" ရင်ခွင် မျက်ရည် "

|


ပစ္စုန်ရှင် မိုးဘုရင်မရဲ.
ပုလဲရောင် မျက်ရည်စတွေကို
မဟာပထ၀ီ ဆိုတဲ.ရင်ဘတ်က
လက်ခံယုယ ပေးကြတယ်.....

မြူးနှင်းအရှင် ဆောင်းသခင်မရဲ.
ဘော်ငွေရောင် မျက်ရည်စတွေကို
မြအဆင်းဝင်းတဲ. ကဗလာခင်းတို.က
ထွေးပွေ. ပေးထားတတ်ကြတယ်.....

အချစ်ပျောက် နွေမင်းသမီးရဲ.
သလင်းရောင် မျက်ရည်စတွေကို
နွေကြို တေးဥသြတို.က
ခံစားနားလည် ပေးကြတယ်.....

မျှော်လင်.ခြင်း အချစ်နတ်ဘုရားမရဲ.
ပန်းနုရောင် မျက်ရည်စတွေကို
ဖြူစင်ခြင်း ရင်ခွင်တစ်စုံက
ဘာသာပြန်ပေးတတ်ကြတယ်...။.......။

15 comments:

Anonymous said...

စကားလုံးတိုင်းလန်းတယ်သယ်ရင်း
အဆင်ပြေရဲ့လား ကွ

ကြယ်ဖြူစင် said...

မျက်ရည်ကိုအရောင်အမျိုးမျိုးနဲ့တင်စား ပြသွားတယ်...အရမ်းကောင်းတဲ့ကဗျာလေးပါ
ခင်တဲ့မမ
ကြယ်ဖြူစင်

desertraindrops said...

နောက်ထပ် ကောင်းတဲ့ ကဗျာတပုဒ်လာပြန်ပြီ။ ရေးလိုက်တိုင်း စကားလုံးတိုင်းကတော့ နေမင်းသံစဉ်ပြောသလိုပဲ။
အဲဒီလို စကားလုံးတွေနဲ့ ထိမိအောင်ရေးထားတဲ့ ကဗျာတွေ ဆက်မျှော်လျက်ပါ။။

ကောင်းကင်ပြာ said...

ကဗျာဆရာလေးရေ တို့ လာဖတ်တယ်၊

Anonymous said...

လာဖတ်တယ်နားမလည်ဖူးနော်

Ree Noe Mann said...

တယ်ကောင်းတဲ့ စာဆိုပါလား ညီရေ

လာခံစားသွားတယ်နော်

ကိုရီနို

တလနွန် said...

ကဗျာစာသားလေးတွေ တစ်ကယ်သိမ်းထားချင်စရာပဲ
ကွာ။။ မျက်ရည် ကို ဘာသာပြန်တာ သဘောကျတယ်
အဟုတ်။။။။။။။။။
ကဗျာဆရာသူငယ်ချင်းရေ ဒီထက် ကဗျာများစွာ မွေးဖွား
နိုင်ပါစေဟာ

ခင်မင်ခြင်းနှင့်
တလနွန်

ကဗျာမလေး said...

“ပန်းနုရောင် မျက်ရည်စတွေကို
ဖြူစင်ခြင်း ရင်ခွင်တစ်စုံက
ဘာသာပြန်ပေးတတ်ကြတယ်” တဲ့လားးးးးးးးး
ကဗျာလေးကောင်းတယ်။
အမြဲအားပေးလျက်ပါ :)

WWKM said...

puားလုံးလှလှလေးတွေနဲ့ဖွဲ့သီထားတဲ့ ကဗျာလှလှလေး
တစ်ပုဒ်ကို လာဖတ်သွားပါတယ်။

Anonymous said...

အချစ်ပျောက် နွေမင်းသမီးရဲ.
သလင်းရောင် မျက်ရည်စတွေကို
နွေကြို တေးဥသြတို.က
ခံစားနားလည် ပေးကြတယ်.....

တစ်မျိုးလေး ပဲ ဖတ်ရတာ လန်းတယ်ဗျာ

ခင်မင်စွာဖြင့်
ဗညားရှိန်

ဇော် said...

အဲ
ကျနော်လဲ ကြိုက်တယ်ဗျ။ လန်းတယ်ဗျာ။
ခံစားတတ်လိုက်လေခြင်းနော်။ ကိုစက်။ အဟဲ။ ကဗျာဝိဥာဉ်တွေ အပြည့်ပဲဗျာ ကိုစက်တို့နှလုံးသားတွေထဲမှာလေ။ ကျနော်တော့ ကိုယ့်အကိုတွေ ခြေဖျားက ကျတဲ့ခြေမှုန်ကို တောင် မှီအောင် မနဲကို ကြိုးစားနေရတော့တာ။ အဟီး။

မြစ်ကျိုးအင်း said...

တွေးထားတဲ့အရောင်လေးတွေက ကောင်းပါ့ဗျာ..
တွေးတတ်လွန်းတယ် ကဗျာဆရာပီသပါပေရဲ့

မယ့်ကိုး said...

ရာသီတွေရော အရောင်တွေရော ပေါင်းထားတဲ့ ကဗျာနုနုလေးပါလား... :)

သူကြီးမင်း (တုံးဖလား) said...

ကဗျာလေးက အရမ်းကောင်းပါတယ်။ ညီ့ကဗျာဆို ထပ်ခါထပ်ခါ ဖတ်ဖြစ်ပါတယ်။

Anonymous said...

မျက်ရည်တစ်စကို ဘာသာပြန်ပေးနိုင်တဲ့ ဖြူစင်တဲ့ ရင်ခွင်တစ်စုံ ... မျက်ရည်စတွေကို ခံစားနားလည်ပေးနိုင်မယ့် တေးဥသြ ... တော်တော်ထိမိတဲ့ စာသားလေးတွေပါပဲ ...