မိုးကုတ်စက်ဝိုင်း အစွန်းမှာ
နေရောင်ခြည်အရိုးစုတွေဖြာထွက်နေကြတယ်
ဒီဟင်းလင်းပြင်မှာ
မောဟကိုစီးပြီးအတ္တကဒုန်းစိုင်းဝင်လာတယ် . . . . .
ကမ္ဘာအနှံ့ ခြေဆန့် နေတဲ့ 
ရယ်ဒီမိတ်ဘွဲ့ ခံ " ပီဆိုက်ကျီးလ် " တွေဟာ
ပေဖူးလွှာပေါ်အပြိုင်အဆိုင်လေလံတင်
၂၁ ရဲ့ လမ်းမတွေကိုဆွဲဆုတ်
ဝိုင်ချိုချိုကို ထမင်းရည်ပူလုပ်လို့ 
အလှကုန်ဟာ ဘ၀ကုန်ဖြစ်သွားပါရော . . . . .
နှာခေါင်းသွေးအပျက်ပျက်နဲ့ 
ပလက်ဖောင်းကိုဖျက်
အနုပညာကိုမျက်မှန်နဲ့ ဝယ်တပ်မှတော့
စိန်စီသောတေးတစ်ပုဒ်ထက်
ကိုယ့်ဂျင်းပန်အစုတ်လေးကိုပိုတန်ဖိုးထားမိတယ် . . . . .
" မိန်ရာဟင်းကောင်း ခင်ရာဆွေမျိုး "
ဘယ်လိုတံဆိပ်တပ်တပ် နောက်ဆုံးတော့လည်း
မျက်မမြင်တစ်ယောက်ပါဘဲ . . . . .
မှော်မအောင်တဲ့ မြို့ မှာ
ကဗျာတစ်အုပ် ဘိလိယက်ခုံအောက်ရောက်နေကြတယ်
ကိုယ်ရည်သွေးတီးလုံးတွေဖြန့် ခင်း
စောင်းညှို့ ရှင်နဲ့ စစ်ခင်းရင်း
လူကြီး လူကောင်း ပါလို့ ပြောတဲ့လူတွေထဲ
သူတို့ တွေကရှေ့ ဆုံးကပေါ့ . . . . .
အဖြေမရှိတဲ့ မေးခွန်းမှာ
ကျွန်တော်ကစာစစ်သူပါ
အဲဒီတုန်းက ကျွန်တော်မြင်ဘူးတဲ့ သွေးအမျိုးအစားက
ခုထိကမ္ဘာပေါ်မှာမရှိသေးဘူး
လက်ငါးချောင်းနဲ့ ဆုပ်ကိုင်နိုင်တဲ့ အရာတစ်ခုဟာ
မတရားမှုတွေကိုအကြီးအကျယ်အားပေးနေလေရဲ့  . . . . .
ဘယ်ရောက်ရောက်ဒီစိတ်တွေမွေးနေမှတော့
လေယဉ်ပျံမပြောနဲ့  စက္ကူစွန်တောင်တော်တော်ကြိုးစားရအုံးမယ်
ဝေးကွာတဲ့ အရပ်ကိုတိမ်းရှောင်ချင်ပေမဲ့ 
ဒီလေထုညစ်ညမ်းမှုမှာ ကိုယ်ကလည်းပိုရူးခဲ့ တာကိုး . . . . .
မြေဆီလွှာမပြည့်မှတော့
ဘာစိုက်စိုက် ကျောက်ပတ်တီးဘဲထွက်မယ်
အရိုးထူနေတဲ့ ခြေသလုံးအိမ်တိုင်ကို
ဘယ်လက်ဖြောင့်တပ်သားမှချိန်ပစ်မနေဘူး
အချိန်ကုန်တယ် . . . . .
ဆူးညှောင့်တွေမှာနုလောက်စရာပြကွက်မရှိပေမဲ့ 
သူတို့ အသားကဖြောင့်တန်း ရိုးစင်း ထက်ရှကြတယ်
လူတွေထဲမှာတော့ ကျွန်တော်အတု ခင်ဗျားအတု
ကာရန်အတု မော်ဒန်အတု ကဗျာအတု စာအတုနဲ့ 
ဝမ်းမန်းရှိုးအတု ဖော်ရှိုးအတု ပြပွဲအတုတွေနဲ့ 
အတုတွေထဲမှာ " ထု " ထုနေကြတယ် . . . . .
