ဂုမ္ဘာန်တစ်ထောင် အချစ်အားနဲ့ 
နန်းထိုက်တဲ့  တော်ဝင်ကို
ပန်းမဏ္ဍိုက်မှာ ခူးခွင့်ရခဲ့ သူပါ . . . . .
တောက်ပတဲ့  နတ်သမီးတစ်ပါး
ဘယ်ရင်အုံနား ဖွဖွလေးခိုလှုံရှာတော့
အညတရ မင်းသားတစ်ပါးအပြုံး
ကမ္ဘာတောင် ဖုံးခဲ့ ဘူးတယ် . . . . .
ပန်းဒေဝီတစ်ပါး ပေမယ့်
ရွှေအားတော်ငယ်သူမို့
ခပ်ဝါးဝါးရောင်ရှိန်တော်နဲ့
ဖူးပွင့်ခဲ့ရသူပါ . . . . .
အေးမြတဲ့ ကြယ်တာရာတစင်း
ဒေဝီအနား ခစားလာတော့
ပန်းဒေဝီကညာအပြုံး
ငွေလမင်းတောင် ရှုံးခဲ့ဖူးတယ် . . . . .ကဗျာရေးသားသူ = နတ်သျှင်နောင် + ဓာတုကလျာ ( ကလေး )
10 comments:
အပြုံးလေးတွေ ကမ္ဘာကိုတင်မကဘဲ စကြာဝဠာတိုင်အောင် ဖုံးလွှမ်းနိုင်ပါစေ ညီ။
အဟမ်ဒ အဟမ်း
ကိုမိုးစက် ကလေးဘဝ အမှတ်တရ ရှိသေးတယ်နော်
သတိလာပေးတာ အဟတ် ရူးချင်ယောင်ဆောင်မနေနဲ့ အုန်း ဟုတ်ပြီလား ချစ်လို့ ခင့်လို့ တပ်စ့်ထားတာကို
ပန်းဒေဝီကညာ့ အပြုံးက တော်တော့ကို တောက်ပြီတာပဲနော်
ကဗျာကတအားတင်စားထားတာပဲ ကိုမိုးစက်ရေ.
တောက်ပတဲ့  နတ်သမီးတစ်ပါး
ဘယ်ရင်အုံနား ဖွဖွလေးခိုလှုံရှာတော့
အညတရ မင်းသားတစ်ပါးအပြုံး
ကမ္ဘာတောင် ဖုံးခဲ့ ဘူးတယ် . . . . .
နတ်သမီးနဲ့ မင်းသားလေး လိုက်ဖတ်တယ်..မျက်လုံးထဲတောင် မြင်ရောင်မိတယ်..။
ကဗျာဖတ်သွာတယ်။ နတ်သျှင်နောင် ၁၇ နှစ်မှာ ဓာတုကလျာက ၄၀ ကျော်ပြီဆိုလား ကြားဖူးတာပဲ။ သူ့အဒေါ်တော်တယ်တဲ့ :-)
အဲလောက်တော့ မကွာပါဘူး ကိုနွေဆူးကြီးရ ကလေးနဲ့  ကျွန်တော်က ပါးပါးလေးဘဲကွာတာပါ . . . ကဗျာဆန်ချင်လို့ ကဗျာဆန်
လိုက်တာပါ :D :P
အားပါး ကဗျာက အရမ်းလန်းတယ်...
တောက်ပတဲ့  နတ်သမီးတစ်ပါး
ဘယ်ရင်အုံနား ဖွဖွလေးခိုလှုံရှာတော့
အညတရ မင်းသားတစ်ပါးအပြုံး
ကမ္ဘာတောင် ဖုံးခဲ့ ဘူးတယ် . . . . .
ဆိုပါလား....း)
ခင်မင်လျက်
ညရဲ့ကောင်းကင်
ကဗျာလေးကောင်းတယ်။ အပြုံးတွေ အပြုံးတွေ ဝေဆာနိုင်သမျှ ပိုမိုဝေဆာနိုင်ပါစေနော့ နတ်ရှင်နောင်နဲ့ ဓာတုကလျာရေ..
ကိုယ်တောင် ရောပြုံးမိသွားသလိုပဲ....း)
Post a Comment