" မှော်ဆရာ ရဲ. ချစ်ပုံပြင် "
မှော်ရုံတော
ဝင်္ကပါလမ်းကို
ခြေဆန်. ရင်း
" အနောက်ဘက်သို.
ခရီးသွားခြင်း " ကို
ဖတ်နေမိတယ် ...
" လေထန်ကုန်း " ရဲ.
ငြိမ်သက်မှု ကိုကြည်.ရင်း
" ThE eRrOw & tHe SoNg ကို
သတိရမိသွားတယ် ...
အချစ်ကို စားတဲ.
အချစ်က အကြွင်းမရှိတဲ.
ဒီတိုင်းဆို ငါ.နှလုံးသားလေးတော.
ရုပ်ကြွင်းသစ် ဖြစ်တော.မယ်ထင်ပါရဲ. ...
အတွေးတွေက
ပြတ်ရွှေ.တွေလို
ဟိုတစ်စ ဒီတစ်စ ...
မိုးပြိုမှသာ
ပြိုရော ...
ခပ်သည်းသည်းရွာနေတဲ.
မိုး နောက်မှာ
လေကတော. ဖြူးပါရဲ.
နေပူတာတော.
ကဗျာမဆန်ဘူးဗျာ .....။.....။
Subscribe to:
Post Comments (Atom)
16 comments:
WeSt tO tHe jOuRnEy ကမျောက်ကိုတော့ သွားတောင်ပြေးမြင်မိတယ်။
"The arrow and the song "(Poem)
I shot an arrow into the air,
It fell to earth, I knew not where;
For, so swiftly it flew, the sight
Could not follow it in its flight.
I breathed a song into the air,
It fell to earth, I knew not where;
For who has sight so keen and strong,
That it can follow the flight of song?
Long, long afterward, in an oak
I found the arrow, still unbroke;
And the song, from beginning to end,
I found again in the heart of a friend.
Henry Wadsworth Longfellow
ဒီကဗျာလေးကို အကိုလဲ ကြိုက်လွန်းလို့
မှတ်မှတ်ရရ ကူးထားတာ အတော်ပဲ။ညီပြောတဲ့ဟာလဲ ဒီကဗျာလေးပဲလားတော့မသိဘူး။
ဝေးးးးးးးးးးးး
နားမလည်ဘူနော်
လာရှင်းပြ
ကိုမိုးစက် နှလုံးသားကလဲ
အမျိုးမျိုးပြောင်းပဲပြောင်းနိုင်လွန်းတယ်နော်
ရုပ်ကြွင်းဖြစ်တာရော
ဒီမိုးကလဲပြိုပဲပြိုနိုင်လွန်းတယ်သိတော့ဖူးရယ်
နေပူရင် ထီးဆောင်းလေကွယ်..။
အဲ ကဗျာကို နားမလည်လို့ ရေးချင်တာရေးသွားတယ်။
စိတ်မဆိုးနဲ့ဗျို့....
သူမန့်လို့ ကိုယ်မန့်တာမဟုတ်
မန့်ချင်လွန်းလို့ မန့်သွားတာပါ :P :D
လေပြိုမှာ နေညှိစောင်းနေပြီ
သွားစို့ သယ်ရင်း အာတွေတောင်ခြောက်လှပေါ့
ဟိုးအပေါ်ဆုံးက ကိုချမ်းပြောသွားတဲ့ကဗျာက ကျနော်တို့ ဆယ်တန်းတုန်းက ကဗျာလေ။ ကျနော်သိပ်ကြိုက်တဲ့ကဗျာထဲမှာပါတယ်။ =]
ကဗျာလေးက စာကြောင်းရေတွေ တိုပေမယ့် အတော်လှတယ်နော် ကိုစက်။ =]
အတွေးတွေက
ပြတ်ရွေ့တွေလို
ဟိုတစ်စဒီတစ်စ
(ဖြစ်တတ်ပါတယ်)
အချစ်ကို အချစ်က စားရင် အကြွင်းမရှိဘူးတဲ့လား
ဒါကထပ်တူညီတဲ့ အချစ်မှဖြစ်မှာပါလေ...။
ချစ်ပြီးမှ ခံစားရတာတွေက အကြွင်းတွေများလား....။
ကဗျာဖတ်ပြီး အတွေးတွေများသွားပြီ...။
ကိုယ်တစ်ယေက်ထည်း မဟုတ်ဘူး
မိုးပြိုတော့အများပေါ့...
