ရှုပ်ရှုက်ခတ်နေတဲ.
" သောတအာရုံ " ကြားမှာ
ရှိုက်သံ ပြင်းပြင်းတွေနဲ.
" နိစ္စဓူဝ " ကိုဖြတ်သန်းရင်း
နေ၀င်တာတောင် ကဗျာမဆန်နိုင်သော
ခပ်ကျဉ်းကျဉ်း ကမ္ဘာ. ရွာလေးတစ်ခုမှာ
ခါးမှန်းသိသော ကော်ဖီပူပူတစ်ခွက်ကို
သကြားမထည်. နိုင်သော
သူမ ...တိတ်ဆိတ် ငြိမ်သက်ခြင်းကို
ဂီတလို စီးမျောရင်း
ခပ်ဖွဖွ ပြုံးလိုက်တဲ.
မခို.တရို. ညင်သာမှုနောက်မှာ
ပွင်.လင်းခြင်း အိမ်မက်တွေကို
ကဗျာဆန်စွာ ရွတ်ဖတ်နေတတ်သော
သူမ ...ရင်.ကျက်ခြင်း ရေသောက်မြစ်ကို
ဥပက္ခာပြု နမ်းရှိုက်ရင်း
မာယာတွေ ရှင်းတဲ.
စကားလုံး အဘိဓာန်တွေအောက်မှာ
ကာရန်မဟန် ကဗျာမဆန် တဲ.
ငယ်ဘ၀ရဲ. တိတ်တခိုးသံစဉ်များကို
မနားတမ်း ပြန်လည်တီးခတ်ရင်း
" က " ကွက်ဆန်းများဖြင်.
မျက်ဝန်များကို ညင်သာစွာ
လှုပ်ခတ် နှိုးတတ်သော
သူမ ...အိမ်မက်စေတမန် နဲ.
အိမ်မက် ဗိမာန် ရဲ.
ဆက်သွယ်ချက်ကို
ကောင်းစွာ မသိပေမဲ.
ဝါကျတွေ အဆုံးမှာ
အပြုံးတွေ ထပ်နေတတ်သော
ပန်းနုရောင် အိမ်မက်သခင်မ ...အိမ်မက် အပိုဒ်ခွဲ များစွာတိုင်
ရာစုသစ်ရဲ. နယ်မြေသစ်များစွာကို
သိမ်းပိုက် ရှင်သန်းရင်း
တစ်နေ.မှာ ...
စစ်ကိုင်းလမ်းမှ ပြန်လာနိုင်ပါစေ .....။.....။
ကျွန်တော်. ဘော်ဒါကြီး
မက်မက် ( Dream Blog ) ကမွေးနေ. အမှတ်တရလေး
ရေးပေးဖို.ပြောလာတဲ. အတွက် အတတ်နိုင်ဆုံး ကြိုးစားပြီး ရေးပေးလိုက်ပါတယ်
ဘော်ဒါကြီး
မက်မက် ကျေနပ်လိမ်.မယ်လို. မျှော်လင်.ပါတယ် ခင်ဗျာ ....