" ဆိုက်ပရပ်(စ်) နတ်သမီး "

|


ဆိုက်ပရပ်(စ်) အချစ်ပန်းတွေပွင့်တဲ့
ခံစားမှုစိတ်ကူးယဉ် ပြတိုက်တစ်ခုမှာ
နှစ်ဆယ့်တစ်ရာစု မော်ဒန်လက်ရာ
မာဖီးယား အချစ်ရုပ်ကြွင်းစစ်စစ်နဲ.
ဆိုက်ပရပ်(စ်) နတ်သမီးတစ်ပါးရှိတယ်
မိုးကျရွှေကိုယ် မဟုတ်ပေမဲ့
နတ်သမီးပန်ဖို့ ရည်စူးပြီး
ကဗျာသီတဲ့ကြိုးနဲ့ 
ပန်းတစ်ခင်း ပျိုးခဲ့တယ်
ရင်ခုန်ခြင်းမှာ . . . . .

စွဲလမ်းမှု မျက်ဝန်းနုနု . . . . .

ကဗျာဆန်ဆန် ပန်းနုချစ်နှုတ်ခမ်း . . . . .

သီတာခုနစ်တန်အပြုံး . . . . .

ဒီပန်းချီအဆုံး . . . . .

လေပြေချော့လို့  လျော့သွားတဲ့
ဆံနွယ်တွေ ကြော့သွားချိန်မှာတော့
ရင်တွေတုန်ရလွန်းလို့ 
ဘဂ္ဂဒက် အသိမ်းခံရတဲ့ နေ့ က
ငါ့ကံတော်ကုန် နှလုံးသားတောင်
ဘယ်နားကျကျန်ခဲ့မှန်း မသိတော့ဘူး နတ်သမီးလေးရေ . . . . .

22 comments:

Dream said...

ဟဲဟဲ..သိတယ်နော်...သိတယ်.... ပြောလိုက်ရမလား... :P

နတ်သမီးလေးက တကယ့် နတ်သမီးလေး
အတိုင်းပဲနော်.... ဟူးးးးးးးးး

တော်သေးတယ်...မက်မက်တောင် ကံတော်မကုန်ခင် အမြန်ပြန်လစ်ပြေးခဲ့လို့...မဟုတ်ရင် သူ့အလှမှာ မေ့မျှောပြီး နှလုံးသားတောင် ဘယ်နားကျကျန်ခဲ့မိမှန်း သိမှာမဟုတ်ဘူး.. ဟိဟိ

ကဲ.........ကဗျာလေးကတော့ လူနဲ့တောင်မလိုက်ဘူး..လန်ထွက်နေတာပဲ

မိုးစက်အိမ် said...

ဒေါ်မက်ကတော့ထင်ရာ မြင်ရာတွေပြောပြီး ကဗျာဆရာကို
ပြောသွားလိုက်တာများ ရစရာကိုမရှိဘူး:{ တွေ.မယ် ဟင်း ဟင်း ပို.စ်အသစ်တင်ရဲ တင်ကြည်. :D

Beauty Studio USA Branded Store said...

ညီကဗျာလေးဖတ်ပြီး ကိုယ်တိုင်တောင် ကဗျာလေးတွေရေးဖို့သတိရသွားတယ်။ကဗျာလေးက မိုက်တယ်။

yangonthar said...

စကားတွေ လှတယ် ကဗျာလေးက သွက်တယ် ဗျာ
ခင်တဲ့
ရန်ကုန်သား :))

သူကြီးမင်း (တုံးဖလား) said...

ညီရေ..
ကံတော်ကုန်နှလုံးသား မရှိတော့ရင်
နှလုံးသားအဖူးအညွန့်တက်ပြီး
နှစ်သက်ရာ ပန်းတွေအတွက်
တစ်ဘက်ဆည်ကန် ကျိုးပေါက်သလိုလို။

သက်ထွန်းညိမ်း said...

မိုက်တယ်ကွာ မိုက်တယ်
မလိမ်မာဘူးး)

သက်အောင် said...

ဟီ ... လန်နေတာပဲ ။
ဒီလူကြီး ကဗျာတော်တော် အရေးကောင်းတယ် ။

ကျောပိုးအိတ် said...

ဟိတ်မိုးမိုး

မဟုတ်မှလွဲရော (မဟုတ်မှတော့ လွဲပြီပေါ့) ငါ့ကို တင်စားပြီးရေးထားတာမဟုတ်လား။

အဟားဟား

ငါ့ကံတော်ကုန် နှလုံးသားတောင်
ဘယ်နားကျကျန်ခဲ့မှန်း မသိတော့ဘူး

အဲနားမှာဘဲ ပြန်ကောက်လိုက်နော်။

ရေတမာ said...

