" ၀မ်းဘိုင်ဝမ်းမှတစ်အချိုးတစ်သို့  "

|


ငါ့ အီကွေတာရပ်ဝန်းမှာ
နင့်မျက်ဝန်းစိုစိုတွေ ကွန်းခိုနေတတ်ကြတယ် . . .

တောက်ပတဲ့ဖယ်ရီကြယ်တာရာဟာ
အမြဲစိမ်းလွင်ပြင်ရဲ့ ခရမ်းရောင်အငွေ့ အသက်တွေပေါ့ . . .

ဖှုန်မှုန့် နဲ့ မြူငွေ့ လေးသင်းတဲ့လေပြေလေးရိုက်အခတ်
ပြက္ခဒိန်ထက် ရင်ခွင်နံ့ လေးသင်းလို့  . . .

ရှုရှိုက်မိတဲ့ အောက်စီဂျင်တိုင်းမှာ
မင်းပေးတဲ့ရင်ခုန်သံတွေကပ်ပါနေကြတယ်ဆိုရင် . . .

ချစ်သူရေ . . . တကယ်တော့
" အာဒံ " ဟာ ကမ်းမမြင် လမ်းမမြင်မှာ
စုပ်လည်းဆူး စားလည်းရှုးနဲ့ 
အချစ်ကို တီထွင်ခဲ့သူပါ
ဒါကြောင့်သာ " ဧ၀ " ဟာသူရဲ့ ဗီးနပ်(စ်)မှာ
မီးခတ်ခွင့်ရခဲ့တာပေါ့ . . . . .

ငါ ကတော့ ကမ်းမြင် လမ်းမြင်ပါလျက်
ဝေလည်းမွှေး ကြွေလည်းမွှေးမဲ့
အချစ်ကို ကိုးကွယ်သူပါ
ဒါကြောင့်ပဲ ငါဟာ နင့်ရဲ့  " မဂိုအလှ " မှာ
ချိုမြစွာဆေးပေါင်းခခွင့်ရခဲ့တာပေါ့ . . . . .

ကမ္ဘာဦးက ပရိုင်းမိတ်ဟာ
ဝမ်း . . . ဘိုင် . . . ၀မ်း ဖြစ်ခဲ့ပေမဲ့
မင်းမပြောနိုင်သေးတဲ့ ဖော်မြူလာတစ်ခုကို
ငါ့နှလုံးသားသီအိုရီ အဖြစ်
ရဲဝံ့စွာ ဖော်ထုတ်နိုင်ခဲ့တယ်ဆိုရင် . . . . .

" မျက်လုံး "

|


" မျက်လုံး " တဲ့
ပြက်လုံး ထုတ်ရင်
အသက်ပါ ဆုံးသွားမယ်
" ငါ " ... ဘယ်တော့မှမကျဆုံးဘူး . . . . .

" POP ကဗျာတီထွင်ကြည့်ခြင်း "

|

" ဘ၀ရဲ့ အနုပညာ "

* * * ဖန်တီးခဲ့ တဲ့ ပန်းချီကားထဲက ကမ္ဘာမကျော်တဲ့  ပြဇာတ်တစ်ပုဒ်

ပိတောက်ပင်ကို အိပ်မက်မက်တဲ့ ကောင်မလေး * * *

* * * နောက်တော့ . . . " သူ " . . . ဖြစ်လာတာက

ဘယ်လမ်းကိုသွားရမှန်းမသိတဲ့  မြေပုံနွမ်းနွမ်းလေးတစ်ရွက် * * *


* * * အဲဒီ ဘ၀ခံစားမှုရဲ့  အနုပညာကို နည်းနည်းလေး

သင်္ဘောမရှိတဲ့  ပင်လယ်ပြင်ဖြတ်ရသလို " ကုန်း " တွေကိုပျောက်လို့  * * *

* * * အံထုတ်ပစ်ချင်တဲ့  ဝေါဟာနဲ့  ပုံသဏ္ဍန်တွေ

ဂုဏ်ယူပြီးရင်ခွင်ပိုက်ပြန်လာတာ နာကျင်ခြင်းတွေကို ပြည့်နေတာဘဲ * * *


* * * သိပ္ပံပညာအရ ဒီ " သုည " ဟာ စက်ဝိုင်းတစ်ခုဆိုရင်

ကျွန်တော်လည်ခဲ့ ပြီးပြီ " ဗဟို " ကိုရှာမတွေ့ တာ * * *

* * * ဒါဆို . . . " ၀ " လုံးကို . . . " စ " ဖတ်တတ်ဖို့ ဆိုရင်ရော

ပြောချင်တာက လည်ပတ်မှုက ဘယ်က " စ " နေမှန်းကိုမသိတာ * * *


* * * ပျံ့ နှံ့ မှုအရ သီအိုရီဟာ ဘယ်နည်းစနစ် ဘယ်ဝါဒ

အဓိကမကျတဲ့  အကြိုက်တွေ့ ခြင်း သဘောထားမတိုက်ဆိုင်ခြင်းမျှသာ * * *

* * * သော့ခတ်ထားတဲ့  အနှစ်ချုပ် ရှိသေးရင် ...

အဓိက ကအသက်ရှင်တတ်ဖို့ ဘဲ " ဒါ " ဘ၀ရဲ့ အနုပညာ * * *

P.S ကျွန်တော်အသစ်ထွင်ရေးထားတဲ့ 
ကဗျာဟာတစ်ယောက်တည်းရဲ့ ခံစားချက်ဖြစ်ပေမဲ့ ဒီကဗျာအမျိုးအစားမှာခံစားချက်ကို လမ်းဖွင့်သူနှင့်
ခံစားချက်ကိုဖွင့်ဟသူအဖြစ် ကဗျာရေးသူတစ်ယောက်တည်းရဲ့ စိတ်ကိုနှစ်ကိုယ်ခွဲပြီးချပြ ထားတဲ့ပုံစံမျိုး
နဲ့ ရေးစပ်ထားတာပါ။ ကဗျာရေးသူဟာ ယေဘုယျအားဖြင့်ခံစားချက်အား တိုက်ရိုက်ရင်ဖွင့်ရေးစပ်လေ့
ရှိပြီးဒီကဗျာအမျိုးအစားမှာတဆင့်သွယ်ဝိုက်ရင်ဖွင့်ရေးစပ်ထားတဲ့ ပုံစံနဲ့  အသွင်သစ်အဖြစ်ရေးစပ်ထား
ပါတယ်။ ဒီကဗျာအမျိုးအစားကို POP ( Pioneer of Poem ) ( လမ်းသစ်ဖောက်သူရဲ့ ကဗျာ ) လို့ ကျွန်
တော်ကသတ်မှတ်လိုပါတယ်။ ဘလော့ကသူငယ်ချင်းများနဲ့ ကဗျာချစ်သူအပေါင်းကလည်းဝေဖန်အကြံ
ဥာဏ်လေးများပေးခဲ့ဖို့ ဖိတ်ခေါ်ပါရစေ။ အားလုံးကိုကျေးဇူးတင်လေးစားလျက် . . . . .

