" ဆိုက်ပရပ်(စ်) နတ်သမီး "

|


ဆိုက်ပရပ်(စ်) အချစ်ပန်းတွေပွင့်တဲ့
ခံစားမှုစိတ်ကူးယဉ် ပြတိုက်တစ်ခုမှာ
နှစ်ဆယ့်တစ်ရာစု မော်ဒန်လက်ရာ
မာဖီးယား အချစ်ရုပ်ကြွင်းစစ်စစ်နဲ.
ဆိုက်ပရပ်(စ်) နတ်သမီးတစ်ပါးရှိတယ်
မိုးကျရွှေကိုယ် မဟုတ်ပေမဲ့
နတ်သမီးပန်ဖို့ ရည်စူးပြီး
ကဗျာသီတဲ့ကြိုးနဲ့ 
ပန်းတစ်ခင်း ပျိုးခဲ့တယ်
ရင်ခုန်ခြင်းမှာ . . . . .

စွဲလမ်းမှု မျက်ဝန်းနုနု . . . . .

ကဗျာဆန်ဆန် ပန်းနုချစ်နှုတ်ခမ်း . . . . .

သီတာခုနစ်တန်အပြုံး . . . . .

ဒီပန်းချီအဆုံး . . . . .

လေပြေချော့လို့  လျော့သွားတဲ့
ဆံနွယ်တွေ ကြော့သွားချိန်မှာတော့
ရင်တွေတုန်ရလွန်းလို့ 
ဘဂ္ဂဒက် အသိမ်းခံရတဲ့ နေ့ က
ငါ့ကံတော်ကုန် နှလုံးသားတောင်
ဘယ်နားကျကျန်ခဲ့မှန်း မသိတော့ဘူး နတ်သမီးလေးရေ . . . . .

" အချစ်မှာ ရှစ်မျက်နှာ "

|


အရပ်မှာ လေးမျက်နှာ
အချစ်မှာ ရှစ်မျက်နှာ
ငါကတော့ အလယ်မှာ ...

ငါ့နိုးထရာ နံနက်ခင်းအိမ်မက်မြစ်တို့ စီးရာ အရပ်သည်
မင်းရှိတဲ့အရပ် .....

ငါ့ရင်တွင်းဖြစ်စစ်စစ်တို့ ကိန်းအောင်းတည်ရှိရာ အရပ်သည်
မင်းရှိတဲ့အရပ် .....

ငါ့ဝတ်မှုန်တို့ ပျော်စံရာ ဥယျာဉ်အရပ်သည်
မင်းရှိတဲ့အရပ် .....

ငါ့နေခြည်အနမ်းများဖြင့် ပန်းများပွင့်စေသည့်အရပ်သည်
မင်းရှိတဲ့အရပ် .....

ငါ့ကဗျာတို. စေညွှန်ရာအရပ်သည်
မင်းရှိတဲ့အရပ် .....

ငါ့အချစ်ပဉ္စလက် မှော်အောင်ရာအရပ်သည်လည်း
မင်းရှိတဲ့အရပ် .....

ငါ့ဘ၀နေ၀င်ချိန် ခေါင်းချရာအရပ်သည်
မင်းရှိတဲ့အရပ် .....

မင်းကျောခိုင်း စေအုံးတော့မင်းလှည့်သောအရပ်သည်
ငါမျက်နှာမူရာအရပ် .....

ချစ်သူ ...
ငါသည် အချစ်ရှစ်မျက်နှာမှနေ၍
မင်းကို ချစ်ပါသည် ....

" ဂန္တ၀င် စကားတစ်ခွန်း "

|


ဖြစ်တည်မှု နိယာမမဲ့
နိုးထခြင်း ပင်လယ်အော်နောက်
ဒဏ္ဍရီ ကြယ်စင်စု ဟာ
ပန်းတို့ အရှင် ဧကရီသခင်မရဲ့ 
နေ၀င်နေထွက် ခြေရာတွေနဲ.အတူ
အချစ်ကို သုညက အစပျိုးမွေးဖွားမိခဲ့တယ် ...