တစ်ယောက်မျက်လုံးတစ်ယောက်ကြည့်ရင်း
" အိုက်အိုဒင်း " ချို့ တဲ့ နေတဲ့ စာရိတ္တချင်းဖလှယ်လိုက်ကြတယ်
ဒီမြင်ကွင်းကိုမြင်နေရမှတော့
" လေထန်ကုန်း " ကိုလည်းအားနာတယ် . . .
" တာရာမင်းဝေ " ကိုလည်းအားနာတယ် . . .
" မောင်ချောနွယ် " ကိုလည်းအားနာတယ် . . .
" မိုးစက်အိမ် " ကိုလည်းအားနာတယ် . . .
သရုပ်မှန်ဝတ္ထူတစ်ပုဒ်ကို
ဒီပန်းချီကားမှာရှာမတွေ့ မိဘူး
အိမ်မက်အသေတစ်ပွဲရဲ့  မိုက်မဲမှုဆိုရင်လည်း
စည်းပြင်ကနေ တယောခပ်ပါးပါးထိုးပေးနေပါ့မယ် . . . . .
တစ်ခါတစ်လေ . . .
ခံစားမှုထက် အသည်းနှလုံးကို
ဘက်လိုက်ကြတတ်ရဲ့ 
ရှိစေတော့
ခင်ဗျားတို့ အောက်စီဂျင်ထဲမှာ
ကျွန်တော့်တစ်ရှုးတွေပါတာမှမဟုတ်ဘဲ . . . .
ဟိုး ဝေး ဝေး ကြီး က
ကြယ်မှုန် ကြယ်မွှားများ
ဖျော့တော့တော့အလင်းနဲ့  " ပလူတို " ကို
ဂြိုလ်ကြီးကိုးလုံးစာရင်းကဆွဲထုတ်လိုက်ကြတယ်
ကြာရင် . . .
ကျုပ်တို့ လည်းစာရင်းဝင်ပါ့တော့မလားဘဲ . . . . .
မောဟကိုစီးပြီးအတ္တကဒုန်းစိုင်း
ကမ္ဘာအနှံ့ ခြေဆန့် နေတဲ့ 
ရယ်ဒီမိတ်ဘွဲ့ ခံ " ပီဆိုက်ကျီးလ် " တွေဟာ
ပေဖူးလွှာပေါ်အပြိုင်အဆိုင်လေလံ
၂၁ ရဲ့ လမ်းမတွေကိုဆွဲဆုတ်
ဝိုင်ချိုချိုကို ထမင်းရည်ပူလုပ်လို့ 
အလှကုန်ဟာ ဘ၀ကုန်ဖြစ်သွားပါရော . . . . .
နှာခေါင်းသွေးအပျက်ပျက်နဲ့ 
ပလက်ဖောင်းကိုဖျက်
အနုပညာကိုမျက်မှန်နဲ့ ဝယ်တပ်မှတော့
စိန်စီသောတေးတစ်ပုဒ်ထက်
ကိုယ့်ဂျင်းပန်အစုတ်လေးကိုပို
" မိန်ရာဟင်းကောင်း ခင်ရာဆွေမျိုး "
ဘယ်လိုတံဆိပ်တပ်တပ် နောက်ဆုံးတော့လည်း
မျက်မမြင်တစ်ယောက်ပါဘဲ . . . . .
မှော်မအောင်တဲ့ မြို့ မှာ
ကဗျာတစ်အုပ် ဘိလိယက်ခုံအောက်ရောက်နေကြတယ်
ကိုယ်ရည်သွေးတီးလုံးတွေဖြန့် ခင်း
စောင်းညှို့ ရှင်နဲ့ စစ်ခင်းရင်း
လူကြီး လူကောင်း ပါလို့ ပြောတဲ့လူတွေထဲ
သူတို့ တွေကရှေ့ ဆုံးကပေါ့ . . . . .
အဖြေမရှိတဲ့ မေးခွန်းမှာ
ကျွန်တော်ကစာစစ်သူပါ
အဲဒီတုန်းက ကျွန်တော်မြင်ဘူးတဲ့ သွေးအမျိုးအစားက
ခုထိကမ္ဘာပေါ်မှာမရှိသေးဘူး
လက်ငါးချောင်းနဲ့ ဆုပ်ကိုင်နိုင်တဲ့ အရာတစ်ခုဟာ
မတရားမှုတွေကိုအကြီးအကျယ်အားပေးေ
ဘယ်ရောက်ရောက်ဒီစိတ်တွေမွေးနေမှ
လေယဉ်ပျံမပြောနဲ့  စက္ကူစွန်တောင်တော်တော်ကြိုးစား
ဝေးကွာတဲ့ အရပ်ကိုတိမ်းရှောင်ချင်ပေမဲ့ 
ဒီလေထုညစ်ညမ်းမှုမှာ ကိုယ်ကလည်းပိုရူးခဲ့ တာကိုး . . . . .