" အချစ်၏အတ္တုပ္ပတ္တိ "

|


နက္ခတ်ပွင့်နှလုံးသား လမ်းကြောင်းမှားသွားတဲ့ 
ပန်းရောင်ပြတ်ရှရှ မီးပြတိုက်လွန်ညတစ်ည
အဲဒီ ခဏမှာ . . . မြရာပင်ခက်နှင်းဆီတစ်လက်က
ကပိုကရိုတွေနဲ့ ရှက်သွေးရောင်တောက်ပ
နှစ်ယောက်တစ်အိမ်မက်က မွှေးမြမြ
စွယ်တော်ပျိုတစ်ရွက်ထဲမှာ ပြိုင်တူ ထွန်း . . . လင်းခဲ့ ကြတဲ့ ည . . . . .

" တာတီးပိုးလေးရေ " . . .
ဒီ . . . ဆံချည်မျှင်ဖူးဖူးမှာ
စကားထာတွေလို ကိုယ်ရူးခဲ့ တာ
ထိပ်ထား ကိုမှော်ဖူးဖို့ အတွက်ပါ
" နေ " လို " လ " လို
ရင်ငွေ့ ဖြာတစ်လုံးကောင်းနဲ့ 
တို့ တွေတစ်သက်လုံးပေါင်းကြဦးစို့  . . . . .

တိမ်ညို တိမ်ဖြောက်ထက်
တနင်္ဂနွေမီးတောက်လောက်
ကိုယ်ဘယ်အရာမှမကြောက်
ငါပျောက်မှာကြောက်တာက
သူ့ မျက်ဝန်း ရွှန်းတောက်တောက် . . . . .

ဟိုး . . . ငယ် ငယ် . . .
အချစ်ယိုင်ခြင်းနိယာမ စမပေါ်ခင်တုန်းက
ဘာမှမပွင့်သေးတဲ့  အက္ခရာတစ်အုပ်
ခုတော့ ငါရင်ဘတ်ပေါ် အလင်္ကာတွေဆွဲထုတ်
ကဗျာတွေလုပ်သွားတယ် . . . . .

နောင် . . . နှစ်ပေါင်းများစွာတည်တံ့အောင်
နှောင်ကြိုးတွေ ပြိုကျမသွားဖို့ 
သက္ကရာဇ်များကို သံယောဇဉ်နဲ့ ပျိုးမယ်
" ပန်းပျိုးသူတို့ အလင်္ကာ " မှာ
နင့်ကဗျာအနမ်းတွေမပါဘဲနဲ့ တော့
ဒီ အချစ် ၀င်္ကပါ မှာ ငါ စစ်သူရဲကောင်းမလုပ်ဘူး . . . . .

ငါ . . . လရောင်ကိုဖြန်းဖြန်း
ငြိမ်းချမ်းရေးအနေနဲ့  နမ်းမယ်
မြူဝေမှုန်ကင်း ဒီဆောင်းသတင်းမှာ
နှင်းငွေ့ တွေ
တစ်ခေတ်ပြီး . . . တစ်ခေတ်
ထို့ နောက် . . .
" အက်ဖရိုဒိုက် " ကို လှိုက်ဖိုဖိုကြည့်လိုက်ချိန်
" သူ " . . . ကဗျာမပျက်ဘဲ . . . " ကို " . . . ကမ္ဘာပျက်သွားတယ် . . . . .

" ကြိုးဝိုင်းထဲကကဗျာတစ်ပုဒ် "

|

ဟိုး . . .
မိုးကုတ်စက်ဝိုင်း အစွန်းမှာ
နေရောင်ခြည်အရိုးစုတွေဖြာထွက်နေကြတယ်
ဒီဟင်းလင်းပြင်မှာ
မောဟကိုစီးပြီးအတ္တကဒုန်းစိုင်းဝင်လာတယ် . . . . .

ကမ္ဘာအနှံ့ ခြေဆန့် နေတဲ့ 
ရယ်ဒီမိတ်ဘွဲ့ ခံ " ပီဆိုက်ကျီးလ် " တွေဟာ
ပေဖူးလွှာပေါ်အပြိုင်အဆိုင်လေလံတင်
၂၁ ရဲ့ လမ်းမတွေကိုဆွဲဆုတ်
ဝိုင်ချိုချိုကို ထမင်းရည်ပူလုပ်လို့ 
အလှကုန်ဟာ ဘ၀ကုန်ဖြစ်သွားပါရော . . . . .

နှာခေါင်းသွေးအပျက်ပျက်နဲ့ 
ပလက်ဖောင်းကိုဖျက်
အနုပညာကိုမျက်မှန်နဲ့ ဝယ်တပ်မှတော့
စိန်စီသောတေးတစ်ပုဒ်ထက်
ကိုယ့်ဂျင်းပန်အစုတ်လေးကိုပိုတန်ဖိုးထားမိတယ် . . . . .

" မိန်ရာဟင်းကောင်း ခင်ရာဆွေမျိုး "
ဘယ်လိုတံဆိပ်တပ်တပ် နောက်ဆုံးတော့လည်း
မျက်မမြင်တစ်ယောက်ပါဘဲ . . . . .

မှော်မအောင်တဲ့ မြို့ မှာ
ကဗျာတစ်အုပ် ဘိလိယက်ခုံအောက်ရောက်နေကြတယ်
ကိုယ်ရည်သွေးတီးလုံးတွေဖြန့် ခင်း
စောင်းညှို့ ရှင်နဲ့ စစ်ခင်းရင်း
လူကြီး လူကောင်း ပါလို့ ပြောတဲ့လူတွေထဲ
သူတို့ တွေကရှေ့ ဆုံးကပေါ့ . . . . .

