" အချစ်ပင် "

|



တန်ဖိုး ဖြတ်လို. မရဘူး
ဝယ်ယူခဲ.တာ မဟုတ်လို. .....
ကျေးဇူးတင်စရာ မလိုဘူး
တောင်းယူ ခဲ.တာမဟုတ်လို. ....
ရင်ကိုမြေကြီး
နှလုံးသား ကိုမြေသြဇာ
နှလုံးသွေး ကိုငါကိုယ်တိုင်လောင်းလို.
ဒီအချစ် ပင်ကို
ငါ ကိုယ်တိုင် စိုက်ခဲ. တာပါ ....

21 comments:

Anonymous said...

နဒီမိုးညို said...

အချစ်ဥယာဉ်မူးကြီး..အချစ်သစ်ပင်က
အသီးသီး..နေပြီလား..း)

မယ့်ကိုး said...

အချစ်ပင်လှလှလေးကို လာငေးပါတယ်။ :)

Ree Noe Mann said...

ရင် ၊ နှလုံးသား ၊ နှလုံးသွေး တွေပေါင်းထားတဲ့
ညီလေး အချစ်တွေ အေးမြပါစေ ညီလေး

ကိုရီနို

rose of sharon said...

သြော်ဒါကြောင့်အချစ်ပင်လေးက ပြိုင်ဘက်မရှိလှနေတာကိုး

ကျောပိုးအိတ် said...

သြော်

စိုက်ခဲ့တဲ့ သစ်ပင်လေးရဲ့ အခြေနေ။
ကောင်း
သင့်
ညံ့။

ဘာလို့ လဲဆိုတော့ ရင်းနှီးထားတာတွေ များနေလို့ ။

သူကြီးမင်း (တုံးဖလား) said...

ညီရေ..
သူချစ်ဆိုပေမဲ့ ချစ်သူဖြစ်သွားကြရင် အပြန်အလှန်နားလည်ပြီး အသက်နဲ့ရင်းလို့ အနာဂါတ်ကမ္ဘာလေး အတူတူတည်ဆောက်ဖြစ်ကြမှာပါ။

ပျော်ရွှင်ပါစေ ညီ။

လင်းကြယ်ဖြူ said...

အဲ့ဒီ့အချစ်သစ်ပင်ကြီးမှာ
ကြင်နာမှုအသီးတွေ တထောကြီး သီးနိုင်ပါစေ

ဇော် said...

အချစ်သစ်ပင်က ဘာပန်းပွင့်မှာလဲဟင်
ကိုစက် ။

Beauty Studio USA Branded Store said...

"အချစ်သစ်ပင်လေး"မှာ
အချစ်သီးတွေသီး
အချစ်ပွင့်တွေပွင့်
အချစ်ငှက်လေးတွေနားခို
အချစ်သံစဉ်ချိုတွေကိုသီကျူး
အား........
ဘယ်လောက်များ
ပျော်စရာကောင်းလိုက်မလဲနော်ညီလေရေ။
ချစ်သစ်ပင်လေး နွေရာသီ သစ်ပင်ခုတ်တဲ့ အဖွဲ့နဲ့မတွေ့ပါစေနဲဗျာ။:P
ပျော်ရွင်ပါစေညီရေ။

ဆောင်းယွန်းလ said...

အမြဲတမ်းလန်းနေမယ့် အချစ်ပင်လားညီလေး
မိုက်တယ်..မိုက်တယ်
သခင်ပျိုးတဲ့ပန်း
သခင့်အနမ်းနဲ့ပဲ နွမ်းပါရစေပေါ့

ခြေလှမ်းသစ် said...

မိတယ်ဗျာ အချစ်ဒသနလေးတွေ.. ဒီအချစ်ပင်ကြီးမှာ အထက်ကလူတွေပြောသွားတဲ့အတိုင်း အသီးတွေ တထောကြီး သီးနိုင်ပါစေဗျာ... ဒါပေမယ့် ပေါင်းသင်ဖို့ နဲ့ ပိုးလောင်းတွေရန်ကလဲ ကာကွယ်အုံးနော် ကိုမိုးစက်..

မြစ်ကျိုးအင်း said...

အချစ်ပင်လေးပိုးမကျဘို့တော့ ကာကွယ်ရမယ်ဗျ...။
ကိုယ်စိုက်ခဲ့တဲ့ အပင်လေးရဲ့ အသီးအပွင့်တွေကို ကောင်းမွန်စွာ ခံစားနိင်ပါစေဗျာ..။

ဂျာမုန်းဒန် said...

အချစ်ပင်
အရမ်းကိုကြိုက်စားသွားပါတယ်

poemflower said...

အချစ်ပင်က အရမ်းလှတဲ့ ပန်းများ ပွင့်ဖူးဝေဆာလန်းဆန်းပါစေ ရှင်

သုခုမလေဒီ said...

အချစ်သစ်ပင်တွေ သိပ်မစိုက်နဲ့ ။
ရှင်သန်အောင်ရေတွေလည်းသိပ်မလောင်းနဲ့ ။
ကြီးထွားလာရင် အရိပ်မရပဲ အကိုင်းပြုတ်ကျမှ ဒုက္ခ။း)
နောက်တာပါ။ အဆင်ပြေပျော်ရွှင်ပါစေ။

စည်သူ said...

သြော်............

အချစ်ပင်တဲ့
ကိုမိုးစက်တို့ကတော့ ဟုတ်တာပေါ့လေ
ခံစားသွားတယ်ဗျာ...

တားတားကျတော့..း( ..ပြောတော့ဘူး........

တလနွန် said...

ရင်မှာပျိုးတဲ့ အချစ်သစ်ပင် လန်းဝေဖြာနိုင်ပါစေ ညီ။

ခင်မင်ခြင်းနှင့်
တလနွန်

ဧရာဝတီသား said...

ကိုယ်တိုင် စိုက်တဲ့
အချစ်ပင်
ပေါင်းကိုယ်တိုင် သင်ပြီး
အချစ်သီးတွေ စားလို့
ဥယျာဉ်မှုး ကြီးပွားပါစေ။

(ကြီးပွားရင် မမေ့နဲ့နော် .. ဟဲဟဲ)

မိုးခါး said...

အချစ်ပင်လေး ထာဝရ စိမ်းလန်းပါစေ ...း))

desertraindrops said...

ကဗျာလေးကောင်းတယ် မိုးစက်ရေ။ စိုက်ပျိုးထားတဲ့ အချစ်သစ်ပင်လေး အခုဆို ရှင်သန်နေပြီလား။ သေချာရေလောင်းပေါင်းသင်ပေးပေါ့နော်။ အချစ်သစ်ပင် အမြဲ စိမ်းလန်းနေပါစေ။