နက္ခတ်မှားတဲ. ညမှာ
ငါဘယ်လို ချစ်ချစ်
" ဆေးပေါင်းခတဲ.ည "မဖြစ်ဘူး - - - သေချာတယ်
ဒါမင်းဘ၀ ...
ငါ ... R@CkEr မဟုတ်
ဒါပေမဲ.
ရင်တော. ပြင်းပြင်းခုန်တယ်
အသက်ရှုမမှားအောင်
ကာကွယ်ဆေးထိုးထားတယ် ...
ဝေဟင်ပစ် အပြင်းစား
သံစဉ်တွေမကြိုက်လို.
အသဲကွဲ မျက်မှန် တော.
ဝယ်မတပ်ဘူး ...
ဒါတောင်မှ
တွန်းတိုက်ပြီး
" နဲ." စေမယ်ဆိုရင်တော.
နေနှစ်စင်း ပြိုင်ပွင်.မှ
ငါ.နှလုံးသားကို
အခမ်းနားဆုံး
သဂြိုလ်လိုက်မယ် .....။.....။
26 comments:
111111111111111111111111111111
22222222222222222222222
33333333333333333333333333
44444444444444444444444
5555555555555555
66666666666666666
ဖတ်လိုက်ဦးမယ်နော်။ ပြီးမှမန့်တော့မယ်။
ဒါနဲ့စကားမစပ် အသဲကွဲမျက်မှန်ရှိတယ်ပေါ့လေ။ အဟိ
ခင်မင်လျှက်
ညီမလေး ပါးလုံး
မာမီမိုးရေ ပြန်ပီ
နက္ခတ်မကောင်းတော့ဆေးပေါင်းမခတော့
ဘူးပေါ့တဲ့..မချစ်မိအောင်ကာကွယ်ဆေးထိုး
လို့လဲမရဘူးလေ...အသဲကွဲတဲ့ခံစားချက်တော့
ဘယ်သူလိုချင်ပါ့မလဲ..နှလုံးသားကိုတော့
မသဂြိုလ်လိုက်ပါနဲ့..တန်ဖိုးထားတတ်တဲ့သူ
လက်ထဲရောက်ရင်တန်ဖိုးရှိသွားမှာပါ..
ခင်တဲ့
မမကြယ်ဖြူစင်
ဆေးပေါင်းခတဲ့ညတောင်ရောက်တော့မယ် ဒီတခါတော့ နက္ခတ်တွေမမှားတော့ပါစေလေ။:P
ညီ့ကဗျာတွေ မဖတ်တာကြာသွားပြီလေ။ ကဗျာကောင်းလေးတွေ လာငေးမိတယ်။
ပျော်ရွှင်ပါစေညီမိုးစက်ရေ။
ပလုံးတော့ကွာ လွန်တယ်
အဟီး
ကိုမိုးစက်ရေ လွန်တယ်ဟုတ်
ပြောမပြောချင်ဘူး ခေါင်းလိုက်ခေါက်အုန်းမှ
သူ့ အိမ်လိုက်ပြီး ခေါင်းခေါက်လိုက်မယ် အဟတ်
နေနှစ်စင်းပွင့်မှ အခြောက်မြန်မှာလေ
ပလုံးတော့ကွာ လွန်တယ်
အဟီး
ကိုမိုးစက်ရေ လွန်တယ်ဟုတ်
ပြောမပြောချင်ဘူး ခေါင်းလိုက်ခေါက်အုန်းမှ
သူ့ အိမ်လိုက်ပြီး ခေါင်းခေါက်လိုက်မယ် အဟတ်
နေနှစ်စင်းပွင့်မှ အခြောက်မြန်မှာလေ
ဘုရားဘုရား နေနှစ်စင်းထွက်ထိ ဒီအတိုင်းထားမလို့လား...မာမီမိုးရ.... အဟတ်.. (တာယာဘီလူး...)တော်နေ အနံတွေ ထွက်နေမယ်...
(ကဗျာလေးက တော်တော်မိုက်တယ်...နောက်လဲဆက်ရေးပါ..
ရေးချက်တွေလန်ထွက်နေတယ်...)