အဖြေမရှိတဲ့ မေးခွန်းမှာ
ကျွန်တော်ကစာစစ်သူပါ
အဲဒီတုန်းက ကျွန်တော်မြင်ဘူးတဲ့ သွေးအမျိုးအစားက
ခုထိကမ္ဘာပေါ်မှာမရှိသေးဘူး
လက်ငါးချောင်းနဲ့ ဆုပ်ကိုင်နိုင်တဲ့ အရာတစ်ခုဟာ
မတရားမှုတွေကိုအကြီးအကျယ်အားပေးနေလေရဲ့  . . . . .

ဘယ်ရောက်ရောက်ဒီစိတ်တွေမွေးနေမှတော့
လေယဉ်ပျံမပြောနဲ့  စက္ကူစွန်တောင်တော်တော်ကြိုးစားရအုံးမယ်
ဝေးကွာတဲ့ အရပ်ကိုတိမ်းရှောင်ချင်ပေမဲ့ 
ဒီလေထုညစ်ညမ်းမှုမှာ ကိုယ်ကလည်းပိုရူးခဲ့ တာကိုး . . . . .

မြေဆီလွှာမပြည့်မှတော့
ဘာစိုက်စိုက် ကျောက်ပတ်တီးဘဲထွက်မယ်
အရိုးထူနေတဲ့ ခြေသလုံးအိမ်တိုင်ကို
ဘယ်လက်ဖြောင့်တပ်သားမှချိန်ပစ်မနေဘူး
အချိန်ကုန်တယ် . . . . .

ဆူးညှောင့်တွေမှာနုလောက်စရာပြကွက်မရှိပေမဲ့ 
သူတို့ အသားကဖြောင့်တန်း ရိုးစင်း ထက်ရှကြတယ်
လူတွေထဲမှာတော့ ကျွန်တော်အတု ခင်ဗျားအတု
ကာရန်အတု မော်ဒန်အတု ကဗျာအတု စာအတုနဲ့ 
ဝမ်းမန်းရှိုးအတု ဖော်ရှိုးအတု ပြပွဲအတုတွေနဲ့ 
အတုတွေထဲမှာ " ထု " ထုနေကြတယ် . . . . .

တစ်ယောက်မျက်လုံးတစ်ယောက်ကြည့်ရင်း
" အိုက်အိုဒင်း " ချို့ တဲ့ နေတဲ့ စာရိတ္တချင်းဖလှယ်လိုက်ကြတယ်

ဒီမြင်ကွင်းကိုမြင်နေရမှတော့
" လေထန်ကုန်း " ကိုလည်းအားနာတယ် . . .
" တာရာမင်းဝေ " ကိုလည်းအားနာတယ် . . .
" မောင်ချောနွယ် " ကိုလည်းအားနာတယ် . . .
" မိုးစက်အိမ် " ကိုလည်းအားနာတယ် . . .

သရုပ်မှန်ဝတ္ထူတစ်ပုဒ်ကို
ဒီပန်းချီကားမှာရှာမတွေ့ မိဘူး
အိမ်မက်အသေတစ်ပွဲရဲ့  မိုက်မဲမှုဆိုရင်လည်း
စည်းပြင်ကနေ တယောခပ်ပါးပါးထိုးပေးနေပါ့မယ် . . . . .

တစ်ခါတစ်လေ . . .
ခံစားမှုထက် အသည်းနှလုံးကို
ဘက်လိုက်ကြတတ်ရဲ့ 
ရှိစေတော့
ခင်ဗျားတို့ အောက်စီဂျင်ထဲမှာ
ကျွန်တော့်တစ်ရှုးတွေပါတာမှမဟုတ်ဘဲ . . . .

ဟိုး ဝေး ဝေး ကြီး က
ကြယ်မှုန် ကြယ်မွှားများ
ဖျော့တော့တော့အလင်းနဲ့  " ပလူတို " ကို
ဂြိုလ်ကြီးကိုးလုံးစာရင်းကဆွဲထုတ်လိုက်ကြတယ်
ကြာရင် . . .
ကျုပ်တို့ လည်းစာရင်းဝင်ပါ့တော့မလားဘဲ . . . . .

" ရာဇ၀င်တွင်မဲ့ အတိုး "

|


ကျွန်တော့် " အက်ဖရိုဒိုက် " နတ်သမီးဟာ
ဆိုက်ဘေးရီးယားမှာ မရှိဘူး
တစ်ယောက်နဲ့ တစ်ယောက် . . .
ကုဋေတစ်သန်းလောက်ကွေ့ ကောက်နေကြတယ်
ပွင့်သွားတဲ့ မိုးကောင်းကင်ကြီးမှာ
ရုပ်ဖွဲ့ စည်းမှုသိမ်မွေ့ သလောက်
စိတ်ဖွဲ့ စည်းမှုမသိမ်မွေ့ နိုင်တော့တဲ့ 
နာကျင်မှုလှောင်အိမ်က ခံစားမှုပန်းချီကားတစ်ချပ်လို
ရွှက်လွှင့်လို့  ယိုကျလာတဲ့ အလင်းရောင်ဟာ
ကြေကွဲပြဇာတ်က " ကိတ်ဝင်းစလက် " လိုဘဲ
ဒီလိုနဲ့ ဘဲချစ်သူ့ မျက်ရည်တစ်စက်ကို
သွေးသားထဲကဖောက်ထုတ်
နှလုံးအိမ်ကိုကျောက်ရုပ်လိုကြည့်ရင်း
မြင်ကွင်းတွေကို ထွေခင်းချလိုက်တာ
" တစ်ထောင့်ငါးရာ " ဘဲ " အတိုး " တက်စရာကျန်တော့တယ် . . . . .

" မှုန်ရွှေရည်ရေးတဲ့ ကျောက်စာ "

|


နရီသံစဉ်ညနေခင်းကသာ
သက်ပြင်းတိုးတိုးလေးခိုးမချခဲ့ ဘူးဆိုရင်
အပျိုစင်နံနက်ခင်းဟာ မနက်ဖြန်ကိုခူးဆွတ်မဲ့ 
ပျံသန်းဌက်တို့ နားခိုရာပေါ့ . . . . .

အဲဒီလိုပါဘဲ ကောင်မလေးရယ်
တစ်ညတည်းဝေးကြရတယ်ဆိုပေမဲ့ 
ဆောင်းလေရူးမြူးတဲ့  မြရေခင်း ညလေဦးက
" ခရမ်းပြာခုနစ်စင်ကြယ် " ဆိုတာလည်း
မင်းမရှိရင်မှောင်နေတဲ့  နိုက်မဲအိပ်မက်ဆိုးတွေလိုပါဘဲကွယ် . . . . .

