" ဂန္တ၀င် စကားတစ်ခွန်း "

|


ဖြစ်တည်မှု နိယာမမဲ့
နိုးထခြင်း ပင်လယ်အော်နောက်
ဒဏ္ဍရီ ကြယ်စင်စု ဟာ
ပန်းတို့ အရှင် ဧကရီသခင်မရဲ့ 
နေ၀င်နေထွက် ခြေရာတွေနဲ.အတူ
အချစ်ကို သုညက အစပျိုးမွေးဖွားမိခဲ့တယ် ...

လရောင်လွှမ်းနေတဲ့
အသဲရောင်လမ်းက
ဆည်းလည်းရှိုက်သံကြောင်.
စောင်းကြိုးလည်း နုခဲ့ရပြီ ...

လေတိုက်နှုန်းကြောင့်
လွမ်းလို့ သေသွားတဲ့ သစ်ပင်က
ဝိုင်နီချိုချို တစ်ခွက်သောက်ရင်းပြောတယ်
လကမ္ဘာမှာ ရေမရှိ
အင်္ဂါဂြိုလ် မှာအိမ်မက်တွေမရှိ
ကမ္ဘာဟာ မပြားပါ
ထို့ ကြောင့် ...
" ကျွန်တော် သူမ ကိုချစ်ပါသည် " ...

ဗီးနပ်မင်းသမီး ပေးလာမဲ့
အနူးညံ့ဆုံး နှုတ်ပါးတော်က
အဖြေလွှာ ပုရပိုဒ်မှာ
ကိုယ့် ကံလှိုင်းတွေ မရိုင်းစေဖို.
ရင်ခွင် သမိုင်းရဲ.
စကားလုံး သင်္ချိုင်းမှာ
အနမ်းတွေ ရိုင်းခဲ့ရင်
ငါ့ကို ခွင့်လွှတ်ပါ ဘေဘီ .....။.....။

20 comments:

Chitpalonelay said...

အယ် ကံကကောင်းချင်တော့ တစ်တော့။ အဟိ
ခင်မင်လျှက်
ညီမလေး ပါးလုံး

Chitpalonelay said...

ကဲဖတ်ပြီး ခံစားလိုက်ဦးမယ် လိုတာရှိရင်အမှန်အတိုင်း ဝေဖန်မယ်နော်။
ခင်မင်လျှက်
ညီမလေး ပါးလုံး

Chitpalonelay said...

ကမ္ဘာမပြားတာနဲ့ ချစ်တာနဲ့ ဘာဆိုင်လို့လည်းဟင် အဟိ။ သစ်ပင်သေတာက လေတိုက်လို့လား လွမ်းလို့လား။ အဟိ။ ကဗျာကတော့ လန်းတယ်ဗျာ။ သေသေချာချာခံစားသွားပါကြောင်း။ ဘေဘီက ဒီကဗျာမြင်ရင်တော့ ခွင့်လွှတ်မယ်ထင်တယ်အဟိ။
ခင်မင်လျှက်
ညီမလေး ပါးလုံး

(ချစ်သူရရင်ဆိုပြီး ကြိုတင်ပြင်ဆင်ထားတဲ့ ဒီကဗျာလေးကိုကြည့်ခြင်းအားဖြင့်..................ကြိုတင်ပြင်ဆင်တတ်တဲ့အကျင့်ရှိတယ်ထင်တယ်အဟိ။ )

Dream said...

အယ်..ကဗျာက လန်ထွက်နေတာပဲ.. ကဲ...
ဧကရီသခင်မ မဟေသီ ဒေ၀ီရေ.... စကားလုံး သချိုင်္င်းမှာ အနမ်းတွေ မရိုင်းခင် ခွင့်လွတ်ပေးလိုက်ပါ.....အဲဒီလူမိုက်လေးကို... :P

ဦးဦးမိုးစက်က သစ်ပင်တွေ ပြောတဲ့စကားကို နားလည်တယ်နော်... အဟိးးး :p

စောင်းကြိုးနုရင် ဂီတာကြိုးနဲ့ ပြန်တပ်....:pး))

သူကြီးမင်း (တုံးဖလား) said...

ညီရေ..
အချစ်ရယ်.. အနမ်းရယ်မှာ ရိုင်းတယ်ဆိုတာ ရှိမယ်မထင်ပါဘူး။ တကယ်လို့ ရှိခဲ့ရင်လဲ သူ ခွင့်လွတ်မှာသေချာပါတယ်။

အချစ်ကို သုညက တကယ်စခဲ့တာဆိုရင်တော့ သူလေးလဲ ခွင့်လွတ်လို့ကို ဆုံးနိုင်အံ့မထင်တော့ပါဘူး။

khun said...

