ချွဲပစ်ပစ် ရင်ခုန်သံကြောင်.
လော.ဂျစ်တွေ ပျောက်တဲ.ညမှာ
ကြိုးပျောက် ဂီတာနဲ.
" စိန်ခြူးကြာညောင် " ကို
တစ်ကွက်ပိုတီးမိခဲ. တယ် ...
အနမ်း တိတ်တခိုးတွေကြားမှာ
နာရီတွေက " ဂျောက်ဂျက် " " ဂျောက်ဂျက် "
အိမ်မက်တွေ ဂရောက် ဂရက်နဲ.
" ဆဌမအာရုံ " ပါပျောက်ခဲ.တယ် ...
" သတ္တမမြောက် ဖန်ဆင်းခြင်း "
ခရမ်းလွန် အလင်းတန်းရဲ.
ဘယ်ဘက်ရင်အုံမှာ
ထိုးစိုက်တဲ. ပတ်ပျိုးဟာ
" စုံနံ.သာမြိုင် " မဖြစ်ပါပရစေနဲ. ...
ကောင်းကင်အလွန် တမ်းချင်း
ချိုလွင်လွင် ဒိုင်ယာရီစာမျက်နှာမှာ
" ပန်းကိုးပွင်.ဒေ၀ီ " ရဲ.
အမုန်းမဲ. နှုတ်ခမ်းသားလေးနဲ.
ထာဝရ ... အဆုံးမဲ.
အနမ်းသင်. ကျိန်စာမိပါရစေ .....။.....။
ဆာကူရာပန်းတွေကို ချစ်လို့ တက်တူးထိုးထားတဲ့ မေလေး
6 hours ago
27 comments:
(" ပန်းကိုးပွင်.ဒေ၀ီ " ရဲ.
အမုန်းမဲ. နှုတ်ခမ်းသားလေးနဲ.
ထာဝရ ... အဆုံးမဲ.
အနမ်းသင်. ကျိန်စာမိပါရစေ .....)
ကျိန်စာတော့..အမိမခံပါနဲ့ ..ရှင်..
စာသားလေး.တွေ..လှတယ်..း)
ကိုမိုးစက်အိမ်လည်း ကိုကြီးအငဲကို အားကျမခံ ကဗျာဖွဲ့ပြစ်လိုက်တာကိုး...
yu ya
ကဗျာချိုချိုလေးကို......
ခံစားသွားကြောင်းပါ.....
ဒီလို ကျိန်စာမျိုးတော့ ချစ်တတ်သူတိုင်း မိချင်မှာပဲနော်။
ကဗျာလေးကို ကြိုက်ပါ၏။ ပန်းဒေ၀ီကိုလည်း ချစ်ပါ၏။ ...:) :)
ညီရေ ကဗျာလေးလာဖတ်သွားတယ်။နေကောင်းလားညီရေ။ပျော်ရွှင်ပါစေဗျာ။
ကိုမိုးစက်ရေ နောက်ဆိုကဗျာလေးတွေ မခံစားနိုင်တော့ဘူးဗျ
ကျော်ရခွရတာအဆင်မပြေတော့ ပြန်လာမှပဲ မဖတ်ဖြစ်တာကို အတိုးချဖတ်တော့မယ်
ဒီနေ့ တော့ ဖတ်သွားရလိုက်တယ်
နောက်တင်တဲ့ဟာလေးတွေ တော့ပြန်လာမှပဲ ဖတ်တော့မယ်
ခဏလေးခွဲခွာရအုန်းမယ် ရင်ထဲမချိလိုက်တာဗျာ
ကဗျာလေးက လန်း နေတာပဲ..
ဆက်လက်ခံစားရေးသားနိုင်ပါစေ ညီငယ်ရေ..
ပန်းကိုးပွင့်ဒေဝီဆီက
အနမ်းကိုးပွင့်ယူလာတယ်နော်...
မပုတ်မသိုးအောင် ရေခဲသေတ္တာထဲထည့်ထားလိုက်နော်...
းးးးးး))))
နှင်း
ကိုမိုးစက်ရဲ့.. မော်ဒန် အရေးအသားတွေက ကောင်းတယ်ဗျာ..
စကားလုံးတွေကြွယ်တယ်..
စာတွေလည်း အရမ်းဖတ်နိုင်တယ်..
ကဗျာထဲက ခိုင်းချက်တွေကို လိုက်ဖတ်မယ်ဆိုရင် နှစ်ရက်လောက်ကို လိုက်ရမှာ..
ကျွန်တော့်အတွက်နော်..
တစ်ခြားလူမပါဘူး..