ဝါဆိုပန်းဦး စံပယ်ဖူးတို့ 
ဆောင်တော်ကူးချိန်
ငရဲမီးကို စစ်သူရဲကောင်းစီးသလို
" ပိတောက်ယမင်း " က
ငွေ့ ရည်တစ်သင်းနဲ့  စစ်မက်ပြိုင်ခင်းပြသွားလေရဲ့  . . . . .

သူမ " မှုန်ရွှေရည် " ချစ်သူက
ပိတုန်းရောင်ပျားရည်မော်ကွန်းထက်
ပိုးသားလေကြောင်းကိုဖြန့် ခင်း
သစ်ရွက်ကြွေအနမ်းတွေနဲ့ 
ဒီရာစုနှုတ်ခမ်းရဲ့ နောက်ဆုံးသက်တမ်းကို
ခမ်းနားစေလိုက်တယ် . . . . .

" ကမ္ဘာဦးအချစ်ကိုသွန်းတဲ့  ဂမ္ဘီရ ချစ်ရေစင် "

|


ပန်းနုရောင်သင်းတဲ့ ဥတုတစ်ခု
အနုပညာမှော်အောင်မှုကြောင့်
အချစ်ဘာသာဗေဒ ကိုအန်တု
နှောင်ကြိုးမဲ့ ရင်ခွင်ငယ်ကို အဖော်ပြုလို့ 
လေညာက ကြွေလာတဲ့ ရော်ရွက်ဝါ " ထိပ်ထား " ထံပါး
ဦးခိုက်လို့  ဒူးတိုက်ခစားခဲ့ တယ် . . . . .

စက်တင်ဘာရောင်ခြည် အေးမြမှုဟာ
ငါ့ရင်ခွင်ရိုင်းလေးအတွက်တော့
နှိုင်းလောက်စရာမရှိခဲ့ ဘူး
ဂန္တ၀င်ဆည်းဆာလွင့်လွင့်တွေ ၀ဲနေပုံများ
တိမ်ပြိုညနေတွေကိုတောင် အသက်မဲ့ စေခဲ့ သူပါ . . . . .

ကောင်မလေးရေ . . .
ကိုယ့်ဥယျာဉ်ဆိုပေမဲ့ လည်း
မင်းမနမ်းဘဲနဲ့ တော့ မဖူးပွင့်နိုင်ခဲ့ ပါဘူး . . . . .

တစ်ခါတစ်လေတော့
ငါ့ ဂမ္ဘီရ လမင်းမှာ
ခရေတွေ ၀ုန်းဒိုင်းကြဲ
တော်ဝင်တဲ့  ဂေါ်သဇင်
လက်ဖမိုးနုက မျက်ရည်ဥထွက်ချိန်
တစ်ထောင့်တစ်ည ပုံပြင်မှာ
အိပ်ဖန်စောင့်မင်းသားတစ်ပါး
" ဘော်ငွေရောင်မင်းသမီး " ထံပါး
ဆက်သွင်းလာတဲ့ " စိန်ခြူးကြာညောင် " တေးသွားဟာ
မျက်ဖြေလင်္ကာတစ်ပုဒ်ဖြစ်လေမလားဘဲ . . . . .

ရေတံခွန်ကျောက်စာ အငွေ့ မပြယ်အောင်
မုတ်သုန်လေက ညင်သာစွာကြိုပါ
ရနံ့ မပြယ်တဲ့ ချုပ်ပလိုင်းထဲက အချစ်ဝိညာဉ်က
စိတ်ကူးဝတ်ရုံကို ဟင်းလင်းဖွင့်
ဒီလိုနဲ့  . . . ကတ္တီပါနှစ်ပါးခွင်မှာ
ရင်ခွင်တစ်ခုကိုစိုက်နှစ်ထားလိုက်မယ် . . . . .

ပြီးတော့ . . .
ဝေဒနာဝေးတဲ့  ဒရမ်မာတစ်ပုဒ်
ငြိမ့်ညောင်းတဲ့ တီးလုံးတစ်အုပ်အောက်
သာယာချိုမြိန်တဲ့  ပန်းလှေပေါ်ကမိုးရေစက်ဟာ
ဝါးကျည်တောက်လိုပေါက်
ဣနြေ္ဒ သိက္ခာ ကိုမထောက်ဘဲ
" စုံနံ့ သာမြိုင် " ကိုဖောက်သွားတယ် . . . . .

ငါဝိညာဉ်ထဲက ချစ်ရေစင်များ
ကမ္ဘာဦးအချစ်လို သင်းပျံ့ စေသား . . . . .



" မော်ဒန် အချစ်တိုင် ရတု "

|

မိုးကျရွှေကိုယ် မဟုတ်ပေမဲ့ 
ဂုမ္ဘာန်တစ်ထောင် အချစ်အားနဲ့ 
နန်းထိုက်တဲ့  တော်ဝင်ကို
ပန်းမဏ္ဍိုက်မှာ ခူးခွင့်ရခဲ့ သူပါ . . . . .

တောက်ပတဲ့  နတ်သမီးတစ်ပါး
ဘယ်ရင်အုံနား ဖွဖွလေးခိုလှုံရှာတော့
အညတရ မင်းသားတစ်ပါးအပြုံး
ကမ္ဘာတောင် ဖုံးခဲ့ ဘူးတယ် . . . . .

ပန်းဒေဝီတစ်ပါး ပေမယ့်
ရွှေအားတော်ငယ်သူမို့
ခပ်ဝါးဝါးရောင်ရှိန်တော်နဲ့
ဖူးပွင့်ခဲ့ရသူပါ . . . . .

အေးမြတဲ့ ကြယ်တာရာတစင်း
ဒေဝီအနား ခစားလာတော့
ပန်းဒေဝီကညာအပြုံး
ငွေလမင်းတောင် ရှုံးခဲ့ဖူးတယ် . . . . .

ကဗျာရေးသားသူ = နတ်သျှင်နောင် + ဓာတုကလျာ ( ကလေး )

" အချစ်ကပြောသော ဘာသာစကား "

|


ဆိုက်ကလုန်း တိုက်ဖုန်း နဲ့ 
လှိုင်းလုံးနုနု တွေ နောက်မှာ
အ၀ါရောင်နဂ္ဂတစ် တွေရှိတယ်ဆိုတာ
ဘယ်သူမှ မသိပေမဲ့  . . .
အင်ဂျလီနာ ကလီယိုပက်ထရာ မာရီလင်မွန်ရိုး
အားလုံးကတော့ ဒူးထောက် လက်မြှောက်လို့  . . . . .

