" ကဗျာရေးတဲ့ကျောက်စာ " ( မွေးနေ့ အမှတ်တရ )

|


ရနံ့ တွေရတဲ့ တောတစ်အုပ်မှာ
ငါက " ကေသရာဇာ " ဖြစ်ချင်တာ
ဒါပေမဲ့ . . . ဘယ်လေညှုင်းနုနုမှဖမ်းစားဖို့ 
စိတ်ကူးမရှိဘူး . . . . .

နတ်ဆေးလုံးစား
စလွယ်ဖွားမဟုတ်ပေမဲ့
တောအုပ်လေးကို ပစ်လွှတ်မဲ့လေးညှို့ ရန်တွေကို
အကြင်နာရှစ်သောင်း ခံစစ်အမြှေုာင်းမြှေုာင်းနဲ့ 
ခုခံကာကွယ် ၀တ်မှုန်လိုသင်းပျံ့ စေချင်တယ် . . . . .

ငါ့ရင်ဘတ်က မျှော်လင့်ခြင်းအထပ်ထပ်
ဘယ်ကံရှင်နတ်က သိတတ်နိုင်မလည်း
သမိုင်းမတွင်နိုင်သေးတဲ့ အက္ခရာလေးလုံးဟာ
ဝှက်ထားခြင်းခံရတဲ့ " အမှန်တရား " ပဲ . . . . .

မျှော်ရည်ငေးလင့်
တစ်နေ့ တော့ပွင့်မဲ့ ရနံ့ နဲ့ 
တောတန်းလေးကိုမွှေးပျံ့ စေချင်တယ်

ငါတွေးရင်းပျော်တယ်
သူများတွေအတွက်လည်းငါပျော်နေမိတယ်
ခုထိ တောအုပ်လေးအတွက်
ငါ့အိပ်မက်တွေမှာ . . . ငါ ဟာ
တစ်ကိုယ်တော်မဖြစ်ခဲ့သေးဘူးကွယ် . . . . .



" နိုဝင်ဘာမေ "

|

စိတ်ကူးအရင့်အမာနဲ့ 
သူ့ ပုံရိပ်တနင့်တပိုးထမ်းထားရတာ
ကမ္ဘာ့ လုံးဝန်းမှုထက်ပိုလေးတယ် . . . . .

ဘယ်လိုရာသီခွင်မျိုးမှမြို့ တံခါးကပွင့်မှာလဲ
" ၀ " လုံးဝင်စားသလို
ကိုကဘဲကွေးစက်ဝိုင်းညွှတ်
မုယောပွင့်လေးတွေနဲ့ ဖြိုဖျက်ချလိုက်တယ် . . . . .

အလှဘုရားမလေး
တိုက်ခတ်ရင် ယိမ်းနွှဲ့ ပြဖို့ 
အိပ်မက်တွေစိုက်နေတာမဟုတ်ဘူး . . . . .

ကိုယ့်ရူးသွပ်မှုနဲ့ ကိုယ်လတ်ဆတ်
မင်းပေးမဲ့ မျှော်စင်တန်းအတွက်
စိမ်းလန်း တတ်နေပြီ . . . . .

" ဒီ " . . . နွေလက်ကျန်နဲ့ 
ငါ့ပြည်တော်ပြန်လမ်းမှာ
ပန်းတွေပွင့်ပါစေ . . . . .

" ငါ့ခေတ်ရဲ့ နတ်ဘုရား "

|















ခွာသံတစ်ချက်
အလင်းသိုက်ဖြန့် ကျက်လို့ 
အရှေ့ မြို့ ရိုးတစ်ဖက်က
ပန်းနုရောင် ကြက်ခြေခတ်လေး
ဟာဝိုင်ရီတစ်ခွက်နဲ့ 
ထင်းရူးပင်ရိပ်ကိုတံခါးပိတ်ပါ . . . . .

လက္ခဏာအတုထဲက " ကျွန်း "
ပတ်ကြားအက်ထဲက ကျွန်တော်
ရေလယ်မီးပြ အပျိုမရဲ့ 
အရိုးတစ်မှုန်ကို
နိဗ္ဗာန်ဘုံအထိယူပြချင်တယ် . . . . .

တခြမ်းမနိုးတဲ့သစ်ရွက်ကျိုးလေး
ပန်းကရိုင်းထဲ တိုးဝင်ကခုန်
မှော်ဖူးမိတဲ့ဝတ်ရုံမှာ
ရနံ့ ထူးတွေပြန့် ပြူးလို့  . . . . .