နရီသံစဉ်ညနေခင်းကသာ
သက်ပြင်းတိုးတိုးလေးခိုးမချခဲ့ ဘူးဆိုရင်
အပျိုစင်နံနက်ခင်းဟာ မနက်ဖြန်ကိုခူးဆွတ်မဲ့ 
ပျံသန်းဌက်တို့ နားခိုရာပေါ့ . . . . .
အဲဒီလိုပါဘဲ ကောင်မလေးရယ်
တစ်ညတည်းဝေးကြရတယ်ဆိုပေမဲ့ 
ဆောင်းလေရူးမြူးတဲ့  မြရေခင်း ညလေဦးက
" ခရမ်းပြာခုနစ်စင်ကြယ် " ဆိုတာလည်း
မင်းမရှိရင်မှောင်နေတဲ့  နိုက်မဲအိပ်မက်ဆိုးတွေလိုပါဘဲကွယ် . . . . .
ဝါဆိုပန်းဦး စံပယ်ဖူးတို့ 
ဆောင်တော်ကူးချိန်
ငရဲမီးကို စစ်သူရဲကောင်းစီးသလို
" ပိတောက်ယမင်း " က
ငွေ့ ရည်တစ်သင်းနဲ့  စစ်မက်ပြိုင်ခင်းပြသွားလေရဲ့  . . . . .
သူမ " မှုန်ရွှေရည် " ချစ်သူက
ပိတုန်းရောင်ပျားရည်မော်ကွန်း
ပိုးသားလေကြောင်းကိုဖြန့် ခင်း
သစ်ရွက်ကြွေအနမ်းတွေနဲ့ 
ဒီရာစုနှုတ်ခမ်းရဲ့ နောက်ဆုံးသက်တမ်းကို
ခမ်းနားစေလိုက်တယ် . . . . .
14 comments:
သူမ " မှုန်ရွှေရည် " ချစ်သူက
ပိတုန်းရောင်ပျားရည်မော်ကွန်းထက်
ပိုးသားလေကြောင်းကိုဖြန့် ခင်း
သစ်ရွက်ကြွေအနမ်းတွေနဲ့ 
ဒီရာစုနှုတ်ခမ်းရဲ့ နောက်ဆုံးသက်တမ်းကို
ခမ်းနားစေလိုက်တယ် . . . . .
မှုန်ရွှေရည် ချစ်သူက မိုးစက်အိမ်လား...
ကဗျာ နုချက်ကတော့ တော်တော်မိုက်တယ်...
ဒီကဗျာတော့ (၄) ခါဖတ်လိုက်ရတယ်..
ချက်ချင်းနားမလည်ဘူး...
နောက်တော့တစ်ဖြည်းဖြည့်နူညံ့တာခံစားလို့ရလာတယ်။ ချစ်တတ်လိုက်တာ..း)
တော်သေးတာပေါ့ မှုန်ရွှေရည် ချစ်သူဆိုလို့
ဝတ်မှုန်ရွှေရည် ချစ်သူဆိုရင် စိုင်းစိုင်းခမ်းလှိုင် နဲ့ နှောင်ဂျိမ်ပလေးရပြီသာမှတ်
ခင်မင်စွာဖြင့် နောက် သွားသည် :)
“ကောင်မလေးရယ်
တစ်ညတည်းဝေးကြရတယ်ဆိုပေမဲ့ 
ဆောင်းလေရူးမြူးတဲ့  မြရေခင်း ညလေဦးက
" ခရမ်းပြာခုနစ်စင်ကြယ် " ဆိုတာလည်း
မင်းမရှိရင်မှောင်နေတဲ့  နိုက်မဲအိပ်မက်ဆိုးတွေလိုပါဘဲကွယ် . . . . .”
-------------------------------------------------
ကွဲကွာခြင်း အိပ်မက်ဆိုးတွေက အမြန်ဆုံး နိုးထနိုင်ပါစေ ...မိုးစက်ရေ....