လရောင်လွှမ်းနေတဲ့
အသဲရောင်လမ်းက
ဆည်းလည်းရှိုက်သံကြောင်.
စောင်းကြိုးလည်း နုခဲ့ရပြီ ...

လေတိုက်နှုန်းကြောင့်
လွမ်းလို့ သေသွားတဲ့ သစ်ပင်က
ဝိုင်နီချိုချို တစ်ခွက်သောက်ရင်းပြောတယ်
လကမ္ဘာမှာ ရေမရှိ
အင်္ဂါဂြိုလ် မှာအိမ်မက်တွေမရှိ
ကမ္ဘာဟာ မပြားပါ
ထို့ ကြောင့် ...
" ကျွန်တော် သူမ ကိုချစ်ပါသည် " ...

ဗီးနပ်မင်းသမီး ပေးလာမဲ့
အနူးညံ့ဆုံး နှုတ်ပါးတော်က
အဖြေလွှာ ပုရပိုဒ်မှာ
ကိုယ့် ကံလှိုင်းတွေ မရိုင်းစေဖို.
ရင်ခွင် သမိုင်းရဲ.
စကားလုံး သင်္ချိုင်းမှာ
အနမ်းတွေ ရိုင်းခဲ့ရင်
ငါ့ကို ခွင့်လွှတ်ပါ ဘေဘီ .....။.....။

" အနမ်းသင်. လော.ဂျစ် "

|

ချွဲပစ်ပစ် ရင်ခုန်သံကြောင်.
လော.ဂျစ်တွေ ပျောက်တဲ.ညမှာ
ကြိုးပျောက် ဂီတာနဲ.
" စိန်ခြူးကြာညောင် " ကို
တစ်ကွက်ပိုတီးမိခဲ. တယ် ...

အနမ်း တိတ်တခိုးတွေကြားမှာ
နာရီတွေက " ဂျောက်ဂျက် " " ဂျောက်ဂျက် "
အိမ်မက်တွေ ဂရောက် ဂရက်နဲ.
" ဆဌမအာရုံ " ပါပျောက်ခဲ.တယ် ...

" သတ္တမမြောက် ဖန်ဆင်းခြင်း "
ခရမ်းလွန် အလင်းတန်းရဲ.
ဘယ်ဘက်ရင်အုံမှာ
ထိုးစိုက်တဲ. ပတ်ပျိုးဟာ
" စုံနံ.သာမြိုင် " မဖြစ်ပါပရစေနဲ. ...

ကောင်းကင်အလွန် တမ်းချင်း
ချိုလွင်လွင် ဒိုင်ယာရီစာမျက်နှာမှာ
" ပန်းကိုးပွင်.ဒေ၀ီ " ရဲ.
အမုန်းမဲ. နှုတ်ခမ်းသားလေးနဲ.
ထာဝရ ... အဆုံးမဲ.
အနမ်းသင်. ကျိန်စာမိပါရစေ .....။.....။

" စစ်ကိုင်းသူ ရဲ. အိမ်မက်အပိုဒ်ခွဲ " ( မက်မက် မွေးနေ.အမှတ်တရ )

|


ရှုပ်ရှုက်ခတ်နေတဲ.
" သောတအာရုံ " ကြားမှာ
ရှိုက်သံ ပြင်းပြင်းတွေနဲ.
" နိစ္စဓူဝ " ကိုဖြတ်သန်းရင်း
နေ၀င်တာတောင် ကဗျာမဆန်နိုင်သော
ခပ်ကျဉ်းကျဉ်း ကမ္ဘာ. ရွာလေးတစ်ခုမှာ
ခါးမှန်းသိသော ကော်ဖီပူပူတစ်ခွက်ကို
သကြားမထည်. နိုင်သော သူမ ...

တိတ်ဆိတ် ငြိမ်သက်ခြင်းကို
ဂီတလို စီးမျောရင်း
ခပ်ဖွဖွ ပြုံးလိုက်တဲ.
မခို.တရို. ညင်သာမှုနောက်မှာ
ပွင်.လင်းခြင်း အိမ်မက်တွေကို
ကဗျာဆန်စွာ ရွတ်ဖတ်နေတတ်သော သူမ ...