ချစ်တဲ့သူကနမ်းတာဆို အနမ်းရိုင်းလည်း
ခွင့်လွတ်ပေးလိမ့်မှာပေါ့

ပျော်ရွင်ပါစေ

PhotoVigor said...

I love the idea.. :)

မေလေးညို said...

ကဗျာလေးက မိုက်တယ်..။

rose of sharon said...

ဘေဘီကခွင့်လွှတ်မှာပါကွယ်....

may16 said...

ကဗျာကို ဖတ်လို့ကောင်းတာပဲသိတယ်. . .
မဝေဖန်တတ်ပါ .. အရေးကောင်းတာကိုတော့ လေးစားတယ်...

လင်းကြယ်ဖြူ said...

ခွင့်လွှတ်နိုင်မှာပါလေ..
ကဗျာလေးကိုဖတ်ပြီးတော့ပေါ့..
ကောင်းတယ်..လန်းတယ်
အားပေးနေပါတယ်..ညီရေ
ပျော်ပါစေ

ဇော် said...

ခွင့်လွှတ်ပါတယ်ဗျာ .. ခွင့်လွှတ်ပါတယ် ..
ဟီးဟီး .. အလကား .. ကိုစက်ကို ဂျစ်ရို့ချယာ.. ချိတ်ချိုးရ၀ူးနော် ..

ကဗျာလေးက ကောင်းတယ်ဗျိုးးး ..
ဓါတ်ပုံကတော့ ကြည့်ရဲဝူး .. =P

Angel Shaper said...

ဟိဟိ....
ချစ်သူနမ်းတာပဲ။
ရိုင်းပါစေ။ ခွင့်ပြုတယ်။ ခွင့်လွှတ်တယ်။ ဟိဟိ
နမ်းစေသတည်းးးးးးးးးးးးး

desertraindrops said...

ကမ္ဘာကြီးပြားရင် မချစ်ဘူးလား??? :)

ကဲ ဘေဘီရေ..ခွင့်လွှတ်လိုက်ပေတော့။

ကျောပိုးအိတ် said...

ခွင့်လွှတ်တယ်မိုးရေ ဘေဘီခွင့်လွှတ်တယ်။

အဟားဟား
ထင်ယောင်ထင်မှား အော်သွားတယ်။ ဒီညနေ ငါဖိလစ်ပိုင်က ပြန်ရောက်ပြီနော်။

ဒါဘဲ။

ခင်လို့ စတယ်။ စလို့ ခင်တဲ့
နင့်ရဲ့ သူငယ်ချင်းအရင်းခေါက်ခေါက်

ခရေညို said...

ကဗျာလေးက အရမ်းကောင်းတယ် ဖတ်ပြီးခံစားသွားပါတယ်

တလနွန် said...

ကဗျာလေးကတော့ ဘယ်အချိန်ဖတ်ဖတ် ကောင်းနေတာပဲ။

အားပေးလျက်
တလနွန်

စည်သူ said...

မဲ့မယာနိ မှုတည်ဖြစ်
နောက်အော်လယ်ပင် ခြင်းထနိုး
ဟာ စုစင်ကြယ် ရီဒဏ္ဍ
ရဲ့မခင်သရီကေ ရှင်အတို့ပန်း
တူအနဲ့တွေရာခြေ ထွက်နေဝင်နေ
... တယ်ခဲ့မိဖွားမွေးပျိုးစအ ကညသု ကိုချစ်အ..

ကဗျာကို. နောက်ကနေ ပြန်ရွတ်ကြည့်တာ..
အောင်မလေး..မော်လိုက်တာဗျာ..

ခင်မင်စွာဖြင့်
စည်သူ။

emayarKhin said...

တကယ့်ကိုဂန္ဓဝင်ပါဘဲ.....

မေသစ္စာမောင် said...

ရင်ခွင် သမိုင်းရဲ.
အချစ် သင်္ချိုင်းမှာ
နွေးထွေးမှုတွေ မရှိခဲ့တာ
ငါ့ကို ခွင့်လွှတ်ပါ ဘေဘီ .....။.....။

အဟဲ :D
ဒီမှာ ကဗျာတွေလာလာဖတ်ရင်းနဲ့ ကဗျာတောင်ရေးတတ်လာသလိုပဲ :):)