မြေဆီလွှာမပြည့်မှတော့
ဘာစိုက်စိုက် ကျောက်ပတ်တီးဘဲထွက်မယ်
အရိုးထူနေတဲ့ ခြေသလုံးအိမ်တိုင်ကို
ဘယ်လက်ဖြောင့်တပ်သားမှချိန်ပစ်
အချိန်ကုန်တယ် . . . . .
ဆူးညှောင့်တွေမှာနုလောက်စရာပြကွ
သူတို့ အသားကဖြောင့်တန်း ရိုးစင်း ထက်ရှကြတယ်
လူတွေထဲမှာတော့ ကျွန်တော်အတု ခင်ဗျားအတု
ကာရန်အတု မော်ဒန်အတု ကဗျာအတု စာအတုနဲ့ 
ဝမ်းမန်းရှိုးအတု ဖော်ရှိုးအတု ပြပွဲအတုတွေနဲ့ 
အတုတွေထဲမှာ " ထု " ထုနေကြတယ် . . . . .
တစ်ယောက်မျက်လုံးတစ်ယောက်ကြည့်
" အိုက်အိုဒင်း " ချို့ တဲ့ နေတဲ့ စာရိတ္တချင်းဖလှယ်လိုက်ကြတယ်
ဒီမြင်ကွင်းကိုမြင်နေရမှတော့
" လေထန်ကုန်း " ကိုလည်းအားနာတယ် . . .
" တာရာမင်းဝေ " ကိုလည်းအားနာတယ် . . .
" မောင်ချောနွယ် " ကိုလည်းအားနာတယ် . . .
" မိုးစက်အိမ် " ကိုလည်းအားနာတယ် . . .
သရုပ်မှန်ဝတ္ထူတစ်ပုဒ်ကို
ဒီပန်းချီကားမှာရှာမတွေ့ မိဘူး
အိမ်မက်အသေတစ်ပွဲရဲ့  မိုက်မဲမှုဆိုရင်လည်း
စည်းပြင်ကနေ တယောခပ်ပါးပါးထိုးပေးနေပါ့မယ် . . . . .
တစ်ခါတစ်လေ . . .
ခံစားမှုထက် အသည်းနှလုံးကို
ဘက်လိုက်ကြတတ်ရဲ့ 
ရှိစေတော့
ခင်ဗျားတို့ အောက်စီဂျင်ထဲမှာ
ကျွန်တော့်တစ်ရှုးတွေပါတာမှမဟုတ်
ဟိုး ဝေး ဝေး ကြီး က
ကြယ်မှုန် ကြယ်မွှားများ
ဖျော့တော့တော့အလင်းနဲ့  " ပလူတို " ကို
ဂြိုလ်ကြီးကိုးလုံးစာရင်းကဆွဲထု
ကြာရင် . . .
ကျုပ်တို့ လည်းစာရင်းဝင်ပါ့တော့မလားဘဲ . . . . .
23 comments:
ဟုတ်ပါတယ်...ဟုတ်ပါတယ်...
ထောက်ခံပါတယ်ဗျို့....
တစ်ယောက်မျက်လုံးတစ်ယောက်ကြည့်ရင်း
" အိုက်အိုဒင်း " ချို့ တဲ့ နေတဲ့ စာရိတ္တချင်းဖလှယ်လိုက်ကြတယ်
အဲဒီစကားလုံးကိုတေါ့ ခိုက်တယ်ဗျာ...။
ညီရေ..
မြင်သမျှတွေကတော့ အားနာတတ်ရင် အားလုံးအတွက် အားနာစရာတွေချည်းပါဘဲ။ ဒါပေမဲ့ အဲဒီမြင်ကွင်းတွေထဲမှာ အစ်ကိုတို့တစ်တွေလဲ ပါသွားကောင်းပါသွားနိုင်ပါတယ်။
စာသားတွေကတော့ ထိမိတယ်နော်..
ဒီမြင်ကွင်းကိုမြင်နေရမှတော့
" လေထန်ကုန်း " ကိုလည်းအားနာတယ် . . .
" တာရာမင်းဝေ " ကိုလည်းအားနာတယ် . . .
" မောင်ချောနွယ် " ကိုလည်းအားနာတယ် . . .
" မိုးစက်အိမ် " ကိုလည်းအားနာတယ် . . .
