" ရင်ခွင် မပျောက်သူ "

|

ပန်းဦးကိုမှ...
နမ်းဖူးခဲ.တဲ. ငါ
အချစ် " မူး " တော.
အချစ် " ဆူး " မှဘဲ
သိတော.တယ်...

ဒဏ်ရာချင်းတူတူ...
" နာဝါစကီ " ထက်
" ဟီရိုရှီးမား " ကို
ပိုခံစားမနေချင်ဘူး...

ဇာတ်ဆရာ အလိုကျ
ကရတဲ. လူဘ၀ မှာ
ကမ္ဘာကြီး မ " လုံး " ဘဲ
" ပြား " နေတယ်လို.
ယူဆ နေရင်
ငါဟာ.....
" ရင်ခွင် ပျောက်သူ "
ဖြစ်သွားမှာပေါ. .....။.....။

20 comments:

Anonymous said...

ဟေးးးးးးးးးးးးးးးးးးး ၁နော်
ကိုမိုးစက် ပထမဆုံးလာဖတ်တယ်နော်
ခုတမျိုးတော်ကြာတမျိုးကဗျာတွေက
မရိုးနိုင်တော့ဖူးးးးးးးးးးးးးးးးးးးးးးးးးးးးး

သက်ထွန်းညိမ်း said...

ငါဟာ ရင်ခွင်ပျောက်သူ
ရင်ခွင်ပျောက်သူး)

မယ့်ကိုး said...

ဒဏ်ရာချင်းတူတူ...
" နာဝါစကီ " ထက်
" ဟီရိုရှီးမား " ကို
ပိုခံစားမနေချင်ဘူး...

ဒီအရေးလေးကြိုက်ပါတယ်။ရင်ထဲလည်း ရောက်တယ်။

Anonymous said...

အရေးတိုင်းက အတွေးတိုင်းထက်ပိုလှတယ် ဆိုလာ ဒါမျိုးများလား ..... တကယ်တော့ အတွေးကြွလို့ အရေးလှခဲ့တာပါ ...
နေဒေးသစ်။

ကောင်းကင်ပြာ said...

ကမ္ဘာကြီး ပြားနေတယ် ထင်တာပဲ

Anonymous said...

ရင်ခွင်မပျောက်ရလေကောင် ကမ္ဘာကြီး လုံးတယ်လို့ဘဲ ထင်လိုက်ကွာ
ရေးချက်တွေကတော့လန်းတယ်ကွာ သယ်ရင်း

desertraindrops said...

ကမ္ဘာကြီးက မလုံး ဘဲ ပြားနေတယ်လို့ ယူဆရင် ငါဟာရင်ခွင် ပျောက်သူ ဖြစ်သွားမှာပေါ့တဲ့လား..
မိုက်တယ်။ မြူး ပြောသလိုပဲ ခုတမျိုး တော်ကြာတမျိုးနဲ့ မရိုးနိုင်ဘူး။ ဆက်မျှော်လျက်

Ree Noe Mann said...

ကဗျာလေးကို လာခံစားသွားတယ် ညီ

ကိုရီနို

ဆောင်းယွန်းလ said...

ကဗျာလေးကောင်းတယ်ညီလေးရေ...

တလနွန် said...

ကောင်းတဲ့ ကဗျာလေးတစ်ပုဒ် လာဖတ်တယ် သူငယ်ချင်း။ ပျော်ရွင်ပါစေ။

ခင်မင်ခြင်းနှင့်
တလနွန်

မေသစ္စာမောင် said...

ဒီတစ်ခါတော့ ကဗျာရဲ့ အဓိပ္ပါယ်ကို ကောင်းကောင်း
နားမလည်ဘူး မိုးစက်ရေ...
မြန်မာစာညံ့တဲ့သူဆိုတော့လေ...

နောက်ဆို အရမ်း အတွေးတွေကြွပြီး အရေးတွေ အရမ်းလှမသွားစေနဲ့နော်...
ဒီမှာ လိုက်မမီဘူး.......အဟီးးးးးးး

သူကြီးမင်း (တုံးဖလား) said...

ညီရေ...
ကဗျာလေးတွေက တယ်နှိပ်ပါလား။ တိုတိုလေးနဲ့ အဓိပ္ပါယ်တွေ အများကြီးရှိတယ်။
ညီကတော့ ပရိုကဗျာဆရာဖြစ်နေပြီ။

ရွှင်လန်းပါစေ။

ကြယ်ဖြူစင် said...

သူ့ကဗျာကိုမမန့်လို့စိတ်ကောက်နေတဲ့
မောင်လေးရေ..နောက်ဒီထက်ပိုကောင်းတဲ့ကဗျာ
တွေဆက်ရေးပါ..အမြဲအားပေးနေပါ့မယ်..
ခင်တဲ့
မမ
ကြယ်ဖြူစင်

ဇော် said...

အံမယ်
ကြွားလိုက်သေးတယ် ကိုစက်ကတော့။ ဘာတဲ့..
ပန်းဦးကိုမှ...
နမ်းဖူးခဲ.တဲ. ငါ
အချစ် " မူး " တော.
အချစ် " ဆူး " မှဘဲ
သိတော.တယ်...

ဟဟ။ ဘယ်က ပန်းဦးကို နမ်းတာလဲဗျ။ ကိုစက်နမ်းတဲ့ ပန်းကြီးက ခွေးလျားသီး ပန်းကြီး။ ကိုစက် နမ်းမယ်ဆိုတာ သိလို့ ကျနော် ကိုစက်မသိခင် လဲထားလိုက်တာ။ အဟီးဟီး။

အလကား ချစ်ရို့ချရာ။ ချိတ်ချိုးရဘူး။ လိမ်မာဒယ်။ ငှဲငှဲ။

ကျနော်လုပ်လို့ ကိုစက် ကဗျာကောင်းလေး ပျက်သွားပြီ။ ဟီဟိ။ ပြေးပြီဗျိုးးး။ ကိုစက်ကြီး မျက်နှာပုပ်သိုးပြီး လိုက်လာနေပြီ။ အဟားဟား။

ငဇော်။

ကဗျာမလေး said...

ကမ္ဘာကြီးက မလုံးဘဲ ပြားတယ်လို့ ယူဆရင် ငါဟာ “ရင်ခွင်ပျောက်သူ” ဆိုပါလား.....
ဟ တစ်မျိုးကြီးပဲ :P

ဂျစ် said...

ရင်ခွင်မပျောက်စေချင်လို့ ကမ္ဘာကြီးဆက်ပြီး လုံးပါစေလို့
ဆုတောင်းသွားပါတယ်...။
ဂျစ်တူးလေး..

Chitpalonelay said...

ရင်ခွင်မပျောက်ဘူးဆိုတော့ ၀မ်းသားပါတယ်ကိုကြီးရေ ပျော်ရွှင်အစဉ်ပြေပါစေ။ စာမေးပွဲဖြေနိုင်ပါစေဗျာ။
ညီမလေးပါးလုံး

Apprenticeship said...

အင်း တစ်ချို့ကပြောတယ် the world is flat တဲ့ အဲဒီ စာအုပ်လေး အတော်ခေတ်စားတာနော့် :) :P

မိုးခါး said...

အင်း ရင်ခွင်ပျောက်သူသီချင်းဆိုသွားတယ် ..း)

WWKM said...

ကဗျာဆန်းဆန်းလေးလာခံစားသွားပါတယ်.း)

" နာဂါစကီ " ထက်
" ဟီရိုရှီးမား " ကို
ပိုခံစားမနေချင်ဘူး...း)