လေးစားစွာဖြင့်
စည်သူ။
ချွဲပစ်ပစ် ကရုံးပတီသီး ပါရင်ခုန်သံဟုတ်ပါဘူး
ခင်မင်စွာဖြင့်စသွားသည်
ကိုမိုးစက်အိမ်
မင်္ဂလာပါရှင်။ ပထမဆုံးအလည်ရောက်တာပါ။
ခွန့်ဆီလာလည်တာလည်းကျေးဇူးပါ။
ကဗျာတွေလည်းဖတ်သွားပါတယ်
နောက်လည်းလာလည်ပါအုံးမယ်။
ကဗျာကိုလာဖတ်ပါတယ် ကျိန်စာတော့မသင့်ပါရစေနဲ့ :P
ကဗျာလေးကြိုက်ပါတယ်။
အားပေးလျက်...
အိမ်မက်တွေ ဂရောက် ဂရက်နဲ.
" ဆဌမအာရုံ " ပါပျောက်ခဲ.တယ် ...
မပျောက်ပါဘူးဟ
အငဲဆီရောက်နေတာ။ ဆဌမအာရုံက။
ဒီလိုရန်စသွားတယ်။ အရမ်းခင်လို့ ။
း)
ကဗျာကောင်းတစ်ပုဒ်။
ဖတ်လိုက်ရတော့။
ကျေနပ်စွာ။
ပြုံးလျှက်။
အိမ်ပြန်သွားပါပြီရှင်။
ခင်တဲ့
ဂျာမုန်း
ကိုမိုးစက်ရေ ကဗျာတွေကတော့ လန်းပြီးရင်းလန်းပဲဗျို့  ဘယ်တော့ရေးရေး ဖတ်လို့မိနေတာပဲဗျ ... ချစ်ရင်း ကျိန်ရင်း .. ချစ်ရင်း ကျိန်ရင်းနဲ့ ... အကျိန်လေးတွေ နည်းနည်း လျှော့ပါအုံးဗျ
ကိုဇော်
ကိုစက်ကတော့လုပ်တော့မယ်။ စိတ်ခြူးကြာညောင် ဟုတ်ဝူးလား။ ဟိဟိ။ ကျနော်လဲ မှတ်မိဝူး။ ရမ်းတုတ်နေတာ။ =P
ကိုစက်ဆီမှာ အထူးခြားဆုံးက ကဗျာနဲ့ ဓါတ်ပုံတွေနဲ့ တွဲတာကို ကာရံညီအောင် သေသေသပ်သပ် တွဲတာပဲ။ ကျနော်သိပ်ကြိုက်တာ။ =)
ကဗျာလေးက နုညံ့လွန်းနေတယ် မိုးစက်ရေ.....
တော်ပါပေတယ်
အားပေးလျှက်ပါ
နှင်းဟေမာ
စကားလုံး အဖွဲ့အနွဲ့လေးတွေ အရမ်းလှတယ်
ညီရေ
အဲဒီလို ကျိန်စာမျိုးတော့ လူတိုင်း မိချင်ကြမယ်ထင်ပါရဲ့ ။
အဆင်ပြေပါစေ ညီ။
ပွလေးရေ...ကဗျာက လန်ထွက်နေတယ်....
စပ်လဲစပ်တတ်ပါ့....လေးစားတယ်...
ဟိုဦးကိုကိုမောင်ကလဲ အဲလိုသိပ်မလိုချင်ရှာဘူး ...ဟိဟိ
:P ဖွခဲ့လိုက်တာ...
ပွလေးရေ ကဗျာလေး အရမ်းကြိုက်တယ်
ချွဲပစ်ပစ် ရင်ခုန်သံကြောင်.
လော.ဂျစ်တွေ ပျောက်တဲ.ညမှာ
ကြိုးပျောက် ဂီတာနဲ.
" စိန်ခြူးကြာညောင် " ကို
တစ်ကွက်ပိုတီးမိခဲ. တယ် ...
အားပါး....တယ်မိုက်ပါလား
ကဗျာလေးတွေလာဖတ်သွားပါတယ် မိုးစက်ရေ။
ကျန်းမာပျော်ရွှင်ပါစေ။
တော်လိုက်တာ ကိုမိုးစက်ရေ... ကဗျာလေးတွေကို ပုံနဲ့တကွ ရှင်းပြထားလို့ ဟိဟိ။။။။
ပိုပြည့်စုံတယ် အဟုတ်ပြောတာ။ အဲဒီ ကျိန်စာမျိုး သင့်စမ်းပါစေလေ။ ဟဲဟဲ
ဝါးးးးးးးးးးးး မိုးစက် ကဗျာလေးက နုနေတာပဲ။ ကောင်းတယ်ဟ။
Post a Comment