" စစ်ကိုင်းသူ ရဲ. အိမ်မက်အပိုဒ်ခွဲ " ( မက်မက် မွေးနေ.အမှတ်တရ )

|


ရှုပ်ရှုက်ခတ်နေတဲ.
" သောတအာရုံ " ကြားမှာ
ရှိုက်သံ ပြင်းပြင်းတွေနဲ.
" နိစ္စဓူဝ " ကိုဖြတ်သန်းရင်း
နေ၀င်တာတောင် ကဗျာမဆန်နိုင်သော
ခပ်ကျဉ်းကျဉ်း ကမ္ဘာ. ရွာလေးတစ်ခုမှာ
ခါးမှန်းသိသော ကော်ဖီပူပူတစ်ခွက်ကို
သကြားမထည်. နိုင်သော သူမ ...

တိတ်ဆိတ် ငြိမ်သက်ခြင်းကို
ဂီတလို စီးမျောရင်း
ခပ်ဖွဖွ ပြုံးလိုက်တဲ.
မခို.တရို. ညင်သာမှုနောက်မှာ
ပွင်.လင်းခြင်း အိမ်မက်တွေကို
ကဗျာဆန်စွာ ရွတ်ဖတ်နေတတ်သော သူမ ...

ရင်.ကျက်ခြင်း ရေသောက်မြစ်ကို
ဥပက္ခာပြု နမ်းရှိုက်ရင်း
မာယာတွေ ရှင်းတဲ.
စကားလုံး အဘိဓာန်တွေအောက်မှာ
ကာရန်မဟန် ကဗျာမဆန် တဲ.
ငယ်ဘ၀ရဲ. တိတ်တခိုးသံစဉ်များကို
မနားတမ်း ပြန်လည်တီးခတ်ရင်း
" က " ကွက်ဆန်းများဖြင်.
မျက်ဝန်များကို ညင်သာစွာ
လှုပ်ခတ် နှိုးတတ်သော သူမ ...

အိမ်မက်စေတမန် နဲ.
အိမ်မက် ဗိမာန် ရဲ.
ဆက်သွယ်ချက်ကို
ကောင်းစွာ မသိပေမဲ.
ဝါကျတွေ အဆုံးမှာ
အပြုံးတွေ ထပ်နေတတ်သော
ပန်းနုရောင် အိမ်မက်သခင်မ ...

အိမ်မက် အပိုဒ်ခွဲ များစွာတိုင်
ရာစုသစ်ရဲ. နယ်မြေသစ်များစွာကို
သိမ်းပိုက် ရှင်သန်းရင်း
တစ်နေ.မှာ ...
စစ်ကိုင်းလမ်းမှ ပြန်လာနိုင်ပါစေ .....။.....။


ကျွန်တော်. ဘော်ဒါကြီး မက်မက် ( Dream Blog ) ကမွေးနေ. အမှတ်တရလေး
ရေးပေးဖို.ပြောလာတဲ. အတွက် အတတ်နိုင်ဆုံး ကြိုးစားပြီး ရေးပေးလိုက်ပါတယ်
ဘော်ဒါကြီး မက်မက် ကျေနပ်လိမ်.မယ်လို. မျှော်လင်.ပါတယ် ခင်ဗျာ ....

19 comments:

Dream said...

ဟာာာာာာာ လေးစားတယ်ဗျာ...တကယ်မထင်မိဘူး....

မွေးနေ့ကဗျာလေးအတွက် အင်မတန် ပျော်ရွှင်ရပါတယ်.....

တကယ်ဝမ်းသာပါတယ်.... အတိုင်းအဆမဲ့ပါပဲ...

ဘော်ဘော်ရေ...
ပျော်ရာမှာမနေ
တော်ရာမှာ နေနေပေမယ့်
မကြာခင်မှာ ပုဂံလမ်းကို
စစ်ကိုင်းလမ်းကနေ ပြန်လှည့်ဖို့ ပြင်ဆင်ရင်း
................... :P

Dream said...

ကဗျာလေး တော်တော်ကြိုက်တယ်....

း))))))))

ဝသန်မိုး said...

ဘတ်ကီး ဟတ်ပီးဘတ်ဒေးနော်


ဘတ်ရဲ့ ဘတ်

ဝသန်မိုး said...

ဘတ်ကီး ဟတ်ပီးဘတ်ဒေးနော်


ဘတ်ရဲ့ ဘတ်

ဝသန်မိုး said...

ဘတ်ကီး ဟတ်ပီးဘတ်ဒေးနော်


ဘတ်ရဲ့ ဘတ်

အိုက်ခီလောက် said...

ပျှော်စရာမွေးနေ့ လေးမှာ မက်မက် ( ဂျီးထော်မတ် )
သူငယ်ချင်းတွေနဲ့ အတူတူပျှောရွှင်ကြည်နူးနိုင်ပါစေဗျာ
ကိုမိုးစက်ရေ နောက်လည်း မွေးနေ့ ရှိရင်ေ၇းပေးရမယ်နော်
ကြိုတင်ဘွတ်ကင်လုပ်သွားပါတယ်

တလနွန် said...