အချစ်ကြိုးဝိုင်းမှာ
နူးညံ့တဲ့  ဘယ်ဝိုက် ညာဝိုက်ကြောင့်
အနီရောင်မီးပွိုင့်ဟာ ဗျက်စောင်းကိုပိုက်
ခမ်မိုက်မိုက်ဘဲ ကြွေကျလိုက်တယ် . . . . .

" ပန်းပျိုးသူတို့  အလင်္ကာ " လက်နဲ့ 
ရှုရှိုက်ခွင့် ရတဲ့  ပန်းလေးတစ်ပွင့်တန်ဖိုးဟာ
အဲလောက် ကဗျာ ဆန်မယ်မှန်းသိရင်
ပန်းနု ဖြူ ပြာ ဟာ ကျွန်တော့် မူယာ ပေါ့ဗျာ . . . . .

သနပ်ခါးပန်းနဲ့  အချစ်တောင်ကြားလမ်းက
အစိမ်းရောင် မျဉ်းကြားဟာ
လေဖိအားနည်း ရပ်ဝန်းဖြစ်လာပြီး
တဖြည်းဖြည်းနဲ့ 
ဧရာဝတီဟာ ကျဉ်းမြောင်းလာခဲ့ ပြီ . . . . .

သံစဉ် ကျတဲ့  ကဗျာ ရွတ်သံဆိုတာ
" စည်း " နဲ့  " ၀ါး " လိုလိုက်ဖက်ညီမှာ အမှန်ပဲ . . . . .

ဒီလိုနဲ့  . . .
ကျွန်တော့်ဓားအိမ်က မြှားတစ်စင်းကိုဆွဲထုတ်
အာကာသမှာ မိုးစုန်းစုန်းချုပ်ခဲ့ ကြတယ် . . . . .

နောက်ဆုံးတော့ . . .
သိက္ခာရှိတဲ့  နှင်းဆီဖူးလေးက
နူးညံ့ သိမ်မွေ့ စွာပြုံးရင်း
ပိုင်နက်ကျူးလွန်ခြင်းကို
မယ်လိုဒီ တစ်ပုဒ်အဖြစ် ပြောင်းလဲခဲ့ တာပေါ့ကွယ် . . . . .


အားလုံးဘဲ Happy New Year ပါခင်ဗျာ . . . ပျော်ရွှင်သောနှစ်သစ်ကူးလေးဖြစ်ပါစေ . . .

" ငါ့ နတ်သမီး "

|

သိက္ခာ ရှိတဲ့  လေညှင်းနု က
ကမ္ဘာလေထု ကို အဖော်ပြုရင်း
ရှင်သန်ခြင်း " ပါး " မှာ
နတ်သမီးတစ်ပါးကို ခပ်ပါးပါးကြွေပြခဲ့ တယ် . . . . .

" ငါ့ နတ်သမီး " . . .
မီးပြတိုက် အလင်းကြောင့်
လင်းလက်နေတဲ့  တစ်ခြမ်းပဲ့ လလေးလို
ငါ့  တစ်ကိုယ်ရည် အလင်းနဲ့ ဘဲ လင်းပရစေ
ဒါမှ . . . ငါ့ကိုလွမ်းတဲ့ ညတွေ ဖြစ်လာမှာမို့ ပါ . . . . .

" ငါ့ နတ်သမီး " . . .
ကောင်းကင်ကို ထူထူဝတ်ပါ
မြေကြီးကို ခပ်ပါးပါးခြုံပါ
လေထုကိုတော့ ပုံမှန်ရှုပါ
ကြယ်တစ်စင်း ပေးခဲ့ တဲ့ 
နေတစ်စင်း အမွေမှာ
ရံရွှေတော် အပျိုစင်တစ်သန်းနဲ့ တောင်
တစ်ယောက်နဲ့  မလဲနိုင်ခဲ့ပြီ . . . . .

ငါ့ ရင်ခွင်နွေဦးပေါက်ကို မီးထတောက် စေတဲ့ 
" ငါ့ နတ်သမီး " . . .
မိုးဆိုတာ နွေကိုဖြတ်ပြီးမှ
ရူးရူးမူးမူး ဖူးခဲ့ ရတာလေ
နေညိုညို ဘ၀တွေ အိုသွားတောင်မှ
မပြောင်းမလဲဘဲ ကျန်ခဲ့မဲ့  ရုပ်ကြွင်းသစ်ဟာ
" ငါရဲ့  အချစ် " ဘဲ ဖြစ်မယ် . . . . .

" ငါ့ နတ်သမီး " . . .
ကြယ်စင်ကိုစီးပြီး ခရီးနှင်ပါ
ဘုံ အဆင့်ဆင့်မှာ စံ ပြီး
ကံအဆင့်ဆင့်လည်း မြင့်သထက်မြင့်ပါစေ . . . . .

ဝန်ခံချက် . . . ကိုရီးယားဒရမ်မာ ဇာတ်လမ်းတစ်ခုမှ စာသားအချို့ ကို ယူငင်သုံးစွဲထားပါသည် ။

" တစ်ဦးပိုင်အကြည့် "

|

အချစ်က မွေးဖွားလာခြင်း ဆိုပေမဲ့ 
ဘယ်သူမှ မရေးတတ်တဲ့ အက္ခရာသုံးကြောင်းဟာ
ပန်းတစ်ပွင့်ရဲ့ ရနံ့ ခက်စစ်ပါပဲ . . . . .

အနမ်းပြာပြာ ရှီရှဲဒိုးမှာ
ငါဝှက်ထားစေချင်တဲ့  အလှအပတရားတွေနဲ့ 
ဖဲပွင့်ဖတ်လေး တစ်ချပ်ဟာ
ကမ္ဘာဦးကျမ်းစာတွေကို အေးမြစေရဲ့  . . . . .

ဒါပေမဲ့  . . .
ငါ့နှလုံးသား ရစ်သမ်မှာတော့
နွေခေါင်ခေါင်မှာ အတီးခံနေရတဲ့ 
" အရိပ်စစ်ဗုံသံ " လိုပါဘဲကွယ် . . . . .

