဗျာလေးက ဖတ်လို့ကောင်းဗျ.... ဒါပေမယ့် လိုက်နေရတယ်ဗျာ နားလည်အောင် မနည်း...ကိုယ့်အထင်နဲ့ကို ဘာသာပြန်သွားလိုက်တယ်..

Unknown said...

လင်းကြယ်ဖြူ said...

ကြယ်တွေလည်း
" ကြွေ " ရတာများတော.
ကောင်းကင်တောင်
ငိုတတ်နေပြီ ...
ဖတ်သွားတယ်နော....

ဆောင်းယွန်းလ said...

နွေခေါင်ခေါင် မှာ
" အလွမ်း " ကိုသည်းရော ....။.....။
အလွမ်းတွေသည်းနေတယ်ပေါ့ညီလေး

နဒီမိုးညို said...

အလွမ်းများသည်းနေတုန်း..
တစ်ယောက်တည်းကြိတ်မှိတ်...
မေ့မရနိုင်တာဆိုး..ဒီသီချင်းစာသားလေးလိုပေါ့..

Beauty Studio USA Branded Store said...

ကြယ်၂ စင်းကတော့ ကြွေရလို့ အော်ငိုသွားတယ်ညီ။
သူတို့ မင်းကဗျာလေး စသားနောက်ပါတာနေမှာ။

rose of sharon said...

ကြယ်တွေကြွေရလွန်းလို့ကောင်းကင်ကငို... နွေခေါင်ခေါင်မှာအလွမ်းမိုးတွေရွာ... ကဗျာလေးကိုခံစားသွားပါတယ်....

မယ့်ကိုး said...

မိုးစက်အိမ်ရဲ့  ကဗျာလေးတွေက သူဟန်နဲ့ သူ ထူးခြားတယ်။

အားပေးနေပါတယ်။

ကျောပိုးအိတ် said...

ကျွန်တော့်ကိုသနားလို့ တဲ့။ တိမ်တွေကတောင် မိုးအဖြစ် ရွာချလိုက်တယ်။

အဟဲ
စိုင်းစိုင်းသီချင်းလေးသတိရသွားလို့ 

ကောင်းတယ်တော့ ကဗျာလေးက
တော်တော် အလွမ်းဓါတ်ခံရှိနေပုံဘဲ။
း)

မြစ်ကျိုးအင်း said...

အလွမ်းတွေ တော်တော်များသည်းနေသလား
ကာစရာ ရင်ခွင်ထန်းလက်ပဲ ရှိနေလို့ အလွမ်းတွေ ပေကျံ နေပြီပေါ့....။

ခံစားတတ်ရင် အလွမ်းဆိုတာ ကံကြမ္မာပေးတဲ့ အနုပညာတခုပဲပေါ့...။

mysterysnow said...

မိုးမင်းကြီးကလဲ မိုးခေါ်ပြီး ပြန်လာတာလား...
အလွမ်းမိုးတွေ သည်းတုန်းပဲပေါ့နော်...
သည်းနိုင်တဲ့သူတွေဆိုတော့လဲနော်.... သည်းပါ...

မေသစ္စာမောင် said...

နွေခေါင်ခေါင် မှာဆိုတော့ " ပူ " ကလည်းပူ
" အလွမ်း " ကလည်း သည်းနဲ့
" ပူအလွမ်း " " အလွမ်းပူ "
ကြီးဖြစ်နေမှာပေါ့နော် :P

Anonymous said...

ကြယ်တွေလည်း
" ကြွေ " ရတာများတော.
ကောင်းကင်တောင်
ငိုတတ်နေပြီ ...

ဟားဟား ဟုတ်ပါ့နော် သေချာပြီး ကောင်လေး လွမ်းနေပြီးထင်ပါ့ ဟုတ်တယ်မဟုတ်လား . . . .

တလနွန် said...

အလွမ်းတွေကြဲချနေပါလားး ကဗျာလေးက ဆန်းသစ်တဲ့ စကားလုံးတွေနဲ့  မောဒန်ကဗျာ ပီသပါပေတယ်။ နှုတ်ဆက်ထွက်ခွာသူတစ်ယောက်
အတွက်တဲ့လားးးးး :)

ခင်မင်ခြင်းနှင့်
တလနွန်

ဇော် said...

အဲ့ဒီ သည်းနေတဲ့ အလွမ်းတွေကို ကာဖို့
စပါယ်ရှယ်ထီးထုတ်တဲ့စက်ရုံ ကျနော်ထောင်မို့။
ရှယ်ရာပါ ပါလားကိုစက်ရ။ အဟီး။
ချစ်ရို့ချယာ။

ပြန်လာတာနဲ့ သိသာတယ်နော။ ကဗျာကောင်းလေးတစ်ပုဒ် ချက်ချင်းတက်တာပဲ ကိုစက်အိမ်က။ =)

သူကြီးမင်း (တုံးဖလား) said...

ညီရေ..
အလွမ်းမိုးတွေ မိနေပြီလား။
ငါးရံ့ မင်းပရိတ် အရွတ်မှားပြီထင်တယ်။
နှင်းပွင့်လေးတွေ မြင်ရတဲ့တစ်နေ့မှာ အလွမ်းမိုးလေးတွေ စဲသွားမှာပါ။

ပျော်ရွှင်ပါစေ။

ဧရာဝတီသား said...

ကိုမိုးစက်ရေ
ငွေ.ရည်တွေ ဖွဲ.သီပြီး
" မိုး " အဖြစ်ရွာချလိုက်တာ
နွေခေါင်ခေါင် မှာ
" အလွမ်း " ကိုသည်းရော ....။.....။

ခိုက်တယ်ဗျာ(အသည်း)
အလွမ်းဓါတ်ခံရှိလို့ စိတ်မခိုင်ပါဘူးဆိုမှ ကိုစက်ကဗျာ လာဖတ်မိတယ်။ :(

ဂျပန်ကောင်လေး said...

ဘုရားဘုရား..း).. လန်ထွက်နေတာပဲ ကဗျာက.. ခံစားသွားတယ်ဗျို့....

မိုးခါး said...

အလွမ်းကို သဲရော ...း))
သီချင်းသွားသတိရတယ်

စည်သူ said...

ကဗျာလေး
အရမ်းကိုမိုက်တယ်ဗျာ..။

ဖြတ် ၊ ညှပ် ၊ ဆက် "
ရင်ခုန်သံ ကမ္ဘာမှာ
တိမ်စိုင်ဖြူ တွေစီးရင်း
ငွေ.ရည်တွေ ဖွဲ.သီပြီး
" မိုး " အဖြစ်ရွာချလိုက်တာ
နွေခေါင်ခေါင် မှာ
" အလွမ်း " ကိုသည်းပြီး
ဆောင်းလယ်မှာ
“အလွမ်း” တွေခဲခဲ့ရပြီ....။

ခင်မင်စွာဖြင့်
...............စည်သူ။