ရင်.ကျက်ခြင်း ရေသောက်မြစ်ကို
ဥပက္ခာပြု နမ်းရှိုက်ရင်း
မာယာတွေ ရှင်းတဲ.
စကားလုံး အဘိဓာန်တွေအောက်မှာ
ကာရန်မဟန် ကဗျာမဆန် တဲ.
ငယ်ဘ၀ရဲ. တိတ်တခိုးသံစဉ်များကို
မနားတမ်း ပြန်လည်တီးခတ်ရင်း
" က " ကွက်ဆန်းများဖြင်.
မျက်ဝန်များကို ညင်သာစွာ
လှုပ်ခတ် နှိုးတတ်သော သူမ ...

အိမ်မက်စေတမန် နဲ.
အိမ်မက် ဗိမာန် ရဲ.
ဆက်သွယ်ချက်ကို
ကောင်းစွာ မသိပေမဲ.
ဝါကျတွေ အဆုံးမှာ
အပြုံးတွေ ထပ်နေတတ်သော
ပန်းနုရောင် အိမ်မက်သခင်မ ...

အိမ်မက် အပိုဒ်ခွဲ များစွာတိုင်
ရာစုသစ်ရဲ. နယ်မြေသစ်များစွာကို
သိမ်းပိုက် ရှင်သန်းရင်း
တစ်နေ.မှာ ...
စစ်ကိုင်းလမ်းမှ ပြန်လာနိုင်ပါစေ .....။.....။


ကျွန်တော်. ဘော်ဒါကြီး မက်မက် ( Dream Blog ) ကမွေးနေ. အမှတ်တရလေး
ရေးပေးဖို.ပြောလာတဲ. အတွက် အတတ်နိုင်ဆုံး ကြိုးစားပြီး ရေးပေးလိုက်ပါတယ်
ဘော်ဒါကြီး မက်မက် ကျေနပ်လိမ်.မယ်လို. မျှော်လင်.ပါတယ် ခင်ဗျာ ....

" နက္ခတ် ကျိန်စာ "

|


နက္ခတ်မှားတဲ. ညမှာ
ငါဘယ်လို ချစ်ချစ်
" ဆေးပေါင်းခတဲ.ည "
မဖြစ်ဘူး - - - သေချာတယ်
ဒါမင်းဘ၀ ...

ငါ ... R@CkEr မဟုတ်
ဒါပေမဲ.
ရင်တော. ပြင်းပြင်းခုန်တယ်
အသက်ရှုမမှားအောင်
ကာကွယ်ဆေးထိုးထားတယ် ...

ဝေဟင်ပစ် အပြင်းစား
သံစဉ်တွေမကြိုက်လို.
အသဲကွဲ မျက်မှန် တော.
ဝယ်မတပ်ဘူး ...

ဒါတောင်မှ
တွန်းတိုက်ပြီး
" နဲ." စေမယ်ဆိုရင်တော.
နေနှစ်စင်း ပြိုင်ပွင်.မှ
ငါ.နှလုံးသားကို
အခမ်းနားဆုံး
သဂြိုလ်လိုက်မယ် .....။.....။

" အိမ်ပြန်ချိန် "

|


ကျောက်ခက်နှင်းဆီ ခူးယူဖို.
မိုးကုတ်စက်ဝိုင်း အလွန်ကို
ကျော်ကြည်. လိုက်တော.
လမင်းကို နမ်းရှိုက်ဖို.
ပင်လယ်တောင် အားယူနေရတယ် ...

ကာရန်မညီသော ရင်ခုန်သံဆိုတာ
သင်္ချာမတွက်တတ်တာလား
စည်း ၀ါး မကျတာလား
မျက်စိမမြင်တာလား ...

စေလိုရာ စေချင်ပေမဲ.
ဦးတည်ရာမဲ.
မာရသွန်ပြေးပွဲကြောင်.
ပျိုးခင်းလည်း ပျက်ကုန်ပြီ ...

ဒီလိုနဲ. နေလာလိုက်တာ
ရီဝေေ၀ ဆောင်းတစ်ညမှာ
အရှုံးတွေ ဟားတိုက်လို.
အမုန်း ကိုပိုက်ကာ
သူ...အိမ်ပြန်သွားတယ် .....။.....။