ံဟတ်ဘီးဘတ်ဒေးတူ ဒေါ်မက်မက်ရေ... ကဗျာကိုစပ်တဲ့ညီရေ ကောင်းတယ်ဗျာ။ ကျနော့ နောက်လ ဆိုရင် မွေးနေ့ ရှိတယ်။ ကြိုတင် ဘွတ်ကင် ကဗျာတောင်းတယ် :)

ခင်မင်စွာနှင်
တလနွန်

ခြေလှမ်းသစ် said...

ကဗျာလေးက အရမ်းကောင်းတယ် မွေးနေ့ရှင်လဲ ကျန်းမာပျော်ရွှင်ပါစေဗျာ

may16 said...

မွေးနေ့ရှင် အတွက် ကဗျာလေးကောင်းတယ် မွေးနေ့ရှင်လည်း ပျော်ရွှင်မှာပါ

Anonymous said...

မွေးနေ့ ရှင်လေးပျောင်္ရွှင်ပါစေရှင်
ခုလို သတိတရ့ ဗျာလေးရေးပေးတဲ့
ကိုမိုးစက်လဲ ပျော်ရွှင်ပါစေနော်

ဧရာဝတီသား said...

ကဗျာလေး ကောင်းပါ့ကိုစက်ရေ။

Happy Birthday မက်မက်!
မွေးနေ့မှာ ပျော်ရွှင်ပါစေ၊ ကဗျာဆရာလည်း ပျော်ရွှင်ပါစေဗျာ။

ခင်မင်လျက်

သက်အောင် said...

မွေးနေ့ရှင်ပျော်ရွှင်ကံကောင်းပါစေ။

သူများတွေကိုပျော်ရွှင်စေတဲ့ ကိုမိုးစက် လဲ ပျော်ရွှင်ကံကောင်းပါစေ။

သက်အောင်(ကလောင်တိုက်ပွဲ)

လင်းကြယ်ဖြူ said...

မွေးနေ့ရှင်ရော
ကဗျာရှင်ရော
အားလုံး
ပျော်စရာနေ့လေးတွေရနိုင်ပါစေ..ရနိုင်မှာပါနော..

ကျောပိုးအိတ် said...

ဘက်ပေါင်းစုံကတော်တဲ့ မိုးစက်ရေ

နင့်ရဲ့ လှပတဲ့ မွေးနေ့ ကဗျာလေးကို လာခံစားသွားတယ်။

တော်တယ်လို့ ထပ်ပြောရင်လဲ ခေါင်းက မိုးပေါ်က မကျဖြစ်နေမယ်။

တစ်ခါဘဲပြောခဲ့တယ်နော်။
အရမ်းးးးးးးးးးးးးးးးးးးးးတော်တယ်။

Yu Ya said...

HAPPY BIRTHDAY!!

MANY HAPPY RETURNS!!!

Best Wishes,
yu ya

rose of sharon said...

ကဗျာလေးကလှလိုက်တာ

သူကြီးမင်း (တုံးဖလား) said...

ကဗျာလေးက ကောင်းတယ်ဆိုတဲ့ စကားလုံးနဲ့တင်ကို မလုံလောက်ဘူး။ အကောင်းဆုံးထက် ပိုကောင်းတဲ့ ဝေါဟာရလေးရှိရင် အဲဒီဝေါဟာရလေးနဲ့ဘဲ ညီ့ကဗျာကို ချီးကျူးချင်တယ်။

သူ စစ်ကိုင်းလမ်းမှ ပြန်လာကောင်း ပြန်လာမှာပါ။

မွေးနေ့ရှင် မက်မက်ကော ကဗျာရှင် ညီပါ
ပျော်ရွှင်မှုတွေ ဝေဆာနိုင်ပါစေ။

Anonymous said...

အင်း မွေးနေ့ပိုင်ရှင် မွေးနေ့မှာပျော်ရွှင်ပါစေ
ကဗျာစက်ကြီးလည်း ဆက်လက်လည်နိုင်ပါစေ ဒီနေ့တော့ 1 မလုတော့ပါဘူး အဟိ မရလို့။
ခင်မင်လျှက်
ညီမလေး ပါးလုံး

Unknown said...

“အိမ်မက် အပိုဒ်ခွဲ များစွာတိုင်
ရာစုသစ်ရဲ. နယ်မြေသစ်များစွာကို
သိမ်းပိုက် ရှင်သန်းရင်း
တစ်နေ.မှာ ...
စစ်ကိုင်းလမ်းမှ ပြန်လာနိုင်ပါစေ .....”
စစ်ကိုင်းလမ်းက ပြန်မလာခင် ကြိုပြောထားနော်....
ပုဂံလမ်းက စောင့်ပြီးကြိုနေမလို့ ....းp
ံ့Happy Birthday မက်မက်ရေ.....
ကဗျာဆရာ များမွေးနေ့ကျရင်လည်း ရေးပေးရမယ်နော်
ဒါပဲ.....းp
ခင်မင်မှုများဖြင့်
နှင်းဟေမာ