တကယ်ပါ..ကျွန်မရေးတဲ့ ကဗျာလေးတွေတောင် အားနာသလိုလို ဖြစ်သွားတယ်။
စလုံးလေးတွေ ကောင်းလိုက်တာ..။
မိုးစက်ရေ........ ကဗျာတွေ လာဖတ်တိုင်း ကာရံတွေနဲ့ ခြံရံထားတဲ့ ဒီကဗျာပန်းခင်းထဲက မထွက်ချင်အောင်ပါပဲ။ ကဗျာရေးတဲ့ နေရာမှတော့ တကယ့်ကို တော်ပါပေတယ်။
ခင်မင်လေးစားလျှက်
ကဗျာတွေ ပိုကောင်းလာသလားလို့... :P
ပျော်ရွင်ပါစေ
ခွန်သဒ္ဒါ
မိုးစက်ရေ..ထုံးစံအတိုင်း (၄) ခါဖတ်သွားတယ်.. နားလည်သယောင်ယောင်ဖြစ်လာပီ..း)
O.O WOW!!
ခရေညိုက တော့ Blogger.com ကိုအားနာတယ်။
မိုးစက်ရေ...
ဒီလို စာလုံးအားကောင်းတဲ့ နိမိတ်ပုံတွေနဲ့ ကဗျာတွေကိုဖတ်ရင်းတွေးကြည့်ရတာတွေကို အစ်ကို့အတွက်ကတော့ ဘာခံစားမှုနဲ့မှမလဲနိုင်သလိုပဲဗျာ...။
(လင့်ခ်ယူသွားတယ်...။ အမြဲလာဖတ်လို့ရအောင်ညီလေးရေ...း))
ခင်မင်တဲ့
ဏီလင်းညို
ကိုမိုးစက်ရေ အားနာပါတယ် . . . . . ကဗျာလေးကောင်းလွန်းလို့
ဟုတ်ပါ့ “ထိ” “မိ” “မှန်”လိုက်လေ...။
ခင်မင်စွာဖြင့်
မိုးငွေ့
ကဗျာကလန်းတယ်ဗျို့ မစပ်တတ်ပေမယ့် သူများတွေ ရေးထားရင် အားကြီးရေးချင်တာပဲ
ပလူတိုတော့ မသိဘူး။ ဒီနိုင်ငံမှာတော့ ကျုပ်တို့တွေ စာရင်းမဝင်တာ ကြာနေပီ။
ဟုတ်ပါ့ဗျာ .... တမျိုးမျိုးနဲ့ အပတ်တကုတ် အားထုတ်ရ အုံးမှာပေါ့ ... ကဗျာလေးကို စိတ်ကြိုက် ဘာသာပြန်သွားလိုက်တယ်ဗျာ
ဒီကဗျာကိုကြိုက်တယ် ...
မြေဆီလွှာမပြည့်မှတော့
ဘာစိုက်စိုက် ကျောက်ပတ်တီးဘဲထွက်မယ်
အရိုးထူနေတဲ့ ခြေသလုံးအိမ်တိုင်ကို
ဘယ်လက်ဖြောင့်တပ်သားမှချိန်ပစ်မနေဘူး
အချိန်ကုန်တယ် . . . . .
ကိုမိုးစက်အိမ် ရေ မိုက်တယ်ဗျ..
ကဗျာလေးက တော်တော့်ကို လန်းတယ်။ ဘယ်လို ချီးကျူးရမှန်း မသိအောင်ကို ကောင်းတယ်။
အိန်ဂျယ်ကတော့... ဘယ်သူ့အားနာရမှန်း မသိဘူး။
ဟိဟိ..အားနာလိုက်တာအချစ်ရေ..ဆိုပြီး လှည့်ပြန်ရမလိုပဲ။ အဟဲ
ကိုမိုးစက်ရေ... ကဗျာလေးက အပီကိုလန်းတာ။ တကယ်။ ကြိုက်တယ်။
ကဗျာဖတ်ပြီး အားလုံးကို အားနာသွားတာပဲ။ ကဗျာလေး ဆန်းဆန်းလေးနဲ့ ကောင်းတယ်။
ကဗျာအဟောင်းလေးတွေက အသက်ဝင်နေတုန်းဘဲ ညီရေ။ စကားလုံးတိုင်းကို ဖြေးဖြေးလေး တစ်စစီ ဖတ်သွားပါတယ်။ တကယ်ကောင်းတဲ့ သံစဉ်တွေလိုပါဘဲ။
ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)
Post a Comment