" အချစ်မှာ ရှစ်မျက်နှာ "

|


အရပ်မှာ လေးမျက်နှာ
အချစ်မှာ ရှစ်မျက်နှာ
ငါကတော့ အလယ်မှာ ...

ငါ့နိုးထရာ နံနက်ခင်းအိမ်မက်မြစ်တို့ စီးရာ အရပ်သည်
မင်းရှိတဲ့အရပ် .....

ငါ့ရင်တွင်းဖြစ်စစ်စစ်တို့ ကိန်းအောင်းတည်ရှိရာ အရပ်သည်
မင်းရှိတဲ့အရပ် .....

ငါ့ဝတ်မှုန်တို့ ပျော်စံရာ ဥယျာဉ်အရပ်သည်
မင်းရှိတဲ့အရပ် .....

ငါ့နေခြည်အနမ်းများဖြင့် ပန်းများပွင့်စေသည့်အရပ်သည်
မင်းရှိတဲ့အရပ် .....

ငါ့ကဗျာတို. စေညွှန်ရာအရပ်သည်
မင်းရှိတဲ့အရပ် .....

ငါ့အချစ်ပဉ္စလက် မှော်အောင်ရာအရပ်သည်လည်း
မင်းရှိတဲ့အရပ် .....

ငါ့ဘ၀နေ၀င်ချိန် ခေါင်းချရာအရပ်သည်
မင်းရှိတဲ့အရပ် .....

မင်းကျောခိုင်း စေအုံးတော့မင်းလှည့်သောအရပ်သည်
ငါမျက်နှာမူရာအရပ် .....

ချစ်သူ ...
ငါသည် အချစ်ရှစ်မျက်နှာမှနေ၍
မင်းကို ချစ်ပါသည် ....

21 comments:

khun said...

ကဗျာလေးတွေနဲ့အပေါ်မှာတင်တဲ့ပုံလေးတွေက
တကယ်လိုက်ဖက်တယ်.

khun said...

တလနွန် said...

အချစ်ရှစ်မျက်နှာ ဖွင့်ဆိုချက်ကလည်း ရေလည်လန်းတယ်။
ငါ့နိုးထရာ နံနက်ခင်းအိမ်မက်မြစ်တို့ စီးရာ အရပ်သည်
မင်းရှိတဲ့အရပ် .....
ဆိုတဲ့ အရပ်ကို အကြိုက်ဆုံးပဲ

ခင်မင်ခြင်းနှင့်
တလနွန်

yangonthar said...

ချစ်အရပ်ရှစ်မျက်နှာလေး ခံစား ဖတ်ရှုသွားတယ် ဗျ ချစ်တတ်တယ်ဗျာ .... ကဗျာလေးကောင်းတယ်ဗျို့ :)))

စည်သူ said...

ဟာ....
ကိုမိုးစက်အိမ်ရေ..

ဘာလည်း.. အဲလောက်ဆိုမှတော့
ငယ်ချစ်ပဲ ဖြစ်နယ်နဲ့တူတယ်..း)

ဖွဲ့ဆိုမှုတွေက လန်တာမဟုတ်.. ပျံထွက်နေတာပဲ..

ခင်မင်စွာဖြင့်
စည်သူ။

ကြယ်ဖြူစင် said...

ချစ်တတ်လိုက်တာ..ငါ့မောင်လေးက..
အရပ်ရှစ်မျက်နှာကိုဖွဲ့ဆိုသွားပုံလေးက
အရမ်းကောင်းတယ်..
ခင်တဲ့
မမကြယ်ဖြူစင်

Angel Shaper said...

အင်းးးးးးးးးးး
ရိုးမန်ကလဲ တစ်တစ်တစ် လို့ ကိုနေတာပါလားးးးးးးး
ကောင်းလိုက်တဲ့ ကဗျာ...
ငါ့နိုးထရာ နံနက်ခင်းအိမ်မက်မြစ်တို့ စီးရာ အရပ်သည်
မင်းရှိတဲ့အရပ် .....
လန်းတယ်။ တကယ်ကြိုက်တယ်။ ဘယ်လိုများ တွေးဖြစ်သွားတာလဲဟင်.....

rose of sharon said...

တော်တော်ချစ်တတ်ပါလားကွယ်.... ကဗျာမို့တင်စားတာလား.... တကယ့်ခံစားချက်လား... တကယ့်ခံစားချက်ဆိုရင်တော့ မိုးစက်အိမ်ရဲ့ ချစ်သူလေး သိပ်ကံကောင်းတယ်နော်....

emayarKhin said...

