ကျွန်တော့် " အက်ဖရိုဒိုက် " နတ်သမီးဟာ
ဆိုက်ဘေးရီးယားမှာ မရှိဘူး
တစ်ယောက်နဲ့ တစ်ယောက် . . .
ကုဋေတစ်သန်းလောက်ကွေ့ ကောက်နေကြတယ်
ပွင့်သွားတဲ့ မိုးကောင်းကင်ကြီးမှာ
ရုပ်ဖွဲ့ စည်းမှုသိမ်မွေ့ သလောက်
စိတ်ဖွဲ့ စည်းမှုမသိမ်မွေ့ နိုင်တော့တဲ့ 
နာကျင်မှုလှောင်အိမ်က ခံစားမှုပန်းချီကားတစ်ချပ်လို
ရွှက်လွှင့်လို့  ယိုကျလာတဲ့ အလင်းရောင်ဟာ
ကြေကွဲပြဇာတ်က " ကိတ်ဝင်းစလက် " လိုဘဲ
ဒီလိုနဲ့ ဘဲချစ်သူ့ မျက်ရည်တစ်စက်ကို
သွေးသားထဲကဖောက်ထုတ်
နှလုံးအိမ်ကိုကျောက်ရုပ်လိုကြည့်ရင်း
မြင်ကွင်းတွေကို ထွေခင်းချလိုက်တာ
" တစ်ထောင့်ငါးရာ " ဘဲ " အတိုး " တက်စရာကျန်တော့တယ် . . . . .
ဆိုက်ဘေးရီးယားမှာ မရှိဘူး
တစ်ယောက်နဲ့ တစ်ယောက် . . .
ကုဋေတစ်သန်းလောက်ကွေ့ ကောက်နေကြတယ်
ပွင့်သွားတဲ့ မိုးကောင်းကင်ကြီးမှာ
ရုပ်ဖွဲ့ စည်းမှုသိမ်မွေ့ သလောက်
စိတ်ဖွဲ့ စည်းမှုမသိမ်မွေ့ နိုင်တော့တဲ့ 
နာကျင်မှုလှောင်အိမ်က ခံစားမှုပန်းချီကားတစ်ချပ်လို
ရွှက်လွှင့်လို့  ယိုကျလာတဲ့ အလင်းရောင်ဟာ
ကြေကွဲပြဇာတ်က " ကိတ်ဝင်းစလက် " လိုဘဲ
ဒီလိုနဲ့ ဘဲချစ်သူ့ မျက်ရည်တစ်စက်ကို
သွေးသားထဲကဖောက်ထုတ်
နှလုံးအိမ်ကိုကျောက်ရုပ်လိုကြည့်ရင်း
မြင်ကွင်းတွေကို ထွေခင်းချလိုက်တာ
" တစ်ထောင့်ငါးရာ " ဘဲ " အတိုး " တက်စရာကျန်တော့တယ် . . . . .
17 comments:
အတိုးက ၁၅၀၀ ကြီးများတောင်။
ပျော်စရာကြီး။ ဟဲ ဟဲ။
ပျော်ရွှင်ပါစေ ညီ။
ပွင့်သွားတဲ့ မိုးကောင်းကင်ကြီးမှာ
ရုပ်ဖွဲ့ စည်းမှုသိမ်မွေ့ သလောက်
စိတ်ဖွဲ့ စည်းမှုမသိမ်မွေ့ နိုင်တော့တဲ့ 
ဒီစာသားလေးကြိုက်တယ်...
အတိုးက ထောင့်ငါးရာတောင် နည်းနေသေးတယ်ဗျ...
ပိုတိုးတောင်းလိုက် ...
ခင်မင်စွာဖြင့်
မျက်ရည်က တစ်စက်တည်းလား :)
၁၅၀၀ အပေါ်မေတ္တာထပ်ဆင့်တော့ ပြောစရာမလိုတော့ဘူးပေါ့ ကိုမိုးစက်ရယ်
၁၅၀၀ က မကျေမချင်းဆပ်ရတာ ကြာနေပြီ မိုးစက်ရေ
မိုးစက်ရေ....
