" ပြဇာတ်မဟုတ်သော ပြဇာတ် "

|




အချစ်အသီးတစ်လုံးရဲ.
ချိုမိန်ခြင်း Law ကို
ချမှတ်ခဲ.တာ ငါမဟုတ်တာတော.
သေချာတယ်.....

ငါငယ်ငယ်က...
" အာဒံ နဲ. ဧ၀ " ရဲ. ပန်းသီးတစ်လုံး
ဆွဲအားကို အားကျမိခဲ.တာတော.
အမှန်ဘဲ.....

ဒါပေမဲ. ...
" သိကြား နဲ. အသူရာ " ရဲ.
အမုန်းမြို.တော် ကိုတော.
ငါသွားမလည်ချင်ဘူး.....

တကယ်ဆိုရင်...
" ရိုမိယို နဲ. ဂျူးလီးယက် " က
ရှိတ်စပီးယားကြောင်.
အသက်ဝင်ခဲ.ရတာပါ.....

ငါသာဆိုရင်တော. ...
ငါရဲ.အာရုံခံနှလုံးသားကို
" ဇာတ်ညွှန်း "ဆွဲ...
" အပြင်းစားခံစားမှု ရိုက်ချက် "တွေနဲ.
မင်းရဲ.စိတ်ဝိညာဉ်ကို အသက်သွင်းလို.
" မော်ဒန် အချစ်များ "နဲ.
ငါကိုယ်တိုင် ဒီပြဇာတ်ကို
ဝင်ကမိမှာ သေချာလေရဲ.။.....။

6 comments:

ကောင်းကင်ပြာ said...

ကသင့်ပါတယ် ကသင့်ပါတယ်၊ ကပါ အားပေးမယ်

သူကြီးမင်း (တုံးဖလား) said...

ကဗျာလေးကို အရမ်းကြိုက်တယ်။ တိုတုတ်ပေမဲ့ စုံလင်နေအောင် ရေးဖွဲ့ထားတာ ချီးကျူးပါတယ်။
ဒီလို ကဗျာမျိုးတွေ များများပေါ်ပေါက်သင့်တယ်။
ဂုဏ်ယူပါတယ်။

ကြယ်ဖြူစင် said...

ဖွဲ့သမျှကဗျာတိုင်းကောင်းနေတော့တာဘဲမောင် လေးရေ..အမြဲအားပေးလျှက်ပါ..
မကြီး

တလနွန် said...

ကဗျာလေး ကောင်းတရ် ..

Anonymous said...

လန်းတယ်ကွာ သယ်ရင်း ကောင်းတယ် အားပေးလျက် အဆင်ပြေတယ်ဟုတ်

မိုးခါး said...

ဒါရိုက်တာ မင်းသားပေါ့ ..း)
ပျော်ရွှင်ပါစေ