ကောင်မလေးရေ . . .
မယုံတစ်ဝက် ယုံတစ်ဝက်နဲ့ ဘဲ
ငါ့...ကိုယုံကြည်ပေးပါ
ကောင်းကင်မြူခိုးတစ်လျှောက်
ကို့  အကြည့်တစ်ဖြောက်ကလည်း
ကမ္ဘာကြီးကိုပြောင်းပြန်လှန်ပစ်နိုင်စွမ်းရှိတယ်ဆိုတာ . . . . .


ကိုယ့် ချစ်သူဟာ အများဆိုင် နာမ်မဟုတ်ပါ တစ်ဦးပိုင် နာမ်သာ ဖြစ်ပါသည် သို့ သော်
ချစ်သူသည် သက်ရှိ ဒြပ်ရှိ ဖြစ်သဖြင့် အရာအာလုံး ကိုမူ မိမိသည် လည်းမပိုင်ဆိုင်ပေ
ထိုခံစားချက်မှ ဖြစ်ပေါ်ဖြာထွက်လာသောအချစ်အပိုဒ်ခွဲတစ်ခုကိုသ၀န်တိုခြင်းဟုဆိုလျှင် . . .

" မီးမှောင်မှောင်မှ နတ်သျှင်နောင်မိုးလင်းည ရင်ခုန်သံများ "

|

နွေလသံပေါက် နှင်းသောက်တဲ့ 
မိုးမခရင်ခွင်မှာ ရွက်ပုန်းသီးတစ်လုံးဟာ
မဟူရာကျောက်ရိုင်းတုံးရင်ကို တိမ်မင်တုံးလိုဖွင့်
တောင်ပြန်လေညှင်းလေးကိုစီးပြီး
အချစ်ရှစ်မျက်နှာက စစ်ကြေငြာလျက်
" ငွေစံအိမ်မင်းသမီးလေး " ဆီသို့ 
တိတ်တခိုးအခစားဝင်လာ၏ . . . . .

မှုန်ရီနေတဲ့ ဂီတမှာ မူယာကြော့ ဟာ
အချစ်ရဲ့ ဘာသာစကားဖြစ်မယ်ဆိုရင်
" ပျားရည်မော်ကွန်း " ထိုးပြီး
အဲဒီစောင်းကြိုးပြတ်ရွာလေးကို
နတ်သျှင်နောင်ဝှက်ထားမယ် . . . . .

ဓာတုကလျာရဲ့ လေးတင်ပွဲမှာ
ပိုးသားအိအိ ဟီးရိုးဟာ
ဆောင်းမြူအိုးပေါက်မှာ မိုးကြိုးကိုအပေါက်ဖောက်ပြီး
သဲကန္တရ က " ရင်ဝှက်ပန်း " ကို
မြောက်ဝင်ရိုးစွန်းဆီသယ်သွားတယ် . . . . .

ခု . . . ကြည့်လေ
ဆိုလာရပ်ဝန်းက အက်ဒီဆင်မရှိတဲ့ ညတွေဟာ
နတ်သျှင်နောင်မိုးလင်းည ရင်ခုန်သံတွေကြောင့်
လောင်ဂျီကျူ့ မျဉ်းတွေပျောက်ပြီး
ဓာတုကလျာနုတ်ဘုတ်မှာ
ကျောက်စက်ကျစမ်းရေဟာ
ရေပန်းစားတဲ့ မင်းသားတစ်ပါးဖြစ်ခဲ့ ရပြီ . . . . .

သူမက . . .
ဖန်သားနန်းတော်
မဆုံးနိုင်တဲ့ ပဉ္စလက်
ခြောက်သွေ့ နေတဲ့ ရတနာတစ်ပါး
အသက်မရှုတဲ့  ပဟေဠိတွေနဲ့ 
အိပ်မက်အိမ်က နှင်းစက်ပိုးမျှင်ဟာ
ဒီဇင်ဘာယဉ်စွန်းတန်းနဲ့ အတူ
နတ်သျှင်နောင်ကို ပြုစားခဲ့ လေရဲ့  . . . . .

" ဖီးနစ်ပေးမဲ့  ' က ' ကြီး "

|


' က ' ကြီးဆိုတာ ကြုံဆုံဖို့ ပါ
ကွဲကွာဖို့ မဟုတ်ဘူး . . . . .

ငါဟာ . . .
" ဖီးနစ် " မီးနတ်သမီး ဖန်ဆင်းတဲ့ 
ကိုယ်သင်းနံ့ လေးကို ရှုရှိုက်မိရင်း
အရှင်လတ်လတ် ခူးခွင့်ရခဲ့ တဲ့ သူမို့ 
မိန်းကလေး တစ်ယောက်ကို
" အရူးအမူးချစ်တယ် " . . . . .

အနာဂါတ် " ဟားဗက်စ် " ချစ်ပုံပြင်မှာ
တီးကွက်တစ်ပင်တိုင်နဲ့  ကကြိုးမှာမြိုင်ထဖို့ 
ကျွန်တော့် အလင်းနှစ်သန်းပေါင်းများစွာကို
သံယောဇဉ်မို့ မို့ နဲ့  တည်ဆောက်ထားမယ် . . . . .

ဒီလိုနဲ့  . . .
ရက နှစ် တွေကြာ
နွေအလင်္ကာမှာ
ကဗျာတစ်အုပ်ကို ပူဖောင်းလိုမှုတ်ပြီး
အိုအေစစ်ရင်ခွင်နွေးနွေးကို
ခုတည်းက
ခပ်ထွေးထွေး ပွေ့ ထားချင်မိပြီ . . . . .

" နှစ်ချို့ သခင် " ( ကဗျာရှည် )

|

( ၁ )

ကမ္ဘာပျက်စက္ကူ တစ်ရွက် . . .
နေမထွက်တဲ့  ညတစ်ညမှာ
ကြယ်တွေ လတွေ ခြံရံလို့ 
အိမ်မွေ့ ချ နတ်သမီးတစ်ပါး
တိုင်းတစ်ပါးသို့  ခရီးထွက်ချေပြီ
သိုဝှက်ထားသော နှလုံးအိမ်မှ နှင်းသိုးများ
တမန်တော်စေတန်မှ တဆင့် အခစားဝင်လာကြ၏ . . . . .

ယေဘုယျဝိဥာဉ်မဲ့  နွေခေါင်ခေါင်ဂီတကို
ပူဖောင်းကွဲသူတစ်ယောက်ဟာ
သစ္စာမီးအိမ်မှာ သီချင်းလုပ်ဆိုရင်း
ထာဝရအိပ်ပျော်ဖို့  ကြယ်တစ်လုံးကို
ပြုစားခဲ့  လေရဲ့  . . . . .