ပိုတိုးချစ်မယ်ဆိုတဲ့သဘောလေးပေါ့နော့....း)
ဗညားတို့....ကိုတူးတို့လိုပဲ ကဗျာရေးကောင်းတယ်ဗျ...။
အခုမှပဲရောက်ဖူးတယ်....း)
လင့်ခ်ယူသွားမယ်နော့...း)
ခင်မင်တဲ့
ဏီလင်းညို
အချစ်တွေက အတိုးလိုတက်နေရင်
အချစ်တွေ တော့အများကြီးဖြစ်ကုန်မှာပေါ့နော်။
အတိုးပေါ်အတိုးဆင့်တော့ ကိုမိုးစက်ရာ
ဘယ်လို မှရုန်းမထွက်နိုင်တော့ဘူး
ဒီအချစ် နွံထဲမှာပဲ တစ်ဝဲလည်လည်နဲ့ နစ်နေဦးမှာပဲ
ကောင်းတယ် စာသားလေးတစ်ချက်နဲ့ တွေးစ၇ာတွေပေးသွားတာ
ကိုမိုးစက်လည်း ရုန်းမထွက်နိုင်သေးဘူးပေါ့နော့
အတိုးက ဆင့်နေတော့ အရင်းဆိုတာဘယ်ဆပ်နိုင်အုန်းမလည်းလေ
ထပ်ဆင့်အတိုးတွေနဲ့ မိုးစက်တစ်ယောက် ကလေးကိုချစ်နိုင်ပါစေနော်...
ခင်မင်စွာဖြင့်
မိုးငွေ့
“ချစ်သူ့ မျက်ရည်တစ်စက်ကို
သွေးသားထဲကဖောက်ထုတ်
နှလုံးအိမ်ကိုကျောက်ရုပ်လိုကြည့်ရင်း
မြင်ကွင်းတွေကို ထွေခင်းချလိုက်တာ
" တစ်ထောင့်ငါးရာ " ဘဲ " အတိုး " တက်စရာကျန်တော့တယ် . . . ”..
----------------------------------------------------
တိုးရင်းပေါင်းတွေကလည်း မနည်းပါပဲလား...
မိုးစက်တို့များ တော်တော်ကြီးပွားနေလိုက်တာ..
--------------------------------------------------
ကဗျာလေးတွေ အားလုံးကောင်းတယ်။ ခံစားမှုအပြည့်အဝပါတယ်။ ဒါပေမယ့် ဒီအချိန်မှာ အချစ်ကဗျာ မဖတ်ချင်ဘူး။ အချစ်ဆိုတဲ့ ဝေါဟာရကို တခဏမေ့ထားချင်လို့။
အတိုးတက် ရင် တော့
ခက်ရချည်ရဲ့နော...
ကဗျာကောင်းတစ်ပုဒ်ပါပဲ ညီရေ
ပျော်ပါစေ
*.*.*
မိုးစက်ရေ... ကဗျာဆရာတွေရဲ့ ကဗျာတွေထဲ မျောမျောပါသွားလို့ ဒီဘက်မရောက်ဖြစ်ဘူး။း)
အခုလည်း မိုစက်ကဗျာလေး ဖတ်ပြီး တကယ့်ကို စာကားလုံးတွေထဲမှာ မျောသွားတယ်။ ကဗျာရဲ့ ကာရံရော စာကားလုံးရွေးချယ်မှုကရော တကယ်တော်ပါတယ်။ မနွယ်က ကဗျာမရေးတတ်တော့ ကဗျာလေးတွေကို နှစ်သက်အားရမိတယ်။
အားပေးနေပါတယ်။
ခင်မင်လေးစားလျှက်
တယ်ဟုတ်ပါလား....
လုပ်လိုက်ပြန်ပြီ။ အတိုးကတော့ တက်ပြီးရင် တက်နေတယ်နော်။ ပျော်ရွှင်ပါစေနော့။
၁၅၀၀ အတိုးဆို ဟီးရတယ်ဗျ
ကြိုက်တယ် တက်ပါစေတော့ ဟေးဟေးးး
ကိုမိုးစက်ရေ....၁၅၀၀ အတိုးမပြောနဲ့ အရင်းတောင်မကြေသွားဘူး သိလား။ အဟဲ... ဝင်ရှည်ကြည့်တာနော်။
Post a Comment