" အချစ် ရတု "

|


ပြက္ခဒိန်ထက်က...
ရက်စွဲတွေကြောင်.
" သက္ကရာဇာ် " တွေ
အသက်ရှင် နေခဲ.တာပါ...

ရက်စွဲတွေသာမရှိခဲ.ရင်...
သမိုင်းတွေ မခမ်းနားနိုင်သလို
လူတွေအားလုံး...
" အတိတ်မေ. " လောက်တယ်...

စည်းကျိုးသွားတဲ.နေ.က
" နဒီ မင်းသမီး " ရဲ.
" အာဏ၀ါ ရင်ခွင် " မှာ
Titanic ကျရှုံးခဲ.သလို
ငါ. နှလုံးသားလဲ
နစ်မြှပ်ခဲ. ဘူးတယ်...

Anniversary ဆိုတဲ.
" ငွေ ရွှေ စိန် "
ရတုအဆက်ဆက်ကြားမှာ
" အချစ်ရတု " ကိုတော.
ငါ.နှလုံးသားနဲ.ဘဲ
စီခွင်.ပြုပါမေ...

ပန်းခင်းလမ်းမှာ...
ဆူးတွေ နမ်းရင်းနဲ.
" ယနေ.မှ စနှစ်တစ်ရာတိုင် "
မကူးခတ် နိုင်တောင်
" နောင်သံသရာ အဆက်ဆက် "
ပျံသန်းတဲ. အခါ
ရှင်သန်ခြင်း သင်္ကေတ
နှလုံးသား တောင်ပံတစ်စုံတော.
အပ်နှင်း လှည်.ပါ.....။.....။

14 comments:

Anonymous said...

သူကြီးမင်း (တုံးဖလား) said...

ညီရဲ့  အချစ်ရတုလေး အရမ်းကောင်းတယ်။
ကဗျာတွေ များများရေးနိုင်ပါစေ ညီ။

လင်းကြယ်ဖြူ said...

Anniversary ဆိုတဲ.
" ငွေ ရွှေ စိန် "
ရတုအဆက်ဆက်ကြားမှာ
" အချစ်ရတု " ကိုတော.
ငါ.နှလုံးသားနဲ.ဘဲ
စီခွင်.ပြုပါမေ...

Good တယ်ဟေ့....မိုက်တယ်..

ကောင်းကင်ပြာ said...

တို့လဲ လာဖတ်သွားတယ် မောင်လေး

မယ့်ကိုး said...

ယနေ.မှ စနှစ်တစ်ရာတိုင် "
မကူးခတ် နိုင်တောင်
" နောင်သံသရာ အဆက်ဆက် "
ပျံသန်းတဲ. အခါ
ရှင်းသန်ခြင်း သင်္ကေတ
နှလုံးသား တောင်ပံတစ်စုံတော.
အပ်နှင်း လှည်.ပါ.....။

အတွေးကော အရေးကော လှပတယ်။ ဒါပေမယ့် ရှင်းသန်ခြင်း က ရှင်သန်ခြင်းလာလို့  ထင်မိတာ။

တလနွန် said...

ကဗျာလာဖတ်တယ် သူငယ်ချင်းရေ။ ကဗျာတွေက
ကောင်းပြီးရင် ကောင်းပဲကွာ။ ဒီတစ်ခါ တစ်ပုဒ်လုံး
ကြိုက်တယ်။ စာသားတွေဖွဲ့ တာ အရမ်းညီတယ်။

ခင်မင်ခြင်းများနှင့်
တလနွန်

အိုက်ခီလောက် said...

ကောင်းလို့ လာဖတ်တယ်
ဖတ်လို့ လာတယ်
ကိုမိုးစက်ရေ အချစ်ရတုလေး
အဆက်ဆက် အောင်မြင်ပါစေဗျာ
ွှအရှုံးရှိမှ ဘာကြောင့်ဆိုတာ သိရတာပေါ့
အချစ်ကို လိုချင်ရင် သူ့ နောက်ကပါလာမဲ့အရာအားလုံးကို
လက်ခံထားနိုင်မယ်ထင်တယ်နော်

desertraindrops said...

လာပြန်ပြီဟေ့..စာသားမိုက်တွေနဲ့။ ကောင်းတယ်လို့ ထပ်ချီးကျူးသွားတယ်။ ဆက်မျှော်လျက်..

မိုးခါး said...

သူကလည်း လန်းနေတယ် ..
ဒါနဲ့ ကလေးဆိုပါလား :P

မေသစ္စာမောင် said...

မိုးစက်ရေ....မန့်တဲ့သူ... သူလေး ကလေးရှိတယ်
တို့မောင်လေးတော့ ok နေတယ်နော်...
ဒါဆို ကဗျာကောင်းကောင်းလေးတွေ အများကြီးရေးဦးမယ်ပေါ့...ဟုတ်တယ်ဟုတ်

Anonymous said...

ရေးတတ်ပါ့ဗျို့ .. ကဗျာသမား ပီသပါပေတယ် တကယ် ...
နေဒေးသစ်။

ဇော် said...

Anniversary ဆိုတဲ.
" ငွေ ရွှေ စိန် "
ရတုအဆက်ဆက်ကြားမှာ
" အချစ်ရတု " ကိုတော.
ငါ.နှလုံးသားနဲ.ဘဲ
စီခွင်.ပြုပါမေ...

ကောင်းလိုက်တဲ့ စာသားလေးပါ ကိုစက်ရေ...
ကျနော် အခစားမ၀င်တာ မဟုတ်ရပါဘူးဗျာ။ ကျနော် နေမကောင်းလို့ ဆေးရုံသွားရတာ ၂ရက်ရှိပြီ။ MC Leave ယူထားရတာလဲ ၂ရက်ရှိနေပြီ ကိုစက်ရ။ အဲ့ဒါကြောင့်ပါ။ နို့မို့ကတော့နော်။ ရောက်ပြီးသားပဲ။ သိတယ်ဟုတ်။ အဟဲ။

မေလေး said...

ကိုမိုးဆက်ရေ
တယ်ဂွပ်တာဘဲနော်
ကဗျာလေးကလဲကောင်း ..ကလေး ကလဲ ကောင်း..အဲလေ..မှားလို့ အားပေးမဲ့ ကလေးကလဲရှိ ..အားကျတယ်ဗျိုး
ခင်တဲ့
မေလေး

မြစ်ကျိုးအင်း said...

အချစ်ရတု လေးကို တခမ်းတနား ရေးဖွဲ့နိင်သလို
ဘ၀မှာလဲ အောင်မြင်ပျော်ရွှင်အောင် စွမ်းဆောင်နိင်မယ်လို့ ယုံကြည်ပါတယ်..။