လေထုထဲ အသက်ရှုခြင်း ရပ်ခြင်းဟာ
ကမ္ဘာဦးကျမ်းစာအစမှာ
ဝင်သက် ထွက်သက် အဖြစ်
နှောင်းလူများက တွေ့ ခဲ့ ရလေပြီ . . . . .

ဒီလိုနဲ့  . . .
ပက်စီ အတွေ့ ထူးမှာ
နှလုံးသား အတုကို ရေရောလိုက်တယ်
" ဆေးဆိုးပန်းရိုက်တစ်ရှုး " ဟာ
ညဖြစ်လျက်နဲ့  မျက်မှန်ထူထူတပ်လာခဲ့ တယ် . . . . .

ပွင့်အားကောင်းတဲ့ 
နှင်းဆီဖူးမီးပြန်အလင်းကြောင့်
အပြုံးတစ်ဝက်မှာ အမုန်းတစ်သက်စာ
ကပ်လျက်ပါလာခဲ့ ရပေါ့ . . . . .

( ၂ )

အရှေ့ ဖျားအလှရဲ့  လှို့ ဝှက်ချက်မှာ
အီဂျစ်ကမာမီရဲ့  နှလုံးရောဂါအကြောင်းမပါဘူး
ဒါဟာ . . . ကဗျာဦးက
ခေတ်ဦး ပရိုင်းမိတ် တွေပေါ့ကွယ် . . . . .

ပြီးတော့ . . .
မာယာကော့စကီး ကဗျာတွေမှာ
လှည်းယဉ်ကြော့ကြော့လေး သော့သော့နှင်နေတဲ့ 
ဖုန်ထူထူတောသူမလေး အနမ်းတွေ
မပါခဲ့ ဘူး . . . . .

မူယာမာယာနဲ့  ပျိုးတဲ့ ရန်ကုန်မိုးအလှက
ဥာဏ်ဝါ ဥဏ်ပြာ တွေပါပေမဲ့ 
အနုသုခုမဆန်ဆန်ပွင့်တဲ့ 
အိုးမဲ့  အိမ်မဲ့  ဗာဒံရွက်ရှုတဲ့ လေမှာတော့
PH-7 မပြည့်ခဲ့ ဘူး . . . . .

ကျီးပေါင်းတက်နေတဲ့ 
ကျောရိုးမဲ့ သတ္တ၀ါဟာ
ပရောဂအမှိုက်မှာ အသိုက်ဖွဲ့ ဖို့ 
လေးသည်တော် မေတ္တာအနမ်းတွေနဲ့ 
၁၂ရာသီအလွမ်းကို ခေါင်းလောင်းသံနဲ့ 
ပစ်ခွင်းခဲ့ တော့ . . . . .

လကွယ်ညတိုင်းမှာ . . .
စောင်းအိုတစ်လက် ကြိုးခဏခဏပြတ်သလို
ကုဗပေကြားမှာ မုဒိတာပွားပြီး
ကျည်ဆန်မရှိတဲ့  ငါ့သေနတ်ပြောင်းဝမှာ
ခြင်္သေ့ တစ်ကောင်လို ရဲရဲရင့်ရင့်ဂူအောင်းခဲ့ တယ် . . . . . .

( ၃ )

အသက်မရှုတဲ့ လောကပါလတရားဟာ
ဗျတ္တရဲ့ ပန်းဆက်လမ်းကို ခမ်းနားစေခဲ့ သလို
ဒုဋ္ဌ၀တီမြစ်ရေစီးသံဟာလည်း
ကမ္ဘာကြီးမကောင်းကြောင်း
ဘယ်တော့မှ မသီကြူးခဲ့ ဖူးဘူး . . . . .

မြောက်ပြန်လေမှာပွင့်တဲ့ 
စပါးပျိုကိုယ်သင်းနံ့ လေးကိုချစ်ကြိုးသွယ်
ဘ၀ရဲ့ အဘိဓမ္မာမှာ
'ဓမ္မာ ' ' သောက ' ' အင်းဝ ' ' ရာဇာ ' ကိုလည်မှာဆွဲ
ဗင်းနစ်အချစ်ပွဲကိုသွားကြမယ် . . . . .

နတ်ဆိုးမလေးပေးတဲ့ အိမ်မက်မှာ
အလင်းမဲ့ နိယာမနဲ့  ကိုယ်ပျောက်ဝတ်စုံပါခဲ့ တယ်
ဒါပေမဲ့  . . . ဘေဘီလုံတော့
တကယ်မရောက်ဖူးသေးပါ . . . . .

ဗန်ဂိုးရဲ့ ဌက်များဟာ
ပုပ္ပါးနေ၀င်ချိန်ကိုမခံစားတတ်ကြသလို
ရွာရိုးကိုးပေါက်ပွင့်နေတဲ့  ဂန္ဓာမာပန်းခြောက်တွေကတော့
မြို့ ပြတစ်လျှောက် ဂျစ်ပဆီတစ်ယောက်လို
လေလွှင့်နေခဲ့ ကြပြီ . . . . .

ပါဠိစာလုံးတွေနဲ့  သင်ပုန်းကြီးကွဲအားမှာ
နောက်ဆုံးစာမျက်နှာကိုလှန်လှောရင်း
နွေယဉ်စွန်းတန်းလေးဟာ
ခင်ဗျားတို့ ထင်ထားတာထက်
ပိုအေးမြလေရဲ့ ဗျာ . . . . .

( ၄ )

ကံ့ကော်နဲ့  ၀တ်ဆံမပြေလည်မှုကြောင့်
တမာတွေခါးခဲ့ ရတယ်
ဒါဆိုရင် . . . လိုက်မဆုံနိုင်တဲ့ 
မျဉ်းပြိုင်နှစ်ကြောင်းမှာလည်း
လှည်းလမ်းကြောင်းကြီးတွေ
ရှိကိုရှိရမယ် . . . . .

ယမမင်းကဗျာရွတ်သံအဆုံးမှာ
အာခိမိတိ ပရင်စပယ်ဟာ
ပြန်လှန်သင်ကြားခြင်း မကျေတဲ့ 
ချောက်ကမ်းပါးထဲ နယ်နှင်ဒဏ်အပေးခံခဲ့ ရတယ် . . . . .

ဘယ်တော့မှ မမေ့ပါဘူး . . . မမေ့ပါဘူးကွယ်
လမ်းဆုံရောက်တိုင်း လမ်းပျောက်နေတတ်တော့
ဘ၀သင်ရိုးညွှန်းတမ်းမှာတောင်
ကြက်ခြေခတ်တွေနဲ့ 
အောင်မှတ်ကို ကပ်ရခဲ့ တယ် . . . . .