အပြင်းစားပေါက်ကွဲသံစဉ်တွေပါလားဗျို့ 
ပေါက်ကွဲအား ၁၅၀၀ ဗို့ တ်
ထင်တယ်
ရေးချက်တွေကောင်းတယ်ဗျာ
အားပေးနေမယ်
ဝသန်မိုး
လာဖတ်သွားတယ်
ကဗျာလေးက..မာန်အပြည့်ပဲ။ မိုက်တယ်။
တော်တော်ဆိုးတဲ့ ချုံးပလစ်ပဲ
ကျေနပ်ဘူးကွာ..
ကောင်းလိုက်တာဗျာ.. ကိုမိုးစက်ရေ..
ကဗျာရေး သင်ရမလိုတောင် ဖြစ်နေပြီး..
ခိုင်းနှိုင်းရေးဖွဲ့မှုတွေက လန်ထွက်နေတယ်လို့ပဲ ပြောလိုက်တော့မယ်ဗျာ..
အသက်ရှုမမှားအောင် ကာကွယ်ဆေးရှိတယ်လား။
ရှိလဲနည်းနည်းပေးလေဟာ။
အသဲကွဲမျက်မှန်လဲရှိတယ်လား။ ဒါဆို ခုငါက အဲမျက်မှန် ၀ယ်တတ်လိုက်မိပြီနဲ့ တူတယ်။ ပြန်ချွတ်မှ။
နေနှစ်စင်းပြိုင်ပွင့်မှ နင့်နှလုံးသားကို အခန်းနားဆုံးသဂြိုလ်မယ်ဆိုတော့ ပိုပြီးခမ်းနားအောင် ငါက ပန်းခွေပါလာချပေးမယ်။
ဟေးးးးးးးးးးးးးးးးးးးးးးး
ပျော်လိုက်တာ
ဒီလိုခင်လို့ ဒီလောက်ရန်စသွားတယ်။
နင့်ကဗျာလဲ ပျက်စီးခြင်းများစွာနဲ့ ပျက်စီးသွားပြီ။
မကျေနပ်ရင် မုန့် ဝယ်ကျွေး
နှလုံးသား သဂြိုလ်လိုက်မယ် ဆိုတော့လူပါမသာဖြစ်သွားမှာပေါ့ ဟီး
ငါ ... R@CkEr မဟုတ်
ဒါပေမဲ.
ရင်တော. ပြင်းပြင်းခုန်တယ်
အသက်ရှုမမှားအောင်
ကာကွယ်ဆေးထိုးထားတယ် ...
ထိပါပေတယ်ဗျာ
ကဗျာလေး ကောင်းချက်။ စကားလုံးကာရံလေးတွေ လှတရ်ဗျာ။
ကဗျာလေးရဲ့ စကားလုံးတိုင်းက ထိထိမိမိ ရှိတယ်... ဖတ်လို့ကောင်းတယ်
ကဗျာကောင်းလေးတပုဒ်
ကို ခံစားသွားပါတယ်....
ညီရေ... နက္ခတ်တွေမှားပြီဆိုမှတော့ မဟာသြသဓလဲ ဆေးစွမ်းထက်နိုင်မယ်မထင်တော့ဘူး။
ရင်ခုန်သံအတွက် ကာကွယ်ဆေးမထိုးပါနဲ့။ ရင်ခုန်သံပြင်းလေ သံစဉ်လေးတွေတက်ကြွလာလေဖြစ်တတ်လို့ပါ။
မကြိုက်တိုင်း ကွဲအက်တာဟာ သိပ်အဓိပ္ပါယ်မရှိသလို နှလုံးသားကိုလဲ မသေစေချင်ပါဘူး။ နေနှစ်စင်းထွက်မဲ့ရက်က အတော်စောင့်ရဦးမှာ မဟုတ်လား။
ဖြစ်လိုရာဖြစ်ခြင်းဖြင့် ကြည်နူးနိုင်ပါစေ ညီ။
ကဗျာကောင်းလေးတပုဒ်....
ဘယ်လိုရေးရေး လှနေတာပဲ =)
သဂြိုလ်စရာ နှလုံးသားလည်းမရှိဘဲနဲ့....အဟတ်..ဟတ်...ဟတ် :P :D
ကဗျာလေးကောင်းတယ်။
စာသားလေးတွေက လှတယ်..။
Post a Comment