ဖြစ်ချင်တိုင်းဖြစ်
ပျက်ချင်တိုင်းပျက်နေတာ.. မဆန်းပါဘူး
လောက နိယာမလို့ပဲ ဆိုရမှာပေါ့
ဟိုတွေး.. ဒီတွေး
ဟိုရောက်.. ဒီရောက်
ဟိုဒါလုပ်.. ဒီဟာလုပ်
စိတ်ကစေခိုင်းတာထင်ပါတယ်
ဟဲဟဲ. အချစ်နဲ့တွေ့သွားပြီ
ရုန်းမရတော့ဘူးပေါ့..
...တွေးကြည့်လိုက်တယ်..
ပျော်ရွှင်ပါစေ
စည်သူ။
ဟုတ်ပ..ဟုတ်ပ
နေပူတာတော့ ကဗျာ မဆန်ဘူးဗျာ
43ံC လောက်ကျတော့ တော်တော်ကို ခံစားနေရတယ်
ပျော်ပါစေ...
မိုးစက်အိမ်ရေ လာတော့ဖတ်တယ် ဒါပေမယ့် ပြန်မပြောတတ်ဘူး :)
မှော်ဆရာရဲ့ အချစ်ဆိုမှတော့ ကဗျာက မှော်ဆန် လိုက်တာဗျာ။
နေပူမိုးရွာ ဆိုရင်တော့ အင်း .... သူခိုးလာနေဦးမယ်။
ခင်မင်လျက်
ခရီးသွားခြင်းကို ဖတ်နေတယ်ဆိုရင် ဆက်ဖတ်ပါ ညီ။ အနောက်ဖက်မှာ လွတ်လပ်မှုတွေ ပြည့်လျံနေလေရဲ့ ။ လေထန်ကုန်းဆိုပေမဲ့ တစ်ခါတစ်ရံ ငြိမ်နေတတ်ပါတယ်။ ဒါက သဘာဝပါ။ နှလုံးသားရုပ်ကြွင်းဖြစ်ချင်ဖြစ်ပါစေ အတွေးတွေကို ရပ်မတန့်လိုက်ပါနဲ့။ မုန်တိုင်းပြီးရင် လေပြေလေညှင်းလေးတွေ လာစမြဲပါဘဲလေ။
ပျော်ရွှင်ပါစေ ညီ။
ကဗျာမဆန်တဲ့ နေ ပူတာတောင် ကဗျာဆရာနဲ့တွေ့တော့ ကဗျာဆန်သွားလေတယ်ကွယ် ..
ကဗျာလေးကတော့ မိုက်ဆဲပါလား မိုးစက်အိမ်ရေ။ အချစ်ကိုစားတာ အကြွင်းမရှိဘူးတဲ့လား။ ဒါဆို စစ်မှန်လို့ပဲနော့။
အင်း
ဘယ်လိုပြောရမလဲ။ ဒီလိုဘဲပြောလိုက်တော့မယ်။
း)
အတွေးတွေက
ပြတ်ရွှေ.တွေလို
ဟိုတစ်စ ဒီတစ်စ ...
ထပ်ထည့်ပေးလိုက်တယ်။
အလွမ်းတွေက ဒီရေတောလို တဖြည်းဖြည်း မြင့်တတ်လာတယ်။
အဟဲ
နေပူတာ ကဗျာတော့မဆန်ဘူးပေါ့။ ဒါပေမယ့် အ၀တ်တော့ခြောက်တယ်။
အောင်မလေးနော်။ ရန်စမိပြန်ပြီ။
သူ့ ကဗျာကို ဖျက်လိုဖျက်စီးဆိုပြီး လာထုနေရင် ပုတော့မှာဘဲ။
ရန်စပြီးတော့ ပြေးပြီရှင်။ မကျေနပ်ရင် မုန့် ဝယ်ကျွေး။
ဒါဘဲ။
း)
Post a Comment