ဖတ်လိုက်တော့ နားမလည်ဘူး အပေါ်က
စန္ဒကူးမေ ပြောသွားသလိုပဲ အဟတ်
ပြန်ဖတ်တယ် ဘာဆိုလိုလည်းဆိုတာကိုလေ
ဖတ်ရင်းဖတ်ရင်းနဲ့  အတွေးမှာရေးတေးတေးနဲ့ မြင်လာတယ်ဗျာ
ညဏ်ရည်မမှီတာလားမသိဘူး ဒီလိုမျိုးကျတော့
မနဲကိုလိုက်နေရတယ်
မောင်မိုး ထိတယ် ထိတယ် လှတယ်ကွာ ရေးချက်က . . . .ဘာတဲ့
နရီသံစဉ်ညနေခင်းကသာ
သက်ပြင်းတိုးတိုးလေးခိုးမချခဲ့ ဘူးဆိုရင်
အပျိုစင်နံနက်ခင်းဟာ မနက်ဖြန်ကိုခူးဆွတ်မဲ့ 
ပျံသန်းဌက်တို့ နာခိုးရာပေါ့ . . . . .
သစ်ရွက်ကြွေအနမ်းတွေနဲ့ 
ဒီရာစုနှုတ်ခမ်းရဲ့ နောက်ဆုံးသက်တမ်းကို
ခမ်းနားစေလိုက်တယ် . . . . .
ငါကတော့ မနမ်းနိုင်တော့ဘူး မျက်ရည်က မျက်လုံးကမကျပဲ ရင်ဘတ်က ကျနေတယ်
ဒီရာစုနှုတ်ခမ်းရဲ့ နောက်ဆုံးသက်တမ်းကို
ခမ်းနားစေလိုက်တယ် . . . . .
အားလုံး ခမ်းနားပါစေ မိုးစက်ရေ.
မနဲတွေးရပါလား..
မိုးစက်ရေ..
သိတာကတော့..
ကဗျာက ဖတ်လိုက်ရတာ ..
အဆန်းလေးတွေကြီးပဲ..
တော်တော်စဉ်းစားတက်တယ်နော်..။
ခင်မင်လေးစားစွာဖြင့်။
ဝါဆိုပန်းဦး စံပယ်ဖူးတို့ 
ဆောင်တော်ကူးချိန်
ငရဲမီးကို စစ်သူရဲကောင်းစီးသလို
" ပိတောက်ယမင်း " က
ငွေ့ ရည်တစ်သင်းနဲ့  စစ်မက်ပြိုင်ခင်းပြသွားလေရဲ့  . . . . .
ဒီအပိုဒ်ကလေးရဲ့  နောက်ကွယ်မှာ ကြည့်တတ်တဲ့သူ မြင်နိုင်တဲ့ ဟေဠိရှိရမယ်။ ဟဲ ဟဲ။
ပျော်ရွှင်ပါစေ ညီ။
အရူးးးးးးးးးးးးးးးးးး
နားမလည်အောင် ရေးထားတယ်။ နဂိုက ပေါတောတော ငါက နင့်ကဗျာဖတ်ပြီး ကြောင်တောင်တောင် ဖြစ်သွားဘီ။
အဟတ်
ရန်စသွားပါတယ်ကွယ်
နင့်ကဗျာတွေကို လိုက်မမှီဘူး ...း))
စာတော့မကျက်ဘူး မှုန်ရွှေရည် လုပ်နေတယ်...
"၀ါဆိုပန်းဦး စံပယ်ဖူးတို့ 
ဆောင်တော်ကူးချိန်"
ဒီနေရာလေးတော့ကြိုက်တယ်...
ဆောင်တော်ကူးပန်းတွေသတိရလိုက်တာ
ပျော်ရွင်ပါစေ
ခွန်သဒ္ဒါ
သူမ " မှုန်ရွှေရည် " ချစ်သူက
ပိတုန်းရောင်ပျားရည်မော်ကွန်းထက်
ပိုးသားလေကြောင်းကိုဖြန့် ခင်း
သစ်ရွက်ကြွေအနမ်းတွေနဲ့ 
ဒီရာစုနှုတ်ခမ်းရဲ့ နောက်ဆုံးသက်တမ်းကို
ခမ်းနားစေလိုက်တယ် . . . . .
ရေးချက်ကတော့ လှပါပေ့..။
ခင်မင်စွာဖြင့်
မိုးငွေ့
စာသားတွေ ဖျားတယ်ဗျာ... ကောင်းတယ်ထက် ကောင်းတယ်လို့ပဲ ပြောရမလား... အားပေးနေပါတယ် အစ်ကိုရေ....
ခင်မင်တဲ့
ဂျပန်ကောင်လေး
Post a Comment