" အမှတ်တရ "

|


ဆိုးဆေးတွေနဲ. လှနေတဲ.ခေတ်မှာ
ငါ. " နှင်းဆီဖူးလေး " က...
ဆိုးဆေးတွေ ဆိုးချင်လဲ
ငါကတော. ချောင်းဆိုးမှာ
မကြောက်တော.ဘူး .....

" ပေါက်စီတစ်လုံး "ရဲ.
ရင်ခုန်သံ ကို...
ငါနားလည်ခဲ.တယ်ဆိုရင်
ရူးတယ်ပြောကြမလား????? .....

နှုတ်ခမ်းတွေစူ...
ပန်းတွေ ထူတဲ.လမ်းမှာ
ကြာတော.လဲ...
" I Hate U " တောင်
ချစ်တတ်နေပြီ .....။.....။

13 comments:

အိုက်ခီလောက် said...

ကဗျာလေးတွေ ကောင်းတယ်နော်
အိပ်မရတော့လို့ ထပ်လာတယ်
လာတော့ အရစ်ရှည်မိပြန်ပြီထင်တယ်
အားနာလိုက်တာ
အဲ့လိုမထင်ပါနဲ့ လို့ သောက်လိုက်ကန်းဆိုးမသိ
အိမ်လည်နေတာ အဟတ်
နောက်လည်းလာမယ်နော်

Anonymous said...

ကဗျာလာဖတ်သွားတယ်
အစဉ်ပြေပါစေ

တလနွန် said...

ကဗျာလေးကို လာဖတ်တရ် သူငယ်ချင်း
ကာရန်တွေ သစ်နေတာပဲ..ကောင်းတရ်

ခင်မင်ခြင်းနှင့်
တလနွန်

မိုးခါး said...

တမျိုးပဲ .. မိုက်တယ် ..း))

ကြယ်ဖြူစင် said...

ကဗျာလေးကိုခံစားသွားပါတယ်မောင်လေး.i hate u ကိုတောင်ချစ်တတ်နေပြီတဲ့...:)

ကောင်းကင်ပြာ said...

အမ ကတော့ ပေါက်ဆီ စားချင်သွားတယ်၊ :P နောက်တာ၊ ကဗျာလေးကောင်း၏ ကိုယ်ဆို မရေးတတ်

Anonymous said...

ကောင်းတယ်သယ်ရင်းရေ လန်းတယ်ကွာ
အဆင်ပြေတယ်ဟုတ်

ဇော် said...

အားပါး။ တယ်ဆိုတဲ့စာပါလားနော်။ သူလုပ်တာနဲ့ဒီက ဆိုးဆေးတောင် ရှောင်ရမလိုဖြစ်နေပြီ။ အဟိ။

Anonymous said...

ပေါက်စီကဘာလဲဟင်????????????
မသိလို့ ပါရှင့်

ကြယ်ပြာ said...

စချင်စိတ်ကပေါ်လာပြီ. .. ပေါက်စီရဲ့ရင်ခုန်သံက နှလုံးခုန်သံအတိုင်းမြည်တာလားဟင် ... :P

မိုးစက်အိမ် said...

ပေါက်ပီ က မန်းမြို.တော်ပါ...ဟီးးးးးးး
ပေါက်စီ ရင်ခုန်သံက နှလုံးခုန်သံနဲ.
ဆင်သလိုဘဲ အဟက် အဟက်...:P

mgnge said...

နှုတ်ခမ်းတွေစူ...
ပန်းတွေ ထူတဲ.လမ်းမှာ
ကြာတော.လဲ...
" I Hate U " တောင်
ချစ်တတ်နေပြီ .....။.....။
ဒီအပိုဒ်နဲ့ တင်လေးစားသွားပြီ

Anonymous said...

ဘယ်လိုတွေးပြီးများ ရေးလိုက်တာလဲ .." နှုတ်ခမ်းတွေစူ...
ပန်းတွေ ထူတဲ.လမ်းမှာ
ကြာတော.လဲ...
" I Hate U " တောင်
ချစ်တတ်နေပြီ .....။ မိလိုက်တဲ့ ကာရံ ...