" ဂန္တ၀င် အလွမ်း "

|



နေညိုချိန်...
" တိမ်တောက် " လမ်းမှာ
ခြေရာတွေ ချန်ဘူးသလို
ငါရူးတဲ. " ကဗျာဦး " မှာလဲ
" အလွမ်းဖူး "တွေ
ခြွေချထား ခဲ.ဘူးတယ်...

" အချစ် " ကျောင်းတော်ကြီးမှာ...
" အနမ်း " တွေပို.ချ ရင်း
" အလွမ်း " အထူးပြု နဲ.
ကျောင်းဆင်း ပေးခဲ.တာ
နင်ပါ.....

လွမ်းစရာတွေ ချန်လို.
" ငွေတောင်ပြည် " တော.
ထ ပျံမသွားပါနဲ.
ငါ. ညတွေက...
" ကြယ် " မစုံမှာထက်
" လ " ပျောက်သွားမှာစိုးတာပါ...

တကယ်တော. ...
လွမ်းတယ် ဆိုတာ
" ချစ်တတ်တဲ. သူတွေ " မှ
နားလည်နိုင်တဲ. အရာပါ.....။.....။

18 comments:

desertraindrops said...

တကယ်တော့ လွမ်းတယ်ဆိုတာ ချစ်တတ်တဲ့သူတွေမှ နားလည်နိုင်တဲ့ အရာပါတဲ့လား။

အဲဒီ အပိုဒ်လေးကို ကြိုက်တယ်။

အဲဒီလို လွမ်းနေတယ်ဆိုတာကို မသိတဲ့သူကျတော့ မချစ်တတ်တဲ့ အသည်းမာတဲ့ သူပေါ့နော့။

သက်ထွန်းညိမ်း said...

ဟားဟား
မိုက်တယ်ကွာ ငါ့ညီကဗျာတွေ
တကယ် ကောင်းတာပဲ
ဘာတဲ့ကွ
" အချစ် " ကျောင်းတော်ကြီးမှာ...
" အနမ်း " တွေပို.ချ ရင်း
" အလွမ်း " အထူးပြု နဲ.
ကျောင်းဆင်း ပေးခဲ.တာ
နင်ပါ.....
အေး ပို့ချတာ မပို့ချတာနောက်ထား
လောလောဆယ် စာမေးပွဲ
အဆင်ပြေအောင်လုပ်
ပြီးရင် ငါ့လာပြီး မညီးနဲ့ နရင်းပဲတီးမယ် ဟာဟ
စတာ ငါ့ညီရေ

မယ့်ကိုး said...

ငါ. ညတွေက...
" ကြယ် " မစုံမှာထက်
" လ " ပျောက်သွားမှာစိုးတာပါ...

ကဗျာလေးကောင်းပါတယ်။ အစ်မက ကဗျာပဲ ကြည့်တာပါကွယ် ။ စာလုံးပေါင်းက ပိုလှစေချင်လို့  ပြောမိတာပါ။

တစ်ခုသတိထားမိတာက အောက်ကမြစ် (့  ) နဲ့  dot ( .) ကို တမင်ထွင်ရေးတာလားလို့ ။
ပျော်ရွှင်ပါစေ...

အားပေးလျက် ။

Anonymous said...

လွမ်းစရာတွေ ချန်လို.
" ငွေတောင်ပြည် " တော.
ထ ပျံမသွားပါနဲ.
ငါ. ညတွေက...
" ကြယ် " မစုံမှာထက်
" လ " ပျောက်သွားမှာစိုးတာပါ...

ကောင်းလိုက်တဲ့ေ၇းချက်

သူကြီးမင်း (တုံးဖလား) said...

ညီ့ကဗျာလေးက မိုက်တယ်။
ကဗျာကိုထောက်ရင် ညီက လွမ်းတယ်ဆိုတာကို အတော်လေးနားလည်ထားပုံရတယ်။

အဆင်ပြေပါစေ ညီ။

ကြယ်ဖြူစင် said...

အလွမ်းဆိုတာအချစ်ကိုပိုလေးနက်စေတဲ့အရာလေ..
အလွမ်းအကြောင်းကိုချစ်တတ်တဲ့သူတွေဘဲ
နားလည်တာပါမောင်လေးရယ်...
ခင်တဲ့မမ
ကြယ်ဖြူစင်..

Anonymous said...

အင်း ကောင်းလိုက်တဲ့ ကဗျာ။ အရင်က ကဗျာတွေကိုမခံစားတတ်ဘူး အခုတော့ တို့အကိုလုပ်တာနဲ့ ကဗျာတွေကိုတောင် သဘောကျလာပြီ။အကုန်လုံးက ရှယ်ပဲ။ ပိုထိတာကတော့ "တကယ်တော့ လွမ်းတယ်ဆိုတာ ချစ်တတ်တဲ့ သူတွေမှ နားလည်နိုင်တဲ့အရာပါ"တဲ့ သမီးလည်းနားလည်စပြုလာလို့ ထင်ရဲ့။ အဲ့အပိုဒ်ကို ခိုက်မိပါတယ်။ ( အဟိ) ပျော်ရွှင်ပါစေ။
ညီမလေး ပါးလုံး

ကောင်းကင်ပြာ said...