ကိုမိုးစက်ရဲ့ချစ်သူ
ဖတ်ပြီးကျေနပ်မယ့်ကဗျာလေးပါ....

Anonymous said...

မောင်
ဘယ်သူ့ အတွက်ရေးထားတာလဲ
ဒါလည်းကဗျာဆရာမို့ လို့ စိတ်ကူးတည့်ရာလား

သူကြီးမင်း (တုံးဖလား) said...

များစွာ များစွာ၊ အို..များစွာ၊
မောင့်ရင်ထဲမှာ၊ ဟောဒီမျက်နှာ.. တစ်မျက်နှာ၊
အဲဒါ... မင်းရဲ့ မျက်နှာ...

အဲဒါလေးဘဲ ကြားယောင်မိတော့တယ် ညီရေ..

မယ့်ကိုး said...

မိုက်တယ်... ကဗျာလေးက ချစ်စဖွယ် =)

ကျောပိုးအိတ် said...

ဒီကဗျာလေးက ဖတ်ရတာနဲ့ တင် သဘောပေါက်လွယ်တယ်။

နေဦးဟ။ ဘယ်လိုရန်စရမလဲ ပြန်ဖတ်လိုက်ဦးမယ်။

သြော် တွေ့ ပြီ တွေ့ ပြီ

ချစ်သူ ...
ငါသည် အချစ်ရှစ်မျက်နှာမှနေ၍
မင်းကို ချစ်ပါသည် ....

မင်းကွန်းဆရာတော်ဘုရားက အရပ် ၁၀မျက်နှာတဲ့။

နင့်ကျမှ အရပ် ၈မျက်နှာတဲ့။ ပြောစမ်းပါဦး ၂မျက်နှာ ဘယ်ပျောက်သွားတာလဲ။

မင်းကျောခိုင်း စေအုံးတော့မင်းလှည့်သောအရပ်သည်
ငါမျက်နှာမူရာအရပ် .....

ငါဒီစာကြောင်းလေးကို ကြိုက်တယ်။ ခံစားချက်နဲ့ တိုက်ဆိုင်လို့ ။

ဒီလောက်ခင်လို့ ဒီလိုရန်စတာ။ မကျေနပ်ရင်
မုန့် ဝယ်ကျွေး။

Dream said...

အရပ်၈မျက်နှာ၌ ရှိကြကုန်သော
ချစ်သူပေါင်း သောင်းခြောက်ထောင်....
ကျန်းမာကြပါစေ ချမ်းသာကြပါစေ... ဟိဟိ


အူးအူးချီတူပေါသယိုဖဲ....လန်ထွက်နေတာမဟုတ်ဘူး
ပျံထွက်နေတာ..... အဟီးးးး

desertraindrops said...

မိုးစက်ရေ..ကဗျာလေးက မိုက်လှချည်းလား။။ အချစ်မှာ အရပ်ရှစ်မျက်နှာရှိသွားတယ်နော့။ :)

Anonymous said...

တွေးတတ်ပါပေတယ်ဗျာ ကဗျာလေးကောင်းတယ်ဗျ

ဆောင်းယွန်းလ said...

ကဗျာလေးထဲက တင်စားချက်ကလေးတွေ ပီပြင်လွန်းလှချည့်လား ညီလေးရေ...ဒီကဗျာလေးကို ကြိုက်သွားပြီ....

လင်းကြယ်ဖြူ said...

ဒေသပေါင်းစုံ မှာ စီးမျောနေတဲ့
သက်ဝင် အချစ် ပုံပြင် ...
နေ၀င်နေထွက်..လေတိုက်တိုင်းမှာ..
တငွေ့ငွေ့ ခံစား နေရပုံပဲ...
ပျော်ပါစေ

ခရေညို said...

အရပ်ရှစ်မျက်နှာ နဲ့အချစ်ကိုတင်ပြသွားတာ ကဗျာလေး ရင်ထဲကိုရောက်သွားပါပြီ

Beauty Studio USA Branded Store said...

အတွေးကောင်းလေးနဲ့တွေး
စာလုံးလှလေးတွေနဲ့သီ
အရပ်ရှစ်မျက်နှာစီလို
ထုံမွှန်းထားတဲ့
ချစ်သူဖတ်ဖို့
ကဗျာကောင်းလေးတစ်စင်းပေါ့.....
မိုးစက်အိမ်ထဲကနေ
စီးဆင်းလို့လာပြီ။:)

မိုးခါး said...

အရပ် ရှစ်မျက်နှာ လျှောက်သွားနေတယ် .. တော်တော်ခြေများတာပဲ :P

ညွှန်းတယ်နော် ..း)