
မဟူရာညရဲ.
တိတ်တဆိတ် မျက်ဝန်းမှာ
မိုးရိပ်မိုးသား တွေကဝေ.၀ဲလို.
နာကျင်ခြင်း မိုးစက်တွေကို
အဖော်ပြုရင်း ခုဆို ...
အရုဏ်တောင် ကျင်းခဲ.ပြီ ...
တိုက်ပွဲ ခေါ်သံကြားမှာ
တုန်ရီရီ ခြေလှမ်းတွေက
သေမင်း ရှုံးတဲ.
လောင်းကစားလား ...
ကြယ်တွေလည်း
" ကြွေ " ရတာများတော.
ကောင်းကင်တောင်
ငိုတတ်နေပြီ ...
" ဖြတ် ၊ ညှပ် ၊ ဆက် "
ရင်ခုန်သံ ကမ္ဘာမှာ
တိမ်စိုင်ဖြူ တွေစီးရင်း
ငွေ.ရည်တွေ ဖွဲ.သီပြီး
" မိုး " အဖြစ်ရွာချလိုက်တာ
နွေခေါင်ခေါင် မှာ
" အလွမ်း " ကိုသည်းရော ....။.....။