တို့ အလွမ်းတတ်ဘူး :P

mysterysnow said...

မိုးစက်ရေ
သေချာတာပေါ့..
အလွမ်းဆိုတာ...
ရင်ခုန်သံရင်းနှီးမှ ခံစားလို့ရတဲ့
ဘာသာစကားလေးလေ....

တလနွန် said...

ညီရေ ဒီကဗျာလေးကို ထုဆစ်ထားတဲ့ စာလုံးလေးရော
အလွမ်းကို ညွှန်းချက်တွေ အရမ်းထိမိတယ်။ တပုဒ်လုံး
ကို သဘောကျတယ်။

ခင်မင်ခြင်းနှင့်
တလနွန်

မေသစ္စာမောင် said...

ဒီကဗျာလေးကို လောလောဆယ် အကြိုက်ဆုံးပဲ...။
အစကနေ အဆုံးထိကြိုက်တယ် မောင်လေး မိုးစက်ရေ

ကဗျာမလေး said...

ကဗျာလေး အရမ်းကောင်းတယ် ... :)
“အလွမ်း” ဆိုတာကို နားလည်နေတတ်ခဲ့တာ ကြာပြီပဲ :)
ဒါနဲ့ စကားမစပ် ဂန္တာဝင်အလွမ်း လား ဂန္တ၀င်အလွမ်း လား? :P

poemflower said...

ဂန္တ၀င် အလွမ်းတဲ့ ကဗျာလေးက တကယ်လွမ်းသွားတယ် မိုးစက်ရေ

Anonymous said...

နက်ရှိုင်းမြဲမြံတဲ့ ချစ်ခြင်းရဲ့ နောက်ကွယ်မှာ ပြင်းပြစူးရှတဲ့ လွမ်းဆွတ်ခြင်း တွဲဆက်တည်တံ့နေတတ်တယ်ဆိုတာ ... ဒီကဗျာလေးက ပြောပြတယ် ...

အလွမ်းဆိုတာကို နားလည်နိုင်ဖို့ ချစ်တတ်တဲ့ သူတစ်ယောက် ငါဖြစ်ခဲ့ဖူးတာများ သေချာပြီလား ....
နေဒေးသစ်။

Anonymous said...

တကယ်တော့လွမ်းတယ်ဆိုတာ ချစ်တဲ့လူတွေမှခံစားတက်တာပါ
ကြိုက်တယ် သယ်ရင်း အဲဒီစာသားလေး
ကောင်းတယ်ကွာ

ဇော် said...

နေညိုချိန် တိမ်တောက်တဲ့အခါ ရွာလမ်းနဘေးမှာ
စာဥတို့ သူငယ်ချင်းတစ်စုတွေ ရေခပ်ဆင်းလို့လာ ..
အဟိ.. သီချင်းလေး သတိရသွားလို့။
ဂျစ်ရို့ချယာ။ အဟဲ။

ချစ်တတ်တဲ့သူတွေမှ နားလည်နိုင်တဲ့ အလွမ်းကို
ခံစားသွားပါတယ် ကိုစက်ရာ။
ကြယ်မစုံမှာထက် လပျောက်သွားမှာ စိုးတာပါဆိုတာကို ပိုကြိုက်မိတယ်။

အလုပ်များနေလို့ မရောက်ဖြစ်ပေမယ့် ကိုစက်အိမ်က အသစ်တင်ရင်တော့ တွေ့တာနဲ့ လာနိုင်အောင် ကြိုးစားပါတယ် ကိုစက်ရ။ ဟဲဟဲ။ သိတယ်ဟုတ်။ မုန့်ဖိုးပေးဖို့ စဉ်းစားထားပါ။ ညီမလုပ်တဲ့သူကို။ ဟွင်းဟွင်း။ အဟိ။

ကြယ်ကြွေကောင်းကင် said...

ကဗျာကောင်းလေး လာဖတ်သွားပါတယ် ...

mgnge said...

" အချစ် " ကျောင်းတော်ကြီးမှာ...
" အနမ်း " တွေပို.ချ ရင်း
" အလွမ်း " အထူးပြု နဲ.
ကျောင်းဆင်း ပေးခဲ.တာ
နင်ပါ.....
ဒီအပိုဒ်လေး ကတော့တော် တော် ခိုက်တယ်ကွာ

တကယ်တော. ...
လွမ်းတယ် ဆိုတာ
" ချစ်တတ်တဲ. သူတွေ " မှ
နားလည်နိုင်တဲ. အရာပါ.....။.....။
အခု နောက်ဆုံးအပိုဒ်မှာတော့ (ပါ) ဆိုတာ မပါရင် ပိုဖတ် ကောင်းမယ်...