" သက္ကရာဇ်ဖြိုသူရဲ့ ကျောက်ထွင်းအက္ခရာ "

|


လေးကြိုးကို ဆွဲရင်း
လေထဲ လွှင့်လိုက်တော့
လခြမ်းလေး ကွေးသွားတယ် . . . . .

ငါ . . .
လရောင်ဆာတဲ့ပင်လယ်လို
အရှုံးတွေကို ပုခုံးမှာထမ်း
စာတမ်း တွေလည်း
တသီတတန်း တင်ခဲ့ဖူးပြီ . . . . .

" သုည " တွေပွင့်တဲ့ဘ၀မှာ
အတ္တတွေ နဲ့ 
ကိုယ်ကလူဖြစ်ခဲ့ရ . . . . .

ဟန်ဆောင်ဖုံးဖိထားပေမဲ့
တိတ်တိတ်လေး
" တစ် " ဂဏန်းနဲ့ 
ထိပ်တန်းက ဖြစ်ချင်သူ . . . . .

အခုတော့ . . .
တစ်ကိုယ်တော် အတ္တတစ်ခြမ်းကို
ကိုယ့်ဆန္ဒနဲ့  ကျောခိုင်း
ဓမ္မတေးသံ တစ်ပိုင်းနဲ့ 
ကိုယ့်စိတ်တွေကို ငြိမ်းချမ်းခိုင်းလိုက်တယ် . . . . .