" အချစ်စံချိန်သစ် "

|

မျောလွင်.နေတဲ. တိမ်တွေကြားမှာ
ငါရဲ.စိတ်ကူး ချိုချိုလေးက
မိုင်ထောင်ချီ ဝေးတဲ.ခရီးအတွက်
"ပထမဆုံး ခြေလှမ်း " ကို
ဖြစ်လာစေတယ်.....

တခါတရံ...
Black ကော်ဖီမှာ
သံပရာစိတ်လေး ထည်.သောက်ရတာ
ချဉ်ပြုံးလေး ဖြစ်ပေမဲ.
ကောင်းမှန်းတော. သူရောငါရော
နားလည်ကြတယ်.....

" နားလည်မှု " ဆိုတဲ.
အပေးအယူ ကြားမှာ
တခါတလေတော.
နားမလည်နိုင်ကြတာက
သ၀န်တို စိတ်ရဲ.
" စိုးရိမ်ရေအမှတ် "ရောက်နေလို.ပါ.....

တကယ်သာ ဆုံးရှုံးရမဲ.
လမ်းကိုလဲ ရှာတွေ.ရော
ကြောက်လွန်းလို.
ကျောခိုင်းပြီး နှစ်ယောက်သား
ပြန်ပြေးထွက် လာလိုက်တာ
" ဂရင်းနစ် " စံချိန်တောင်
ရိုက်ချိုးမိသွားတယ်.....။.....။

11 comments:

လင်းကြယ်ဖြူ said...

ကောင်းတယ်..Black Coffee ထဲကို သံပရာချမ်းထည့်တဲ့အပိုင်းကို ကြိုက်တယ်...မွှေးနေတာပဲ..ဟဲ..ဟဲ..

ကောင်းကင်ပြာ said...

ကဗျာလာဖတ်ပီး ဘလက်ကော်ဖီ သောက်ချင်သွားတယ်

ကြယ်ဖြူစင် said...

စိတ်အရမ်းညစ်နေလို့ကဗျာမရေးဖြစ်တဲ့ အချိန်တွေမှာ..မောင်လေးရဲ့ကဗျာအသစ်လေး
တွေကိုလာလာစောင့်ဖတ်နေပါတယ်...
အရမ်းကောင်းတယ်..
ခင်တဲ့မမ
ကြယ်ဖြူစင်

desertraindrops said...

"နားလည်မှု " ဆိုတဲ.
အပေးအယူ ကြားမှာ
တခါတလေတော.
နားမလည်နိုင်ကြတာက
သ၀န်တို စိတ်ရဲ.
" စိုးရိမ်ရေအမှတ် "ရောက်နေလို.ပါ.....

အဲဒီအပိုဒ်လေး တအားကြိုက်တယ်။ နောက်ဘာတဲ့..ဂရင်းနစ်စံချိန်တောင် ချိုးဦးမယ်ဆိုပါလား။ ကောင်းတယ်ဗျ။

တလနွန် said...

ကဗျာကောင်းလေး လာဖတ်သွားပြန်ပါပြီး။
သူငယ်ချင်းကဗျာက စကားလုံးလှသလို
ဖွင့်ဆိုချက်ကလည်း ကောင်း၏။

ခင်မင်ခြင်းနှင့်
တလနွန်

မေသစ္စာမောင် said...

အော် မိုးစက်တို့များ... ကဗျာကောင်းကောင်းလေးတွေ ရေးတတ်လိုက်တာ
အားကျတယ်ကွယ်...း))

သူကြီးမင်း (တုံးဖလား) said...

ဂရင်းနစ်စံတော်ချိန်ကျိုးသွားပြီဆိုတော့။ နောက်ထပ် စံတော်ချိန်တစ်ခု သတ်မှတ်ရတော့မယ်ထင်တယ်။ အကြောက်စံတော်ချိန်ပေါ့။ အဟဲ။

ပျော်ရွှင်ပါစေ ညီ။

အိုက်ခီလောက် said...

ကျောခိုင်းပြီးပြေးတာ စံချိန်တောင်ကျော်သွားတယ်တဲ့လား
အဲ့လိုပြေးချင်တယ်

ဂျပန်ကောင်လေး said...

ကဗျာစာသားရွေးချယ်မှုကတော့ စံပဲ မိုးစက်အိမ်ရေ.. ဂျပန်ကောင်လေးက ကဗျာရေးကောင်းတဲ့သူတွေကို အားကျနေတာ..အခုတော့ မိုးစက်အိမ်လည်း တိုးလာပြီပေါ့ဗျာ...

Anonymous said...

" နားလည်မှု " ကြားက နားမလည်နိုင်ကြတာ
" စိုးရိမ်ရေအမှတ်" တဲ့ .... တကယ်ကို ဖွဲ့တတ်တယ်ဗျာ ... သဘောကျမိပါရဲ့
နေဒေးသစ်။

ဇော် said...

" နားလည်မှု " ဆိုတဲ.
အပေးအယူ ကြားမှာ
တခါတလေတော.
နားမလည်နိုင်ကြတာက
သ၀န်တို စိတ်ရဲ.
" စိုးရိမ်ရေအမှတ် "ရောက်နေလို.ပါ.....


အဲ .. ဒါလဲ ဟုတ်သားဗျ။ လန်းတယ်ဗျာ .. ကိုစက်ရဲ့ စာသားတွေက။ အဟီး။