" ညှို့ သွန်းကကွက်ရဲ့ အကြည့်တစ်ချက် "

|


ဓာတ်ပုံထဲ ခိုးခိုးကြည့်ရုံနဲ့ တော့
" ဘ၀ " က ရင်ခုန်ရတာဘဲ
အဖတ်တင်လိမ့်မယ် . . . . .

ဖြစ်နိုင်မယ်ဆိုရင်
ငါ့အချစ်ရာဇ၀င်မှာ
တိတ်တခိုးကျမ်းတစ်ပိုဒ်နဲ့ 
စီးနင်း တိုက်ခိုက်
နင့် ရင်ခုန်သံတွေကို
ခဏလောက်သိမ်းပိုက်ချင်တယ် . . . . .

လေပွေမခြွေတဲ့
နှင်းဆီပျိုလေးရေ
ဝိညာဉ်ပါဠိကိုအနက်လိုပြန်ကြည့်တော့
ရီဝေ့ပျံ့ တက် ကညာပျိုရင်ခွင်ထက်
ဆွေးမြေ့ မှုန်ရီ စိုစွတ်မှုရင်ခုန်သံကို
ခုံမင်မိချေပြီ . . . . .

တကယ်တော့လည်း
လေစီးထဲဖွာကျဲလှပနေတဲ့
ညှို့ သွန်းကချေသည် ရဲ့ ကကွက်အောက်
အိုအေစစ်မှောက် တဒင်္ဂနွယ်ကြိုးလည်း
" ဖြောက် " ကနဲပျောက်သွားတော့မှာပါ . . . . .

ဒီလိုပါဘဲလေ
လေ၀ါတစ်ပွင့် နမ်းရှိုက်ရင်း
" ဒီမိုး " နဲ့ စပျိုးကတည်းက
" အကြည့်တစ်ချက် " ဆိုတာ
ရိတ်သိမ်းဖို့ မှမဟုတ်ခဲ့ တာ . . . . .