ကံတော်ကုန်နေမှတော့ ကောက်မနေပါနဲ့တော့။းP စတာ ကဗျာလေးက နှုးညံလိုက်တာ။ ဖတ်လို့ကောင်းတယ်

ခရေညို said...

ကဗျာလေးဖတ်ရတာ ကိုကိုယ်တိုင် အသက်ပိုပြီးငယ်သွားသလိုပဲ အရမ်းကိုသိမ်မွေ့တာပဲ

rose of sharon said...

တယ်ဆိုတဲ့စာပါလား.....အဲ ကဗျာပါလား.... အဲလို အရေးအဖွဲ့လေးကို တကယ်နှစ်သက်တယ်

poemflower said...

ကျခဲ့တဲ့နေရာသိတယ် သိရင်ဘာကျွေးမှလည်း :P

emayarKhin said...

အဲသလောက်တောင်ပဲလား...
ကဗျာဆရာရယ်....

desertraindrops said...

အမယ် ကံတော်ကုန် နှလုံးသား ဘယ်နား ကျကျန်ခဲ့မှန်းတောင် မသိလောက်အောင် ဖြစ်သွားတယ်ပေါ့လေ။ :) စိတ်ဝင်စားတယ်ဟ။ ပြောပြဦး။ ကဗျာလေးလဲ မိုက်တယ်။

Angel Shaper said...

ကိုမိုးစက်... ဖွဲ့ နွဲ့ နေလိုက်တာများးးးးးးးးးး
ဟဲဟဲ
ရိုမန်းကလဲ တစ်တစ်တစ် လို့ကို မြည်နေတယ်နော်။
သိပ်လှတဲ့ကဗျာ။။
နတ်သမီးလေးတောင် ဖြစ်ချင်လာသလိုပဲ။ ဟဲဟဲ။။။။

WWKM said...

ဧကန္တ တော့ ဧကန္တပဲ...
ဆိုက်ပရပ်စ်သူကို မျက်စိစူးနေပြီထင်ရဲ့.. အဲ ..မျက်စိကျ
နေပြီထင်ပါရဲ့။း)
ဖိုးစိန်နဲ့ ပေါင်းထား...း)))

မိုးခါး said...

နင့်ကဗျာတွေ ဖတ်ရတာ သီချင်းလေး နားထောင်နေရသလိုလို .. နူးနူးညံ့ညံ့လေးး)

အနော် said...

ဘဂ္ဂဒက်သိမ်းတဲ့နေ့က ပျောက်သွားတဲ့ နှလုံးသားက ဆက်ဒမ်ဟူစိန်ကြီးမှာဆို ဟိဟိ
ထင်ရာမြင်ရာ လျှောက်ပြောသွား၏

ဆောင်းယွန်းလ said...

လေပြေချော့လို့  လျော့သွားတဲ့
ဆံနွယ်တွေ ကြော့သွားချိန်မှာတော့
ရင်တွေတုန်ရလွန်းလို့ 
ဘဂ္ဂဒက် အသိမ်းခံရတဲ့ နေ့ က
ငါ့ကံတော်ကုန် နှလုံးသားတောင်
ဘယ်နားကျကျန်ခဲ့မှန်း မသိတော့ဘူး နတ်သမီးလေးရေ . . . .

စာသားတွေက ပီပြင်လှချည်လား ညီလေး
ဘယ်နားကျကျန်ခဲ့သလဲ..ဆိုစမ်းပါဦး နောက်တပုဒ်လောက်

အဖြူရောင်နတ်သမီး said...

Cyprus က နတ်သမီးဆိုရင်တော့...
“ Aphrodite ”..(အဖရိုဒိုက်)လို့ခေါ်တဲ့ အချစ်နတ်သမီးပဲဖြစ်ရမယ်..
သူနဲ့ပတ်သက်တဲ့ ဒဏ္ဍာရီထဲကနေရာတွေမှ အများကြီးပဲ...။

ချစ်မိုးညို said...

ကဗျာလေးက တော်တော် ကောင်းတာပဲဗျ ...တစ်ယောက်ယောက်ကို ရည်ရွယ်ပြီး ရေးထားသလိုပဲနော်...ကောင်းပါတယ် .....

Unknown said...

အရမ်းလှတဲ့နတတ်သမီးလေးနော်.အဲလိုနတ်သမီလေးတယောက်လောက်ရှိရင်ကောင်းမှာပဲ.