တိမ်ညိုနယ်နမိတ်ကို
ဖြတ်သွားဖြတ်လာလုပ်ရင်း
ပင်လယ်တစ်အုပ်ဟာ
ငွေမိုးညို ငိုကာစလို
လှတပတ်နွမ်း သက္ကရာဇ်အနမ်းနဲ့ 
တိမ်ဖြူတစ်အုပ်
ရှိုက်ထုတ်ပေးခဲ့ တာပါတဲ့  . . . . .

( ၅ )

ဖြူ နီ ပြာ ၀ါ . . . စာတစ်အုပ်
ဒြပ်ရှိ ဒြပ်မဲ့  ကိုပြောင်းပြန်လုပ်လို့ 
မာဃဒေ၀ကို ပိတ်
တိတ်တဆိတ်ဘဲ ကိုယ်အိပ်လိုက်တယ် . . . . .

ဘာမှန်းမသိတဲ့  အနာဂါတ်မှာ
မာရ်နတ်ပေးတဲ့  ကျမ်းတစ်အုပ်ကို
ကံမကုန်ရင်ပြန်ဆုံကြတာပေါ့လို့ 
လက်ဆွဲနှုတ်ဆက်မနေချင်ဘူး . . . . .

" အဝေးဆိုတဲ့  အဝေးကြီးကိုသွားဖို့  "
မှိုင်းညှို့ ညှို့ စကားလုံးတွေမှာ
ဂူရိုင်းတွေက အပြိုင်းအရိုင်းကြွေဆင်းလို့  . . . . .

ဥယျာဉ်မှုးမဲ့  ဧဒင်ဟာ
လောကမာယာ အဆိပ်ပင်ကြောင့်
ဂျစ်ပဆီမှတ်တိုင်တစ်လျှောက်
မိုးကတစ်ဖြောက် . . . နှစ်ဖြောက်
. . . တစ်ဖြောက် . . . နှစ်ဖြောက် . . . . .

( ၆ )

ကံကြမာဆိုတဲ့  ကားယားကောင်က
လောကမဖိတ်ဘဲ လောကဓံတရားတွေ
ပေးပြီး ပြန်သွားတတ်တယ်
ဒါပေမဲ့  . . . အမြဲတော့မဟုတ်ဘူးပေါ့
တစ်ခါတစ်လေတော့
မျက်လုံးစုံမှိတ် ယဉ်ကျေးပြသွားတတ်ရဲ့  . . . . .

အနမ်းတွေကို စာသီကုံး
ဂဏန်းနှစ်လုံးနဲ့  " ၀ " လုံးကို
" သုည " ဖြစ်အောင်ရေးခဲ့ မိတယ် . . . . .

ဘာဖြစ်ဖြစ် . . .
အဲဒီ " ၀ " လုံးကို
လိမာပါးနပ်တဲ့  လက်တွေနဲ့ 
ဝိုင်းအောင်ရေးတတ်ရမယ် . . . . .

ဘာကြောင့်လဲ . . . ဘာအတွက်လည်း
ဖြေလို့ မရတဲ့  ပုစ္တာများစွာဟာ
မနက်ဖြန်ဆိုတဲ့  စာမျက်နှာမှာ
ပျားရည်တစ်စက်လို
ချိုလောင်ပြင်းသ ရှ တ တ ဖြစ်မှာတော့
အသေအချာပါပဲ . . . . .

နေ့ တစ်နေ့  ခိုးယူခြင်းခံရတဲ့ 
မီးခိုးလက်က ကြာတစ်ပွင့်ဟာ
ခိုးကြောင် ခိုးဝှက်တော့
မပွင့်ကောင်းပါဘူး
အချိန် အခါ တော့လိုတာပေါ့
ခမ်းခြောက်ခါးနီး ရေပြင်မှာ
အချိန်နည်းနည်းလောက်
ခိုးထားဖို့  လိုမှာအမှန်ပါဘဲ . . . . .

( ၇ )

ဒီမြို့ ပျက်က . . .
လူမသိ သူမသိ မောင်းကွဲသံမှာ
နံပတ်မပါတဲ့  မြေပုံတစ်ရွက်
မီးတောက်မပါတဲ့  စုတ်ချက်တွေနဲ့ 
တစ်ယောက်တည်း မိုးချုပ်နေတယ် . . . . .

ပြာကျသွားတဲ့  အသက်ငွေ့ ငွေ့  မှာ
" ၀ိမုတ္တိ " ဟာကလောင်တစ်ချောင်းဆို
တို့ ခေတ်မှာ တို့ ယဉ်ကျေးမှုနဲ့ 
တို့ နှစ်လုံးသားကို ထုဆစ်ကြရမယ် . . . . .

ဘယ်နွေဦးပေါက်မှ ကိုယ့်မီးတောက်နဲ့ ကိုယ်
" မီး " ထမတောက်ဘူး . . .
ခြေထောက်တွေမှားသွားနေတဲ့  လမ်းတွေမှာ
လမ်းမှားတွေ မသွားမိစေဖို့ 
ကိုလိုနီရင်ဘတ်ကို ဒဏ်ပြင်းပြင်းခတ်ပါ . . . . .

မြောက်ပြန်လေနဲ့  ခရီးကြုံလိုက်တဲ့  တောင်ပြိုမိုး
တောကြီး မျက်မည်းထဲ လမ်းပျောက်နေတယ်
ဝေါ . . . ဝေါ . . . ဝေါ . . .
ငြိမ်းချမ်းရေး တောင်ပံတစ်ဖက်ခတ်လျက်
ပန်းတစ်ဆုပ်ကြဲလို့  ဖိနပ်ပါးပါးစီးလျက်ပြန်လာ၏
တောမီးကား ငြိမ်းခဲ့ လေပြီ . . . . .

သို့ သော် . . . သို့ သော်
နေကားဝင်တော့မည်
လှိုင်းတို့ ကားပြင်းထန်ဆဲ
" တောင်ကြီးဖ၀ါးအောက်
လှိုင်းကြီးလှေအောက် " ဟုဆိုလျှင်
သင်တို့ ၏ အိမ်ပြန်ချိန်ကို . . . အိမ်မက်တွေကို
မည်သူကအာမခံပါမည်နည်း . . . အာမခံမည်နည်း . . . . .